ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် မွန်ပြည်နယ်ယစ်မျိုးအခွန်ငွေ ကျပ်သိန်း ရ၀ဝဝ ကျော်ရရှိ

ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် မွန်ပြည်နယ်ယစ်မျိုးအခွန်ငွေ ကျပ်သိန်း ရ၀ဝဝ ကျော်ရရှိ
အရက်နှင့် ဝိုင်အမျိုးမျိုး
အရက်နှင့် ဝိုင်အမျိုးမျိုး
မွန်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အတွင်း ယစ်မျိုးလိုင်စင် ၂၀ဝဝ ဆိုင် နီးပါးချပေးထားမှုတွင် ယစ်မျိုးအခွန်ငွေ ကျပ်သိန်း ရ၃၉၀ ကျော်ရရှိကြောင်း သိရသည်။

၁၀ မြို့နယ်ရှိသည့်အနက် မော်လမြိုင်မြို့နယ်မှ ယစ်မျိုးခွန် ကျပ်သိန်း ၁၇၆၅၊ ရေးမြို့နယ်မှ ကျပ်သိန်း ၉၄၀၊ သံဖြူဇရပ်မြို့နယ်မှ ကျပ်သိန်း ရ၈၀နှင့် မုဒုံမြို့နယ်မှ ကျပ်သိန်း ရ၇၀ ရရှိခဲ့ကြောင်း မွန်ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာခင်မောင်သွင်က ပြီးခဲ့သည့် မွန်ပြည်နယ်လွှတ်တော်ပုံမှန်အစည်းအဝေးတွင် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

သံဖြူဇရပ်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဦးက မြို့နယ်အလိုက် လိုင်စင်ရှိ အရက်ဆိုင်များ၊ စားသောက်ဆိုင် အရေအတွက်နှင့် ယစ်မျိုးခွန်ငွေကို ဖြေကြားပေးရန်နှင့် လိုင်စင်မဲ့ဆိုင်များအား မည်သို့ စီမံခန့်ခွဲနေကြောင်း လွှတ်တော်တွင် မေးမြန်းရာတွင် မွန်ပြည်နယ် ဘဏ္ဍာရေးဝန်ကြီးက “မော်လမြိုင်မြို့နယ်တွင် ယစ်မျိုးလိုင်စင်ဆိုင် ၃၅၁ ဆိုင်၊ သံဖြူဇရပ်တွင် ၂၁၄ ဆိုင်၊ မုဒုံတွင် ၂၀၂ ဆိုင်၊ ရေးတွင် ၁၉၈ ဆိုင်၊ ဘီးလင်းတွင် ၁၉၆ ဆိုင်၊ ကျိုက်ထိုတွင် ၁၈၇ ဆိုင်၊ ကျိုက်မရောတွင် ၁၈၂ ဆိုင်၊ ချောင်းဆုံ ၁၇၁ ဆိုင်၊ ပေါင်တွင် ၁၄၅ ဆိုင်နှင့် သထုံတွင် ၁၃၀ ဆိုင် စုစုပေါင်း ၁၉၇၆ ဆိုင်ရှိကြောင်း” ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်အတွင်းရှိ ဟိုတယ်၊ စားသောက်ဆိုင်များ၊ စတိုးဆိုင်များ၊ မီနီမားကတ်များ စသည့် ယစ်မျိုးလုပ်ငန်း ဆောင်ရွက်နေသော ဆိုင်များအား ပုံမှန်စစ်ဆေးခြင်း၊ ရှောင်တခင်စစ်ဆေးခြင်း၊ အရေးပေါ်စစ်ဆေးခြင်းအပြင် လိုင်စင်မဲ့ရောင်းချပါက ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်းနှင့် ပညာပေးခြင်းများကို လုပ်ဆောင်နေကြောင်း ဝန်ကြီးက ဖြေကြားခဲ့သည်။

“မွန်ပြည်နယ်တွင် ယစ်မျိုးခွန်ကောက်ခံရေးဥပဒေကို အရက်သေစာသောက်စားခြင်း အလေ့အထ မပြန့်ပွားစေရေး၊ တရားမဝင်ထုတ်လုပ်မှု၊ ရောင်းချမှု မရှိစေရေးနှင့် ရသင့်ရထိုက်သော အခွန်ဘဏ္ဍာငွေများ ဥပဒေနှင့်အညီ ရရှိစေရန် ရည်ရွယ်ပြီး ၂၀၁၂ ခုနှစ်တွင် ပြဌာန်းအတည်ပြုခဲ့ကြောင်း” ဦးနိုင်ဦးက မေးမြန်းစဉ်တွင် ပြောကြားသည်။

တရားဝင်လိုင်စင်ရယူထားသော အခွန်ထမ်းပြည်သူများ နစ်နာမှုမရှိစေရေးအတွက် လိုင်စင်မဲ့ယစ်မျိုးဆိုင်များအား ထိရောက်စွာ ဖမ်းဆီးဆောင်ရွက်ရန် ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်ဦးစီးအရာရှိတို့ပါဝင်သော ခရိုင်ယစ်မျိုးလုပ်ငန်း စိစစ်ကြပ်မတ်ရေး အဖွဲ့ငယ်များဖြင့် ဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။

လိုင်စင်မဲ့ ယစ်မျိုးလုပ်ငန်း ဆောင်ရွက်နေသူများအား လစဉ်ဖမ်းဆီးခြင်း၊ တရားဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်းနှင့် ၂၀၁၄-၁၅ ခုနှစ်ဘဏ္ဍာရေးနှစ်အတွင်း တရားမဝင်ယစ်မျိုးဆိုင် ၃၁၂ ဆိုင်အား ဖမ်းဆီးအရေးယူ ဆောင်ရွက်ခဲ့သည်။

မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှလည်း တရားမဝင်လိုင်စင်မဲ့ အရက်ဆိုင်များပပျောက်ရေး အထူးအလေးထား ကြပ်မတ်ဆောင်ရွက်ရန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ညွန်ကြားထားသည်ဟု သိရသည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...