ကျန်းမာရေး ဒုက္ခသည်များအရေး သတင်း ကရင်နီဒုက္ခသည်စခန်းတွင် ကလေးငယ်များ အသက်ရှုလမ်းကြောင်းရောဂါ ကူးစက်ခံနေရ

ကျန်းမာရေး ဒုက္ခသည်များအရေး သတင်း ကရင်နီဒုက္ခသည်စခန်းတွင် ကလေးငယ်များ အသက်ရှုလမ်းကြောင်းရောဂါ ကူးစက်ခံနေရ
by -
ဖရဲ့ရယ်

ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းမှ လက်ရှိအဖြစ်များဆုံး ရောဂါသည် အသက်ရှူလမ်းကြောင်းရောဂါဖြစ်ပြီး အများအားဖြင့် ၁၀ နှစ်အောက်ကလေးငယ်များ ကူးစက်ခံနေရတာဖြစ်သည်ဟု စခန်းရှိ ကရင်နီကျန်းမာရေးဌာနမှ သိရသည်။

“ဘာဖြစ်လို့ အဲဒီရောဂါဟာ ပိုဖြစ်ပွားများသလဲဆိုတော့ ကျနော်တို့ နေထိုင်တဲ့နေရာက တအားကျဉ်းတယ် တစ်ဦးနဲ့ တစ်ဦး ကူးစက်မူက တအားလွယ်ကူတယ်” ဟု ကရင်နီကျန်းမာရေးဌာန ဒု-ညွန်ကြားရေးမှူး ဆရာဟင်နာရီက ပြောသည်။

ရာသီဥတုပြောင်းလဲမူကြောင့် အသက်ရှူလမ်းကြောင်းရောဂါသည် နှစ်စဉ် ဖြစ်ပွားနေလျက်ရှိသည်ဟု သိရသည်။ သို့သော် ယခုနှစ် အသက်ရှူလမ်းကြောင်း ကူးစက်ခံနေရသည့် လူနာသည် ယခင်နှစ်များထက်များလာသည်ဟု သိရသည်။

ကရင်နီဒုက္ခသည်စခန်းတွင်းတွင် ဆေးခန်းလာပြနေကြသည့် ကလေးငယ်များနှင့် မိခင်များ မြင်တွေ့ရစဉ် (ဓါတ်ပုံ – ဖရဲ့ရယ်)

“တစ်နေ့တစ်နေ့ ဆေးခန်းမှာ အသက်ရှူလမ်းကြောင်းရောဂါနဲ့ လာရောက်ကုသတဲ့ လူနာဟာ အနည်းဆုံး ၄၀ ယောက်ရှိတယ်” ဟု ပင်မဆေးခန်း ကြီးကြပ်ရေးမှူး ဆရာမမယ်မိုက ပြောသည်။

တစ်ကိုယ်ရေ သန့်ရှင်းရေးများ အထူးလိုအပ်ကြောင်း၊ ကလေးငယ်များ အမြဲဝတ်နေသည့် အဝတ်အစားများကိုလည်း သန့်ရှင်းစာ လျှော်ဖွတ်ပေးရန် လိုအပ်ကြောင်း၊ အာဟာရရှိသော အစားအစာများကို စားပေးရန်နှင့် မိဘများက ဂရုစိုက် စောင့်ကြည့်မူ လိုအပ်ကြောင်း ပြောသွားပါသည်။

အသက်ရှူလမ်းကြောင်းရောဂါ ကူးစက်ခံနေရသော လူနာတစ်ဦးသည် နှာစီးချောင်းဆိုး၊ ကိုယ်ပူ မြင့်တက်နိုင်ပြီး ခန္စာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲမူတွေ ဖြစ်စေသည်။

“အသက်ရှူလမ်းကြောင်းရောဂါဟာ အလွန်ဆိုးရွားစွား ဖြစ်ပွားနိုင်တဲ့ရောဂါ မဟုတ်တဲ့အတွက် တအား စိုးရိမ်စရာ မလိုဘူး။ ကူးစက်မူမခံရအောင် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဖို့လည်း လိုအပ်တယ်။ ကူးစက်ခံနေရတဲ့လူနာတွေလည်း ကိုယ့်ကိုယ်ကို သေချာဂရုစိုက်ဖို့ လိုအပ်တယ်” ဆရာဟင်နာရီက ဆက်ပြောသည်။

၎င်းရောဂါကူးစက်မှုများပြားလာသည့်အတွက် စခန်းတွင်းရှိ ကျောင်းများကိုပင် ပိတ်ထားရသည်ဟုသိရသည်။

စခန်းထဲတွင် လက်ရှိ အသက်ရှူလမ်းကြောင်းရောဂါ ကူးစက်ခံနေရသော လူနာဦးရေ စုစုပေါင်း ၈၀၀ ကျော် ရှိပြီး သေဆုံးသူမရှိကြောင်း သိရသည်။

Most read this week

September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...
September 7, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း အာဏာသိမ်း စစ်အုပ်စုတပ်က ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြု၍...
September 4, 2026
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့်...