သက်ငယ်မုဒိမ်းမှုတွေမှာ တရားစီရင်ရေး ကြန့်ကြာနေတာ မဖြစ်သင့်ဟု ဆို

သက်ငယ်မုဒိမ်းမှုတွေမှာ တရားစီရင်ရေး ကြန့်ကြာနေတာ မဖြစ်သင့်ဟု ဆို

ဖရူဆိုမြို့နယ်မှာ သက်ငယ်မုဒိမ်းမှုကနေ သက်ပြည့် မုဒိမ်းမှု ပြန်ဖြစ်သွားတဲ့ ကိစ္စရပ်တွေ ရှိနေတာကြောင့် သက်ငယ်မုဒိမ်းမှုတွေ တရားစီရင်ရေးမှာ ကြန့်ကြာနေတာ မဖြစ်သင့်ဘူးလို့ ဖရူဆိုမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ပြောပါတယ်။

“တရားခံကတော့ ဒါ ဘယ်က လူမှန်းမသိဘူးပေါ့နော်၊ ဆိုတော့ တစ်ဘက်က ငွေရေးကြေးရေးနဲ့ အာဏာပိုင်တွေကို လာဘ်ထိုးပြီးတော့မှ ဒီအမှုသည် ငယ်သွားအောင် ဆိုတဲ့ ပုံစံမျိုးပေါ့နော်။ အဲလို လုပ်သွားရင် ဒါ ကျွန်တော်တို့ ဒေသခံအမျိုးသမီးတွေအတွက် အရမ်း နစ်နာတယ်ပေါ့နော်”လို့ ဦးသဲရယ်က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ရက်က ကျင်းပခဲ့တဲ့ ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ မေးမြန်းခဲ့ပေမယ့်လည်း တိကျတဲ့ အဖြေမရခဲ့ဘူးလို့ ဆိုပါတယ်။ လက်ရှိ ဖရူဆိုမြို့နယ်အတွင်းမှာ သက်ငယ်မုဒိမ်းမှုနဲ့ပတ်သက်လို့ လွိုင်ကော်ခရိုင် တရားရုံးမှာ စစ်ဆေးနေဆဲ အမှုရှိနေပြီး တရားခံ အမှုမှန်ပေါ်ပေါက်နိုင်ရေး အစိုးရမှ မည်ကဲ့သို့ ဆောင်ရွက်ထားလဲဆိုတာ သိရှိလိုကြောင်း မေးမြန်းခဲ့တာ ဖြစ်ပါတယ်လို့ဆိုပါတယ်။

ဦးသဲရယ်က “ ဒီမုဒိမ်းမှုနဲ့ပတ်သတ်တာကတော့ ကျွန်တော်တို့ ဖရူဆိုမှာ ပြောရမယ်ဆိုလို့ရှိရင် ၃ခုပေါ့ ၊ သက်ငယ်က ၂ခုမြောက်တယ်။ တစ်ခုကျတော့ သက်ပြည့် ဖြစ်သွားတာပေါ့နော်၊ ဆိုတော့ အဲလို ဘာကြောင့် ကျွန်တော် မေးရတာလဲဆိုလို့ရှိရင် ကျွန်တော်တို့ဆီမှာ ဖြစ်နေတဲ့ မုဒိမ်းမှုက ဒါ ရှင်းရှင်းပြောရရင် သက်ပြည့်သွားတဲ့ အမှုတစ်မှုပေါ့နော်။ ပထမတုန်းကတော့ သက်ငယ်မုဒိမ်းမှု ဖြစ်တာပေါ့။ ကြာလာတဲ့အခါကျတော့ သက်ပြည့် ဖြစ်သွားတယ်” လို့ပြောပါတယ်။

တရားစီရင်ရေးနဲ့ နှောင့်နှေးနေတာနဲ့ပတ်သက်ပြီးတော့ ဖက်ဒရယ် Training Team စီနီယာ Trainner ဆရာခိုင်ကျော်မိုးက “ကျွန်တော် မြင်တာကတော့လေ၊ ဒီမဏ္ဍိုင်တွေ အကုန်လုံးပေါ့။ လောလောဆယ်တော့ ဖက်ဒရယ်တွေ ဘာတွေတော့ မရောက်သေးဘူးပေါ့။ ဒါပေမဲ့ ဒီမို ဂမိုဂရေစီ တံခါးပွင့်လာတဲ့ အချိန်မှာ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရအုပ်ချုပ်ရေးမဏ္ဍိုင်တွေ၊ တရားစီရင်ရေးမဏ္ဍိုင်တွေ အကုန်လုံးက တစ်ခု အားမကောင်းရင်တစ်ခုလည်း ကျတာပဲ၊ ဆိုတော့ တစ်ခုနဲ့တစ်ခု အပြန်အလှန် မှီနေတယ်။ ဒါက ဒီ Institution တွေအကုန်လုံးက တစ်ပြိုင်တည်း အပြန်အလှန် မှီခိုပြီးတော့ အားကောင်းအောင် လုပ်ဖို့ လိုတယ်။ ကျန်တဲ့ ဆိုလိုချင်တာက ကျန်တဲ့ မဏ္ဍိုင်တွေက အားနည်းရင် တရားစီရင်ရေးမဏ္ဍိုင်လည်း အားနည်းမှာပဲ” လို့ ရှင်းပြပါတယ်။

သက်ငယ်မုဒိမ်းမှုကနေ သက်ပြည့်မုဒိမ်းမှု ဖြစ်သွားတဲ့အတွက် တရားခံတွေဘက်ကို ပြစ်ဒဏ်လျော့ပေါ့တဲ့ ပုံစံမျိုးနဲ့ လုပ်သွားတဲ့ အနေအထားမျိုးတွေ တွေ့နေရတယ်လို့ ဦးသဲရယ်က ပြောပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ ရိုက်နှက်ခြင်းခံရတဲ့ စစ်ရှောင်အမျိုးသားတဦးကို တွေ့ရစဉ်
May 11, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တနေရာကို ဦးတည်စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ မေလ ၈ ရက်နေ့ ၂...
May 9, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ မနေ့က မေ ၇ ရက်ကစလို့ စက်သုံးဆီ...
ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ်
May 8, 2026
မေလ ၆ရက်နေ့မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF)ရဲ့ တပ်တည်ထောင်ခြင်း (...
May 7, 2026
ဧပြီလအကုန် မေလအစမှာ ဓာတ်ဆီဈေးတွေ အနည်းငယ် ပြန်လည်ကျလာတာကြာင့် ကရင်နီပြည်၊...