ဝင်းစိန်ဆရာတော်အား ထိုင်းနိုင်ငံ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ချီးမြှင့်ပွဲ မေလလယ်တွင်ကျင်းပမည်

ဝင်းစိန်ဆရာတော်အား ထိုင်းနိုင်ငံ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ချီးမြှင့်ပွဲ မေလလယ်တွင်ကျင်းပမည်
ဝင်းစိန်ဆရာတော်၏ ရုပ်ကလာပ်တော်
ဝင်းစိန်ဆရာတော်၏ ရုပ်ကလာပ်တော်
မကြာမီရက်ပိုင်းက ပျံလွန်တော်မူခဲ့သော အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘွဲတံဆိပ်တော်ရ သဒ္ဒန္တကေသရ ဝင်းစိန်တောရ ဆရာတော်အား ထိုင်းနိုင်ငံက Honors of Ph.D ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ချီးမြှင့်ပွဲ ဆက်ကပ်မည့် အခမ်းအနားကို မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ဝင်းစိန်တောရကျောင်းတိုက်၌ လာမည့်မေလလယ်တွင် ကျင်းပသွားမည် ဖြစ်သည်။

ဆရာတော်၏ ရုပ်ကလာပ်ကို မေလ ၃၁ ရက်နေ့တွင် ယာယီစံကျောင်းတော်သို့ ပင့်ဆောင်မည်ဖြစ်ပြီး မြန်မာ သက္ကရာဇ် ၁၃၇၇ ခုနှစ်၊ ပြာသိုလဆုတ် (၁၀) ရက်နေ့ (ဇန်နဝါရီလ-ဝင်းစိန်ဆရာတော်မွေးနေ့) တွင် ဆရာတော် မိန့်ကြားခဲ့သည့်အတိုင်း ထာဝရနိဗ္ဗာန်စံကျောင်းသို့ ပင့်ဆောင်မည်ဖြစ်ကြောင်း ဆရာတော်၏ ဈာပနအခမ်းအနား အစီအစဉ် ဖိတ်ကြားလွှာမှ သိရသည်။

“ဝင်းစိန်ဆရာတော်ဟာ အရင်က သာမန်လူတစ်ယောက်ပဲ၊ အဲဒီနောက်မှာ သူက သံဝေဂရပြီးတော့ သူတောထွက်ခဲ့တယ်၊ သူအကြံဉာဏ်ကောင်းတွေ ရလာတာဖြစ်မယ် အခုသူတည်ထားခဲ့တဲ့ ဘုရားတွေက ကမ္ဘာက အသိမှတ်ပြုရတဲ့ အခြေအနေမှာ ရှိတယ်လေ၊ အခုလိုလုပ်ဆောင်ခဲ့တဲ့အတွက် မွန်ပြည်သူတွေအတွက်လည်း ဂုဏ်ယူဝမ်းမြောက်စရာ အထိမ်းအမှတ် တစ်ခုဖြစ်စေခဲ့တာပေါ့” ဟု သာသာနာ ဝေပုလ္လရာမ ကျောင်းတိုက်ဆရာတော် ဆရာတော် ဘဒ္ဒန ္တဥပါလိ (အဂ္ဂမဟာ ကမ္မဌာနာ စရိယ) က မိန့်သည်။

ဝင်းစိန်ဆရာတော်သည် ဖခမည်းတော် နိုင်ဖေ၊ မယ်တော် မိကွန်ကရိတ်တို့၏သားတော်၊ ငယ်နာမည်မှာ မောင်ပိန်ဖြစ်ပြီး မွေးချင်း ရှစ်ယောက်အနက် တတိယမြောက်သားဖြစ်ကြောင်း၊ ဆရာတော်တွင် သားသမီး ၅ ဦးအနက် ၂ ဦးကျန်ရစ်ပြီး၊ မြေး ၁၀ ယောက်ရှိကြောင်း သိရသည်။

ဆရာတော်ပျံလွန်တော်မူသည့်အတွက် ပြည်သူများဝမ်းနည်းပူဆွေးကြရပြီး ဆရာတော်အား လာရောက်ဖူးမျှော်သူ များပြားလျှက်ရှိကြောင်း၊ လာရောက်ဖူးမျှော်သူများအတွက် နံနက် ကိုးနာရီမှ နေ့လယ် ဆယ့်နှစ်နာရီ၊ ညနေ လေးနာရီ မှ ခြောက်နာရီအထိ စတုဒိတာ ဧည့်ခံကျွေးမွေးလျှက်ရှိသည်။

ဝင်းစိန်ဆရာတော်သည် ကမ္ဘာ့အကြီးဆုံးအတောင် ၄၀ဝ ပြည့်လျောင်းတော်မူဘုရားကို တည်ဆောက်ပြီးစီးခဲ့ပြီး၊ အတောင် ၆၀ဝ ပြည့်လျောင်းတော်မူဘုရားကို တည်ဆောက်လျက်ရှိပြီး ဆရာတော်၏ ဇာတိရွာ ဖြစ်သည့် မုဒုံမြို့နယ် လက်တက်ကျေးရွာတွင် လည်း ပေ ၁၈၀ ရှိ ထိုင်တော်မူရုပ်ပွားတော်ကိုလည်း တည်ထား လျှက်ရှိသည်။

ဆရာတော်သည် သက်တော် (၉၅)နှစ်၊ ဝါတော်(၄၅)ဝါ ခန့်ရှိပြီး ပြီးခဲ့သည့်ဧပြီလ ၂၆ ရက်နေ့ မွန်းလွဲ တစ်နာရီခွဲခန့်တွင် ရန်ကုန်မြို့ရှိ အာရှတော်ဝင် ဆေးခန်း၌ နှလုံးရောဂါဖြင့် ပျံလွန်တော်မူခဲ့သည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...