မွန်အမျိုးသားပါတီကိုယ်စားလှယ်လောင်း ၅၅ ဦးဝင်ရောက်ယှဉ်ပြိုင်မည်

မွန်အမျိုးသားပါတီကိုယ်စားလှယ်လောင်း ၅၅ ဦးဝင်ရောက်ယှဉ်ပြိုင်မည်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အင်တာနက်သတင်းစာမျက်နှာ နောက်ဆုံးအတည်ပြုချက် အရ လာမည့် ၂၀၁၅ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် မွန်အမျိုးသားပါတီ (MNP) ကိုယ်စားလှယ်လောင်း ၅၅ ဦးအမည်စာရင်းတင်သွင်းခဲ့ကြောင်း တွေ့ရှိရသည်။

မွန်အမျိုးသားပါတီကိုယ်စားလှယ်လောင်းများအနေဖြင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးတို့တွင် ပြည်သူ့ လွှတ်တော် ၁၃ ဦး၊ အမျိုးသားလွှတ်တော် ၁၄ ဦး၊ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် ၂၈ ဦး အသီးသီးပါဝင်ယှဉ်ပြိုင်မည်ဟု သိရသည်။

မွန်ပြည်နယ် ပြည်သူ့လွှတ်တော် ဆန္ဒနယ်မြေများတွင် ဦးမင်းဇေယျာဦး(မော်လမြိုင်)၊ ဦးအုန်းဖေ (ကျိုက်မရော)၊ ဒေါက်တာစည်သူအောင်(ချောင်းဆုံ)၊ မိချောစုလတ်(သံဖြူဇရပ်)၊ မိကျင်သန်း(ခ) မိလေးမွန် (မုဒုံ)၊ နိုင်စိန်မြမောင်(ရေး)၊ မိကြည်ကြည်မွန်(ပေါင်)၊ ဦးအောင်ကြိုင်(ကျိုက်ထို) တို့ ၈ ဦးပါဝင်သည်။

အမျိုးသားလွှတ်တော် မွန်ပြည်နယ်မဲဆန္ဒနယ်များ၌ အမှတ် ၁ နယ်မြေ(မော်လမြိုင်)တွင် မိနွယ်နွယ် လင်း၊ အမှတ် ၃ နယ်မြေ(ကျိုက်မရော)တွင် မိစန္ဒာနွန်၊ အမှတ် ၄ နယ်မြေ(ချောင်းဆုံ)တွင် ဦးထွန်းထွန်းနိုင်၊ အမှတ် ၅ နယ်မြေ(သံဖြူဇရပ်)တွင် နိုင်ဃောသိုက်(ခ) နိုင်ထောအိန်၊ အမှတ် ၆ နယ်မြေ(မုဒုံ)တွင် နိုင်ဗညာချမ်း၊ အမှတ် ရ နယ်မြေ(ရေး)တွင် နိုင်သီဟ၊ အမှတ် ၈ နယ်မြေ(ရေး)တွင် နိုင်အောင်လဝီမွန်၊ အမှတ် ၁၀ နယ်မြေ(ပေါင်)တွင် နိုင်ထောရွတ်တို့ ၈ ဦးပါဝင်ကြောင်း သိရသည်။

မွန်ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေတွင် ဒေါ်လှလှရီ(မော်လမြိုင်-၁)၊ နိုင်မင်းကျော်(မော်လမြိုင်-၂)၊ ဦးဟရွဲ(ကျိုက်မရော-၁)၊ မိစန်းယုမွန်(ကျိုက်မရော-၂)၊ နိုင်စိုးမြင့်(ချောင်းဆုံ-၁)၊ နိုင်တင်လှိုင်ဦး (ချောင်းဆုံ-၂)၊ ဦးမင်းသီဟ(သံဖြူဇရပ်-၁)၊ နိုင်လယိတမ(သံဖြူဇရပ်-၂)၊ ဦးမောင်ဝမ်း(မုဒုံ-၁)၊ ဒေါက်တာမင်းကြည်ဝင်း(မုဒုံ-၂)၊ ဒေါက်တာမင်းစိုးလင်း(ရေး-၁)၊ ဦးမင်းကံလင်း(ရေး-၂)၊ ဦးမျိုးဝေ(သထုံ-၁)၊ ဒေါက်တာတင်မျိုးလွင်(သထုံ-၂)၊ ဦးမွန်စိန်အောင်(ပေါင်-၁)၊ ဦးဘထောက်(ပေါင်-၂)၊ ဦးစံသိန်း(ကျိုက်ထို-၁)၊ ဦးရင်သောင်း(ကျိုက်ထို-၂) ကိုယ်စားလှယ်လောင်း ၁၈ ဦး ပါဝင်သည်ကို တွေ့ရှိသည်။

