သက်သေအဖြစ်သတင်းထောက် ကိုပါကြီးဇနီးသည်အား စစ်ဆေးရာတွင် ထူးခြားမှုမရှိဟုပြော

သက်သေအဖြစ်သတင်းထောက် ကိုပါကြီးဇနီးသည်အား စစ်ဆေးရာတွင် ထူးခြားမှုမရှိဟုပြော
မသန္တာ ကျိုက်မရော တရားရုံးသို့ ရောက်ရှိစဉ်(Facebook)
မသန္တာ ကျိုက်မရော တရားရုံးသို့ ရောက်ရှိစဉ်(Facebook)
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း တပ်မတော်ကဖမ်းဆီးထားစဉ် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ရသော သတင်းထောက် ကိုပါကြီး၏ အမှုအား ကျိုက်မရောတရားရုံးက မေလ ၁၁ ရက်နေ့တွင် ဇနီးသည်ဖြစ်သူ မသန္တာအား သက်သေအဖြစ် စစ်ဆေးခဲ့ရာတွင် ထူးခြားမှု မရှိဟုု သူမက ပြောသည်။

မသန္တာက “လောလောဆယ်မှာတော့ ဘာမှ ထူးခြားမှုမရှိသေးပါဘူး၊ ကျွန်မကိုယ်တိုင်မြင်ခဲ့ သိခဲ့ ကြားခဲ့ရတာ၊ ကျွန်မအမျိူးသား ပျောက်ဆုံးစဉ်က မြင်ခဲ့ သိခဲ့ ကြားခဲ့ ရတာ ကျွန်မအမျိူးသားမရှိစဉ်ကာလ ကနေ ဒီနေ့ အချိန်ထိကိစ္စတွေ ဘဲမေးတာပါ၊ ဘာမှထူးခြားမှုတော့ မရှိသေးပါဘူး”ဟု ပြောသည်။

ထိုပြင် ကိုပါကြီး၏ အမှုနှင့်ပတ်သတ်၍ တပ်မတော်ဘက်မှ တရားခံအဖြစ် စွပ်စွဲခံရသူ ၂ဦးအား စစ်ဘက်ဆိုင်ရာ တရားရုံးမှ တရားသေလွှတ်ပေးလိုက်ကြောင်း မေလ ၈ ရက်နေ့တွင် အမျိူးသားလူအခွင့်အရေးကော်မရှင်က ထုတ်ပြန်ချက်အရ သိရသည်။

မသန္တာက “ကျွန်မ အမျိူးသားကို ကျိုက်မရောမြို့လည်ခေါင်မှာ ဖမ်းဆီးတယ်၊ အဲဒီချိန်မှာ မာရှယ်လော ထုတ်ထားခြင်းမရှိဘူး၊ ကျွန်မ ယောကျာ်းကို ဖမ်းဆီးစဉ်က ၂၀ဝ၈ ဖွဲစည်းပုံအခြေခံဥပဒေအောက်မှာရှိတဲ့ ဥပဒေတွေနဲ့အညီ ဖမ်းဆီးခြင်း စစ်ဆေးခြင်း တရားဆွဲဆိုခြင်း မလုပ်ခဲ့ဘဲနဲ့ အခုအပြစ်ရှိတဲ့ တပ်မတော်သား နှစ်ဦးကျတော့ ၂၀ဝ၈ ဖွဲစည်းပုံအရ တရားသေလွှတ်လိုက်ပြီဆိုတော့ ၂၀ဝ၈ ဖွဲ့စည်းပုံက တပ်မတော်သားတွေကို ကာကွယ်ပေးပြီး အရပ်သားတွေကို ကာကွယ်မပေးဘူးလား ဆိုတဲ့ မေးခွန်ကို ကျွန်မ ပြန်မေးပြီး ကန့်ကွက်သွားမှာပါ”ဟု ပြောသည်။

ကိုပါကြီး၏ သေမှုသေခင်းအား အရပ်ဖက်တရားရုံးမှ စစ်ဆေးနေစဉ် စစ်ဘက်ဆိုင်ရာ တရာရုံးမှ ထိုကဲ့သို့ အမိန့်ချလိုက်သည့် အတွက် အရပ်ဖက်တရားရုံးအား လွှမ်းမိုးရာရောက်ကြောင်း ကိုပါကြီးအမှုအား လိုက်ပါဆောင်ရွက်သူ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က မီဒီယာများသို့ ပြောကြားထားသည်။

ထို့အတူ ကော့ပနော်အုပ်ချုပ်ရေူးး၊ ကြခတ်ကုန်း အုပ်ချုပ်ရေးမှူး၊ ကျိုက်မရောမြို့ ရှင်စောပုရပ်ကွက် ပြည်သူ့စစ်ခေါင်းဆောင်နှင့် ရှင်စောပုရပ်ကွက်မှ ကိုအောင်မင်းနိုင်တို့ ၄ ဦးအား သက်သေအဖြစ် စစ်ဆေးရန် တရားရုံးက မေလ ၂၅ ရက်နေ့တွင် ချိန်းဆိုထားသည်ဟု သိရသည်။

သတင်းထောက် ကိုပါကြီးအားကျိုက်မရောမြို့ပေါ်တွင် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့က ရဲကဖမ်းဆီးခဲ့ပြီး တပ်မတော်လက်ထဲအပ်နှံသဖြင့် အောက်တိုဘာလ ၄ ရက်နေ့၌ သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု မြို့ခံများပြောပြချက်အရ သိရသည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...