မြောက်ဦး လက်ဆည်ကန် ရှေးဟောင်း တံခါးအား ကျပ်သိန်း ၂ဝဝ ခန့်ဖြင့် ပြန်လည်ပြုပြင်

မြောက်ဦး လက်ဆည်ကန် ရှေးဟောင်း တံခါးအား ကျပ်သိန်း ၂ဝဝ ခန့်ဖြင့် ပြန်လည်ပြုပြင်
by -
မာန်ယုကျော်
ဦးငြိမ်းလွှင်/ ပြီးခဲ့သည့်မိုးတွင်းက လက်ဆည်ကန်တံခါးပေါက် ရေကျော်ခဲ့စဉ်။
ဦးငြိမ်းလွှင်/ ပြီးခဲ့သည့်မိုးတွင်းက လက်ဆည်ကန်တံခါးပေါက် ရေကျော်ခဲ့စဉ်။

မိုးရာသီ၌ကျိုးပေါက်ပျက်စီးခဲ့သည့် ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ လက်ဆည်ကန် ရှေးဟောင်းတံခါးပေါက်အား ကျပ်သိန်း ၂ဝဝ ခန့်ဖြင့်ပြန်လည်ပြုပြင်နေပြီဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မြောက်ဦးဌာနခွဲ)မှ သိရသည်။

အဆိုပါလက်ဆည်အား နိုဝင်ဘာလ ပထမပတ်မှစတင်ကာ ရခိုင်ပြည်နယ်အစိုးရ၏ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရန်ပုံငွေဖြင့် ပြန်လည်ပြုပြင်နေခြင်းဖြစ်သည်။

“ဒီကန်ရဲ့တံခါးပေါက်က နှစ်တိုင်း ရေကျော်တယ်လေ။ ရေကျော်ခြင်းမှ ကာကွယ်နိုင်အောင် အတွက် တံခါးကို အောက်ကနေ ဒေါက်နဲ့ထောက်ထားတဲ့အနေအထားနဲ့ ပြုပြင်နေတာပါ။”ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မြောက်ဦးဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးညိမ်းလွင်က နိရဥ္စရာသို့ ပြောသည်။

အဆိုပါလက်ဆည်ကန်မှာ ယခုနောက်ပိုင်း မိုးရာသီကျရောက်လာလျှင် ရေလျှံကာ ကန်တာဘောင်များ ကျိုးပေါက်ပျက်စီးလာသည့်အတွက် ယခုကဲ့သို့ ပြန်လည်ပြုပြင်နေခြင်းလည်း ဖြစ်သည်။

“မိုးတွင်းက ရေကျော်ပျက်စီးခဲ့တဲ့မြေတွေကို ပြန်ထိန်းလိုက်တာပါ။ အဲလိုမလုပ်ဘူးဆိုရင် ကန်တာဘောင်တွေပျက်စီးပြီး မြို့ကိုတောင် ရေလျှံသွားနိုင်တယ် ”ဟု မြောက်ဦးမြို့ခံ ဦးသန်းမြင့်က ပြောသည်။

ယခုပြုပြင်နေသည့် လက်ဆည်ကန်သည် မြောက်ဦးတစ်မြို့လုံးကို သောက်သုံးရေဖြန့်ဝေပေးနေသည့် ကန်တစ်ခုလည်းဖြစ်ပြီး ရှေးရခိုင်ဘုရင်များခေတ်က တူးဖော်ဆည်ဖို့ခဲ့သည့် ကန်ဖြစ်ကြောင်း သိရသည်။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...