ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက် ပြည်သူ တချို့ အကြံပေးချက်

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက် ပြည်သူ တချို့ အကြံပေးချက်

ငြိမ်းချမ်းရေး ရေရှည် တည်တံ့ခိုင်မြဲဖို့အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပြည်သူတစ်ဦးအနေနဲ့ ဘယ်လိုမျိုး အကြံပေးချင်လဲ၊ ဘာတွေ ထည့်သွင်း ဆွေးနွေးချင်လဲ ဆိုတာနဲ့ ပတ်သက်လို့ ဖားဆောင်းမြို့နယ် မော်ချီးဒေသ ကျေးရွာတချို့မှာ ကန္တာရဝတီတိုင်း(မ်)က မေးမြန်းထားပါတယ်။

ဦးစောနေသာ (ရပ်ကွက် အတွင်းရေးမှူး၊ ယိုကော်ခိုရပ်ကွက် )

တစ်ဖွဲ့နဲ့ တစ်ဖွဲ့က ပြန်လည် သင့်မြတ်ပြီးတော့ ညှိန်ှိုင်းပြီးမှသာလျှင် ငြိမ်းချမ်းရေးရဲ့ အနှစ်သာရကို သိရမှာ။ အဲဒီလို ပြောချင်တာ။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ဒီအတိုင်းပဲ ချောင်းမြောင်း နေထိုင်မယ်ဆိုရင် ငြိမ်းချမ်းရေးဟာ တည်မြဲခြင်း မရှိဘူး။ ဒီထက် ပို ဆိုး ဆိုးလာမယ်လို့ ထင်တာပဲ။ သဘောထား တိုက်ဆိုင်မှသာလျှင် ငြိမ်းချမ်းရေး တည်မြဲမယ်။

 

ကိုဇော်ဦး

 

စိုးရိမ်စိတ်က ဘယ်လိုရှိလဲဆိုတော့ အစိုးရက ကောင်းပါတယ်။ တက်လာတဲ့ သူတွေက မကောင်းတာပါ။ ဘာတွေ ဆွေးနွေးခိုင်းစေချင်လဲ ဆိုရင်တော့ ကျွန်တော်တို့ အနာဂတ်ရဲ့ ကလေးတွေကို ကြည့်ပါလို့။ ကျွန်တော်တို့ရဲ့ တစ်သက်တာကို မကြည့်ပါနဲ့။

ဒေါ်လွမ်းပို

ကလေးတွေရဲ့ ပညာရေးတွေကို နာသုံးနာနဲ့ ဖေးမကူညီပေးတဲ့ ပရဟိတ၊ ပွင့်ပွင့်လင်းလင်း ဆက်သွယ်ပြီးတော့မှ သားသမီးတွေရဲ့ ပညာရေး တိုးတက်ခွင့် ရတာလည်းအခွင့်အရေး တစ်မျိုးပဲပေါ့နော်။ လူရယ်လို့ ဖြစ်လာပြီ ဆိုလို့ရှိရင် ရှိသင့်ရှိထိုက်တဲ့ လွတ်လပ်ပိုင်ခွင့်လို့ အားလုံးကို ခြုံပြီးတော့ ပြောမယ်ဆိုရင်တော့ ကလေးတွေနဲ့ အမျိုးသမီးတွေအတွက် ပိုပြီးတော့မှ အခွင့်အရေး ရစေချင်တာပေါ့နော်။

ဒေါ်နော်စတာ (ကျေးရွာအတွင်းရေးမှူး – ညောင်သာရွာကျေးရွာ)

အခု ပေါ် ပေါ်နေတဲ့ မုဒိမ်းမှုတို့၊ အိမ်တွင်းရေး မငြိမ်းချမ်းတာတို့ အဓိကထားပြီး ဖော်ပြစေချင်တယ်။

မငယ်ငယ် (ညောင်သာယာရွာ)

ဘာပဲဖြစ်ဖြစ်၊ လုပ်ငန်းကိုင်ငန်းပဲဖြစ်ဖြစ်၊ နောက်ပြီးမှ အိမ်တွင်းရေးပြဿနာပဲဖြစ်ဖြစ်၊ အစစအရာရာ ကိုယ်က တင်ပြလို့ ရတယ်၊ ကိုယ့်ဘက်ကြည့်မယ်၊ လိုက်နာမယ် ဆိုလို့ရှိရင်၊ လူကြီးသူမများ ရှိမယ် ဆိုရင်တော့ တင်ပြချင်တယ်။

Most read this week

September 4, 2026
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့်...
September 3, 2026
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇...
လွိုင်ကော်မြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် လာရောက်လျှောက်ထားသူများကို ၂၀၂၂ ခုနှစ်က တွေ့ရစဉ် / ပုံဟောင်း
September 3, 2026
စစ်အုပ်စုတပ် ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် နိုင်ငံကူးလက်မှတ် (Passport)...
September 2, 2026
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလတွင် ဖွဲ့စည်းခဲ့သည့် ကရင်နီအမျိုးသား...