ကရင်ပြည်နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေတွင် ဦးသာတင်(ဘားအံ)၊ နိုင်ခင်ဇော်(မြဝတီ)၊ ဦးရာမိုး(ခ) အံဘွား-ရာမည (ကော့ကရိတ်)၊ နိုင်ထွေးရှိန်(ကြာအင်းဆိပ်ကြီး) တို့ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။

ကရင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များ၌ အမှတ် ၁-(ဘားအံ)တွင် နိုင်ထွန်းဖေ၊ အမှတ် ၈ (မြဝတီ) နိုင်ချမ်းသာ၊ အမှတ် ၁၀ (ကော့ကရိတ်) တွင် နိုင်သောင်းရှိန်၊ အမှတ် ၁၂ (ကြာအင်းဆိပ်ကြီး)ဦးအောင်ဆန်း တို့ပါဝင်သည်။

ကရင်ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေတွင် နိုင်ကံထွန်း(ဘားအံ-၁)၊ ဦးဘသိန်း(ဘားအံ-၂)၊ မင်းအောင်နိုင်(မြဝတီ-၁)၊ နိုင်မင်းသိန်းလွင်(မြဝတီ-၂)၊ မင်းပါလေး(ကော့ကရိတ်-၂)၊ နိုင်အောင်မိန် (ကြာအင်းဆိပ်ကြီး-၁)၊ မင်းထွန်းလွင်(ကြာအင်းဆိပ်ကြီး-၂) ကိုယ်စားလှယ်လောင်း ရ ဦးတို့အပြင် မွန်တိုင်းရင်းသားလူမျိုးကိုယ်စားလှယ်လောင်းအဖြစ် နိုင်ချစ်ဦး ပါဝင်ယှဉ်ပြိုင်မည်ဟု သိရသည်။

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ပြည်သူ့လွှတ်တော်၌ ဦးမင်းကျော်ဝင်း ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသည်။

တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေများတွင် အမှတ် ၄ (ရေဖြူ) ဒေါ်မာမာအေး၊ အမှတ် ၁၁ (ကော့သောင်း) ဦးမောင်အေး တို့ဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်မြေများတွင် ဒေါ်ထွေးထွေးလွင်(ရေဖြူ-၂)၊ ဒေါ်ပန်းရီ (ကော့သောင်း-၂) တို့ ကိုယ်စားလှယ် ၂ ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

မွန်အမျိုးသားပါတီသည် ၁၉၉၀ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ MNDF အမည်ဖြင့် မွန်၊ ကရင်၊ ပဲခူး၊ ရန်ကုန်တိုင်း မဲဆန္ဒများ၌ ကိုယ်စားလှယ်လောင်း ၁၉ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ၅ ဦး အနိုင်ရရှိခဲ့သည်။

ထို့နောက် ၁၉၉၂ ခုနှစ်တွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့အား တရားဝင်ပါတီအဖြစ်မှ ဖျက်သိမ်းခံရ ပြီးနောက် ၂၀၁၂ ခုနှစ်တွင် မွန်ဒီမိုကရေစီပါတီ MDP အမည်ဖြင့် ပြန်လည်တည်ထောင်ခွင့်ရရှိခွင့် ရရှိကာ ၂၀၁၄ ခုနှစ်တွင် မွန်အမျိုးသားပါတီ MNP အမည်ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...