အမျိူးသားလွှတ်တော်တွင် ပညာရေးဥပဒေကို ဆွေးနွေးမည် ဖြစ်သဖြင့် အဆင့်မြင့် ပညာရေးဥပဒေအား သီးခြားဥပဒေတစ်ရပ် ပေါ်ပေါက်လာရန် ဆွေးနွေးခဲ့ကြကြောင်း မွန်ပြည်နယ်ကျောင်းသား သမဂ္ဂ ကိုယ်စားလှယ် ကိုတင့်ထူးအောင်က ပြောသည်။
ကိုတင့်ထူးအောင်က “အဆင်မြင့် ပညာရေးဥပဒေကို အစအဆုံး ပြန်ပြီး ညှိနှိုင်းဆွေးနွေးနေကြတာပဲ၊ အခုက အဆင့်မြင့်ပညာရေး ဥပဒေဖြစ်တဲ့အတွက် တိုင်းရင်းသားစာပေအပိုင်းကို ဆွေးနွေးဖြစ်တာ မကြားမိဘူး၊ ကျွန်တော်တို့ တောင်းဆိုထားတဲ့ အချက် ၁၁ ချက်ကို ဒေါ်စု အပြည့်အဝထောက်ခံမယ်လို့ ကျွန်တော်တော့ မထင်ဘူး၊ ကျွန်တော်တို့ တိုင်းရင်းသားစာပေအတွက် ကျွန်တော်တို့ တိုင်းရင်းသား ကျောင်းသားသမဂ္ဂတွေ အနေနဲ့ လွှတ်တော်ကိုကော အဆင့်မြင့်ပညာရေး ကဏ္ဍကိုလုပ်နေတဲ့ သူတွေကိုပါ တွန်းအားတစ်ခု ပေးရမယ်”ဟု ပြောသည်။
တိုင်းရင်းသားမိခင်စာပေသင်ကြားခွင့် ရရှိရေး ပညာရေးဥပဒေ ရေးဆွဲသူများနှင့် လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် လက်ရှိအချိန်တွင် မဖြစ်နိုင်သေးပာု သတ်မှတ်ထားကြကြောင်း ပညာရေးဥပဒေ ကိစ္စလှုပ်ရှားသည့် အသိုင်းအဝိုင်းမှ သိရသည်။
ကိုတင့်ထူးအောင်က “အန်တီစု အနေနဲ့ မော်လမြိုင်လာတုန်းကလည်း တိုင်းရင်းသားစာပေက လက်ရှိအချိန်မှာ မလွယ်ကူသေးဘူးလို့ ပြောသွားတယ်”ပာု ကိုတင့်ထူးအောင်က ဆက်ပြောသည်။
ယင်းဆွေးနွေးပွဲတွင် အမျိူးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ကိုယ်စားလှယ်များသာ ဆွေးနွေးခဲ့ကြကြောင်း၊ ကျောင်းသားကိုယ်စားလှယ်များဖြစ်ကြသည့် မောင်ဇေယျာလွင်၊ မောင်နန်းလင်း၊ မောင်ရဲဇာနည်ထွန်း၊ မောင်ချစ်ဝင်းမောင်၊ မောင်အောင်နေပိုင်၊ မောင်ဘုန်းပြည့်ကြွယ်၊ မောင်တင့်ထူးအောင်၊ မောင်သန့်ဇင်ထွန်း၊ မောင်မျိုးမင်းပိုင်၊ မောင်ထက်မြတ်လှိုင်နဲ့ မအိမ့်ပိုချစ်တို့က လေ့လာသူအဖြစ် တက်ရောက်ခဲ့ကြောင်း သိရသည်။







