မြန်မာနိုင်ငံသား ၂ဦးကို ထိုင်းရဲ မှ ဖမ်းဝရမ်းထုတ်

မြန်မာနိုင်ငံသား ၂ဦးကို ထိုင်းရဲ မှ ဖမ်းဝရမ်းထုတ်
Photo by Chiang Mai News
Photo by Chiang Mai News

ထိုင်းနိုင်ငံသို့ ၇ ရက်သက်တမ်းအလည်အပတ်ဝင်ခွင့်ကတ်ဖြင့်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၂ ဦးအား ထိုင်းရဲတပ်ဖွဲ့  ဖမ်းဝရမ်းထုတ် ထားကြောင်း သတင်းရရှိသည်။

ဖမ်းဝရမ်း ထုတ်ပြန်ခံရသူများမှာ အသက် ၂၆ နှစ် အရွယ်  မဦးသန်းခင် နှင့် အသက် ၂၈ နှစ် အရွယ် မောင်မောင်စိုး တို့ ဖြစ်ပြီး မြန်မာအစိုးရဘက်မှ  ကူညီဖမ်းဆီးပေးရန် တောင်းဆို ချက်အရ ဖမ်း၀ရမ်းထုတ်ရခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များပြောသည်ဟု ထိုင်းနိုင်ငံချင်းမိုင်နယူးစ်သတင်းဌာနက သတင်းရေးသားဖော်ပြထားသည်။

စက်တင်ဘာ ၁၀ ရက်နေ့က မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် မြို့သစ် (၅)ရပ်ကွက်ရှိ နေအိမ်တွင် လက်နက်ခဲယမ်းများနှင့်လူ ၄ ဦးကို ဖမ်းဆီးရမိပြီး ၎င်းတို့အနက် ၂ ဦးမှာထွက်ပြေးလွှတ်မြောက်ခဲ့သည် ။

၎င်းတို့သည် ရခိုင့်တပ်မတော် AA  အဖွဲ့ဝင်များဖြစ်သည်ဟုယူဆရကြောင်းမြန်မာနိုင်ငံဘက်မှ ပြောဆိုသဖြင့် သံသယရှိသူ   မဦးသန်းခင်နှင့် မောင်စိုးတို့ အား  ထိုင်းအာဏာပိုင်များကဖမ်း၀ရမ်းထုတ်လိုက်ခြင်းဖြစ်ကြောင်း  ထိုင်းသတင်းတွင်ဖော်ပြထားသည်။

ဖမ်းဝရမ်းထုတ်ခံရ သူ ၂ ဦးသည် မြန်မာ-ထိုင်းနယ်စပ် မယ်ဆိုင် နယ်စပ် တံတားမှ စက် တင်ဘာ ၈ ရက်နေ့က (၇  ရက်သက်တမ်းရှိ) တရားဝင် ယာယီ နိုင်ငံကူးလက်မှတ် ဖြင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်ခဲ့ကြသည်ကို ထိုင်းနိုင်ငံနယ်စပ် စီစီတီဗွီ မှတ်တမ်းအရ တွေ့ရပြီး ၄င်တို့သည် ယနေ့တိုင်ထိုင်းနိုင်ငံမှ  ထွက်ခွါခြင်းမရှိကြသေးကြောင်းလည်း ထိုင်းရဲများကကြေငြာထားသည်။

မဦးသန်းခင်တို့ ၂ ဦးသည် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့အတွင်းဝင်လာစဉ်အဖြူရောင်  ဂျပ်ဖာ ကို  သယ်ဆောင်လာခဲ့ကြကြောင်း လည်း တီဗွီမှတ်တမ်းအရ သိရသည်။

လက်ရှိတွင် ထိုင်း-မြန်မာ နယ်စပ် တလျှောက်ရှိ ဂိတ်များအားလုံး စိစစ်ရန်လည်း ထိုင်းရဲဌာန က ပြောဆိုထားသည်။

စက်တင်ဘာလ ၁၀ ရက်နေ့ က မန္တလေး ချမ်းမြသာစည်မြို့နယ် မြို့သစ် (၅) ရပ်ကွက်တွင် THLIRAYA XT-ITTE. Satellite Phone (အသစ်)  (၄၀) လုံး၊ မှန်ပြောင်း (BAIGISH) Made in Russia ၃ ခု၊ GARMIN (GPS+GLONASS) ၂၅လုံး၊ ယမ်းတုံး ဟု ယူဆရသော အထုတ် (၂၈) ထုပ်၊ ဒီတိုနီတာ ၁၀၀ ထုပ်ပါ(၁၀)ခု၊ ဖယောင်းချောင်း ၃၅ချောင်း၊ စက္ကူဖြူ ၁၅လိပ် ပါ(၃)ထုပ်၊ ယမ်းဖြူ ဟု ယူဆရသော (ဆာလာအိတ် ) ၅ အိတ် နှင့် စက္ကူညို (၁)ထုပ် နှင့် လူ ၄ ဦးတို့ ကို မြန်မာရဲမျာက ရှာဖွေတွေ့ရှိ ဖမ်းဆီးထားသည်ဟုလည်း သိရသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...