ကယားပြည်နယ်တွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှု ယခင်အစိုးရထက် ပိုမိုဆိုးဝါးလာ ဟုဆို

ကယားပြည်နယ်တွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှု ယခင်အစိုးရထက် ပိုမိုဆိုးဝါးလာ ဟုဆို

ကယား(ကရင်နီ) ပြည်နယ်တွင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ယခင်အစိုးရလက်ထက်ထက် ပိုဆိုးဝါးလာကြောင်း ကရင်နီအမျိုးသမီး အစည်းအရုံး ( KNWO ) မှ အတွင်းရေးမှူး – ၂ မော်ဖရေးမြာက ပြောသည်။

“ အာဏာပိုင်တွေကနေကျူးလွန်တဲ့ အမှုတွေဆိုရင် တရားဥပဒေ လမ်းကြောင်းသွားပေမဲ့လည်း တရားမျှတမှု လုပ်ယူတဲ့နေရာမှာ အရမ်းခက်ခဲတာမျိုးတွေ၊ နောက်ပြီးတော့ အခုဆိုရင် ငွေများတရားနိုင်ဆိုတဲ့ခေတ်ရှိနေသေးတယ်။ ပြောရမယ်ဆိုရင် လူ့အခွင့်အရေးနဲ့ပတ်သက်ပြီးတော့ ကျမတို့ ကယားပြည်နယ်မှာ အခုထိချိုးဖောက်မှုတွေရှိနေသေးတယ် ” လို့ မော်ဖရေးမြာက ပြောပါတယ်။

၂၀၁၀ရွေးကောက်ပွဲအပြီးတက်လာတဲ့အစိုးရလက်ထက်မှာ တောင်သူတွေကို တရားစွဲထောင်ချတာတွေ လူငယ်တွေ ထောင်ချတာတွေ မရှိခဲ့ဘဲ ယခု ၂၀၁၅ ရွေးကောက်ပွဲအပြီးတက်လာတဲ့ အစိုးရလက်ထက်မှာ အခုလို တွေ့နေရတာတွေက လူ့အခွင့်အရေးကို ပိုချိုးဖောက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အမျိုးသမီးအဖွဲ့အစည်းတွေ အရပ်ဖက်အဖွဲ့အစည်းတွေမှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲတွေ စကားဝိုင်းတွေကို အာဏာပိုင်တွေက လိုက်လံပိတ်ပင်တားဆီးနေတာကလည်း အခွင့်အရေးချိုးဖောက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေ စုရုံးခွင့်တွေစတဲ့ အခွင့်အရေးတွေကို အာဏာရှိတဲ့ အစုအဖွဲ့တွေက အများဆုံး ချိုးဖောက်နေတာဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ ဦးဗညားက ပြောပါတယ်။

“အာဏာပိုင်တွေ အာဏာရှိသော အစုအဖွဲ့တွေက ကျတော်တို့အပေါ်မှာ အများဆုံး ချိုးဖောက်တယ်။ တချိန်တည်းမှာပဲ အစိုးရက ခုနက ပြောသလို protection လို့ ခေါ်တဲ့ အစိုးရရဲ့ အကာအကွယ်ပေးမှုတွေက လုံးဝအားနည်းတယ်။ ရေငုံ နုတ်ပိတ်နေတဲ့ဟာက လူ့အခွင့်အရေးဆိုတဲ့ စကားလုံးအောက်မှာ နုတ်ပိတ် ရေငုံနေတဲ့ အာဏာပိုင်တွေဟာ အခွင့်အရေးတွေကို ချိုးဖောက်ရာ အားပေးအားမြောက်ရာ ရောက်တယ်။” လို့ ဦးဗညားက ပြောပါတယ်။

ကယားပြည်နယ်အတွင်း တောင်သူ ၄၁ ဦး တရားစွဲဆိုခံရပြီး ၁၂ ဦးမှာ အာမခံမရပဲ အချုပ်ကျခံနေရတဲ့ ဖြစ်ရပ်က အခြေခံ အခွင့်အရေးလွန်စွာ ချိုးဖောက်ခံနေရတာလို့ အရပ်ဖက်အဖွဲ့အစည်းတွေက ဝေဖန်သုံးသပ်ပြောဆိုထားကြပါတယ်။

Most read this week

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...
September 7, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း အာဏာသိမ်း စစ်အုပ်စုတပ်က ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြု၍...
September 4, 2026
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့်...
September 3, 2026
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇...