ကယားတွင် မတ်လအတွင်း ပြည်တော်ပြန် ၄၇ဝ ကျော် ရှိ

ကယားတွင် မတ်လအတွင်း ပြည်တော်ပြန် ၄၇ဝ ကျော် ရှိ
ဓါတ်ပုံ – ဆြာချစ်
ဓါတ်ပုံ – ဆြာချစ်

အကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့ ရောက်ရှိနေပြီး ယခု မတ်လအတွင်း ကယား (ကရင်နီ) ပြည်နယ်သို့ ပြန်လည် ရောက်ရှိလာသူ ဦးရေ ၄၇၄ ဦးရှိကြောင်း ကယားပြည်နယ် အစိုးရက မတ်လ ၂၅ ရက်တွင် ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရှိရသည်။

လက်တလောတွင် COVID 19 ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများကို ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့ အရှိန်အဟုန်မြှင့် ဖော်ဆောင်လျက်ရှိရာ နယ်စပ်ဝင်ပေါက်ပေါင်းစုံကတဆင့် ပြည်ပမှ ပြည်နယ်သို့ ပြန်လည် ရောက်ရှိလာသူများကို မတ်လ ၁ ရက်နေ့မှ မတ်လ ၂၄ ရက်နေ့အထိ ကောက်ခံထားခြင်း ဖြစ်သည်။

ယင်း ၄၇၄ ဦးထဲတွင် ထိုင်းနိုင်ငံမှ ပြန်ရောက်လာသူ အများဆုံး ဖြစ်ပြီး ၄၂၈ ဦးရှိကာ စင်္ကာပူ၊ တရုတ်၊ မလေးရှား၊ အင်္ဂလန်၊ အမေရိကန်၊ အိန္ဒိယ စသည့်နိုင်ငံများမှ ပြန်လည် ရောက်ရှိလာသူများ ပါဝင်သည်။

ကယားပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှလည်း ယင်း (၄၇၄) ဦးကို လိုအပ်သည့် စစ်ဆေး ဆောင်ရွက်မှုများကို အမြန်ဆုံး လုပ်ဆောင်နိုင်ရန် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများဖြင့် ပူးပေါင်းပြီး အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မတ်လအတွင်း ပြည်ပမှ ပြန်လာသူများအနေဖြင့် ပြည်နယ်အစိုးရ ထုတ်ပြန်သော စာရင်းတွင် မပါဝင်သေးပါက သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဆက်သွယ်ပေးကြပါရန်နှင့် သတင်းပို့ ဆောင်ရွက်နိုင်ရေးအတွက် အများပြည်သူများမှ ပူးပေါင်း ပါဝင်ပေးကြပါရန် အသိပေးနှိုးဆော်ထားသည်။

 

May 9, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ မနေ့က မေ ၇ ရက်ကစလို့ စက်သုံးဆီ...
ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ်
May 8, 2026
မေလ ၆ရက်နေ့မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF)ရဲ့ တပ်တည်ထောင်ခြင်း (...
May 7, 2026
ဧပြီလအကုန် မေလအစမှာ ဓာတ်ဆီဈေးတွေ အနည်းငယ် ပြန်လည်ကျလာတာကြာင့် ကရင်နီပြည်၊...
May 5, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်တချို့ဟာ ဆေးဝါးမလုံလောက်မှု၊...