ပြည်နယ်အစိုးရအနေနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်ပါ အချက်တွေကို လေးစားအကောင်အထည်ဖော်ဖို့ လိုကြောင်း KNPP တိုက်တွန်း

ပြည်နယ်အစိုးရအနေနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်ပါ အချက်တွေကို လေးစားအကောင်အထည်ဖော်ဖို့ လိုကြောင်း KNPP တိုက်တွန်း

မော်ဦးမြာ — ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးစဉ် နှစ်ဖက် သဘောတူညီထားတဲ့ အချက်တွေကို လေးစားလိုက်နာပြီး အကောင်အထည်ဖော်သွားဖို့ လိုအပ်တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က  ဆိုပါတယ်။

KNPP အနေနဲ့ မတ်လ ၃ ရက်နေ့ ပြည်နယ်အစိုးရနဲ့ တွေ့ဆုံမှုအပြီးမှာ ကန္တာရဝတီတိုင်း(မ်)ကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ ကျွန်တော်တို့ တင်ပြ ဆွေးနွေးတာကတော့ သဘောတူညီထားတဲ့၊ စပြီးတော့ အပစ်အခတ် ရပ်စဲရေး လုပ်တုန်းက ပြည်နယ်အဆင့်မှာသော်လည်းကောင်း၊ ပြည်ထောင်စုအဆင့်မှာသော်လည်းကောင်း ကျတော်တို့ သဘောတူညီထားတဲ့ အချက်အလက်အပေါ်မှာ ပြည်နယ်အစိုးရကနေပြီးတော့ လေးစားလိုက်နာပေးဖို့ အကောင်အထည်ဖော်ပေးဖို့ဆိုတဲ့ အချက်အလက်ကို ကျွန်တော်တို့ တင်ပြတယ်။ အဲဒါနဲ့ ဆက်စပ်ပြီးတော့မှ အခု ဖြစ်ပျက်နေတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ နောက် ဒီ သွားလာလှုပ်ရှားမှုတွေပေါ့လေ၊ ကျွန်တော်တို့ သဘောတူညီမှုတွေနဲ့ ကွာဟချက် ဖြစ်နေတယ်ပေါ့လေ၊ ဆိုတော့ အဲဒီအပေါ်မှာ လေးစားလိုက်နာပြီးတော့မှ အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့၊ အဲဒါမှသာလျှင် ကျွန်တော်တို့ အခု ရည်မှန်းထားတဲ့ အပစ်အခတ်ရပ်စဲရေးကို ခိုင်မြဲစေမယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်ကိုလည်း အရွေ့တစ်ခု ဖြစ်သွားနိုင်တယ်ပေါ့လေ” လို့ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးခဲ့သူ KNPP အဖွဲ့ ခေါင်းဆောင် ခူးထဲဘူးက ပြောပါတယ်။

တွေ့ဆုံမှုမှာ ပြည်နယ်အစိုးရဖက်မှ တာဝန်ရှိ ဝန်ကြီးချုပ်၊ ဝန်ကြီးများ တက်ရောက်လာခြင်း မရှိဘဲ အတွင်းရေးမှူးများသာ တက်ရာက်လာတဲ့အတွက် အားရကျေနပ်မှု မရှိဘူးလို့ KNPP ဘက်မှ ဦးဆောင်ဆွေးနွေးတဲ့ အဖွဲ့ခေါင်းဆောင် ခူးထဲဘူးက ပြောပါတယ်။

“အဓိကကတော့ သဘောတူညီချက်တွေကို လေးစားလိုက်နာပေးပြီးတော့မှ အကောင်အထည်ဖော်ပေး။ အဲဒါမှ အကောင်အထည်ဖော်ပေးမယ်ဆိုရင် ယုံကြည်မှုတစ်ဆင့်ကို ကျွန်တော်တို့ သွားနိုင်မှာကိုး၊ ဆိုတော့ ယုံကြည်စိတ်ချရပြီဆိုရင် ကျွန်တော်တို့ အရွေ့ကို တစ်ဆင့်တစ်ဆင့် သွားနိုင်မယ်လို့ ပြန်ပြီးတော့ ညှိနှိုင်းကြတာပေါ့လေ” လို့ ခူးထဲဘူးက ပြောပါတယ်။

တွေ့ဆုံဆွေးနွေးမှုမှာ ပြည်နယ်အစိုးရဖက်က အတွင်းရေးမှူးနှင့် အစိုးရအဖွဲ့ဝင် ၁၃ ဦး၊ KNPP ဖက်က အဖွဲ့ခေါင်းဆောင် ခူးထဲဘူးနှင့် အဖွဲ့ဝင် ၄ ဦး၊ အကျိုးဆောင် တစ်ဦးတို့ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

မတ်လ ၃ ရက်နေ့မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိပုဂ္ဂိုလ်များ လစဉ် တွေ့ဆုံမှုကို ၂၀၂၀ ပြည့်နှစ်အတွင်းမှာ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Most read this week

September 4, 2026
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့်...
September 3, 2026
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇...
လွိုင်ကော်မြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် လာရောက်လျှောက်ထားသူများကို ၂၀၂၂ ခုနှစ်က တွေ့ရစဉ် / ပုံဟောင်း
September 3, 2026
စစ်အုပ်စုတပ် ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် နိုင်ငံကူးလက်မှတ် (Passport)...
September 2, 2026
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလတွင် ဖွဲ့စည်းခဲ့သည့် ကရင်နီအမျိုးသား...