လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် နိုင်သူအကုန်ယူစနစ်ဖြင့်သာ ရွေးကောက်ပွဲကျင်းပမည်

လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် နိုင်သူအကုန်ယူစနစ်ဖြင့်သာ ရွေးကောက်ပွဲကျင်းပမည်
သမ္မတနှင့် နိုင်ငံရေးပါတီများနှင့်  တွေ့ဆုံစဉ် (SZN)
သမ္မတနှင့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံစဉ် (SZN)
လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲအများဆုံးရရှိသူ အနိုင်ယူသည့် စနစ်(First Past The Post , FPTP) စနစ်အား ကျင့်သုံးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ သမ္မတနှင့်နိုင်ငံရေးပါတီများ မေလ ၁၈ ရက်နေ့ တွေ့ဆုံပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက အတိအလင်းပြောကြားခဲ့သည်။

ထိုစနစ်အား ပြည်သူ့လွှတ်တော်၊ အမျိူးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် တစ်ပြိုင်နက်ကျင့်သုံး သွားမည်ဖြစ်ကြောင်း ဦးတင်အေးက ပြောသည်။

“ယနေ့ အမျိူးသားလွှတ်တော်မှာ PR ကိစ္စ ဆွေးနွေးတဲ့ ကာလပဲဖြစ်ပါတယ်၊ ကျွန်တော် ပြောပြီးသားပါ၊၂၀၁၅ ဧပြီလ နောက်ဆုံး ပတ်အထိ မပြဌာန်းနိုင်ရင် နိုင်သူ အကုန်ယူ စနစ်နဲ့ ကျင်းပမယ်လို့ ပြောပြီးသားပါ၊ ကျွန်တော် ၂၀၁၃ က တည်းက ပြောထားတာပါ” ဟု ဦးတင်အေးက ပြောသည်။

ထိုပြင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူအင်အား ဦးစီးဌာနမှ တိုင်းနှင့်ပြည်နယ်များတွင် တိုင်ရင်းသားလူမျိူးများ စာရင်း ထုတ်ပြန်ပြီးပါက ထုတ်ပြန်ချက်အပေါ် မူတည်၍ ဝ.၁ ရာခိုင်နှုန်းရှိသော လူမျိူးများနှင့် လူမျိူးစုများအား လွှတ်တော် ကိုယ်စားလှယ်အဖြစ် မဲဆန္ဒနယ်များ သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သိရသည်။

ထို့အပြင် လာမည့် ၂၀၁၅ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ အဓိကကျသော နိုင်ငံရေးကိစ္စဖြစ်ကြောင်း ထိုကြောင့် ပါတီ အားလုံး ဝင်ပြိုင်မည်ဟု မျှော်လင့်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အဆိုပါ တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

“ပြည်သူ့ဆန္ဒအမှန်တွေကို ထင်ဟပ်စေမယ့်ပွဲဖြစ်ဖို့ အားလုံးမှာ တာဝန်ရှိပါတယ်၊ ကျွန်တော်တို့ အစိုးရကလည်း သန့်ရှင်းပြီး လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ရေး အုပ်ချုပ်ရေးနည်းလမ်းတွေနဲ့ ဆောင်ရွက်နိုင်တဲ့ အတိုင်းအတာကနေ အစွမ်းကုန်ကြိုးပမ်းပြီး ဆောင်ရွက်သွားမှာပဲ ဖြစ်ပါတယ်”ဟု သမ္မတက ပြောသည်။

အတိုက်အခံပါတီများက အဆိုပါ မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) လိုလားနေကြသော်လည်း အချိုးကျခွဲဝေရေးစနစ် (Proportional Representation, PR) ကို အစိုးရနှင့် နီးစပ်သည့် ပါတီများကလိုလားကြသဖြင့် လွှတ်တော် အရပ်ရပ်တွင် ဥပဒေပြဌာန်းနိုင်ရန် ကြိုးစားလျှက်ရှိသည်။

အဆိုပါပွဲသို့ နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ နိုင်ငံရေးပါတီ ရ၁ ပါတီမှ ကိုယ်စားလှယ် ၁၀ဝ ကျော် တက်ရောက်ခဲ့သည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...