စစ်တွေရှိ အိန္ဒိယဆိပ်ကမ်းတွင် သင်္ဘောကြီးများ ဆိုက်ကပ်ရန် မြစ်ကြောင်းတူးဖော်မှု ထပ်မံလုပ်ဆောင်ရမည်

စစ်တွေရှိ အိန္ဒိယဆိပ်ကမ်းတွင် သင်္ဘောကြီးများ ဆိုက်ကပ်ရန် မြစ်ကြောင်းတူးဖော်မှု ထပ်မံလုပ်ဆောင်ရမည်
by -
နောင်ခိုင်အောင်
ဓာတ်ပုံ- စစ်တွေရှိ အိန္ဒိယဆိပ်ကမ်း
ဓာတ်ပုံ- စစ်တွေရှိ အိန္ဒိယဆိပ်ကမ်း
စစ်တွေမြို့တွင် အိန္ဒိယမှ အသစ်တည်ဆောက်နေသော ဆိပ်ကမ်းမှာ ပြီးစီးသွားပြီ ဖြစ်သော်လည်း မြစ်ကြောင်းတစ်လျှောက်မြေများဖို့နေသဖြင့် နိုင်ငံခြားသင်္ဘောများ ၀င်ထွက်သွားလာနိုင်ရန်အတွက် မြစ်ကြောင်းတူးဖော်မှုကို ပြုလုပ်ရဦးမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ်ဆိပ်ကမ်း အာဏာပိုင် ဦးထွန်းဌေးက ပြောသည်။

“တံတားရဲ့ အရှေ့ဘက်နေရာတွေမှာဆိုရင် ရေအနက် ၁ဝ မီတာ လောက်ကိုတူးဖော်မှုတွေ ပြုလုပ်ပြီးမှ ရေစူးပေ ၂ဝဝ လောက်ရှိမှ ဒီသင်္ဘောကြီးတွေက ဝင်ထွက်လုပ်လို့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဆီက တိုင်းတာရေးအဖွဲ့တွေ မတ်လလောက်က တိုင်းတာကြည့်ကြတော့ မြေတွေပြန်ဖို့သွားတာကို တွေ့ရပါတယ်” ဟု ဦးထွန်းဌေး ပြောသည်။

ထိုသို့ မတူးဖော်ပါက လာရောက်ဆိုက်ကပ်မည့် သင်္ဘောကြီးများ၏ ရေစူးအနက်ဖြင့် လက်ရှိဆိပ်ကမ်း ရေစူးမှာတိမ်နေသဖြင့် ၀င်ရောက်ဆိုက်ကပ်နိုင်မည် မဟုတ်ကြောင်း သူက ပြောဆိုသည်။

စစ်တွေမြို့အဝင်ဝရှိ ကုလားတန်မြစ်ကြောင်းမှာ နှုံးမြေများတစ်ဖြည်းဖြည်းဖို့လာရာမှရေစူးတိမ်လာပြီး ပင်လယ်ကူးသင်္ဘောများ ၀င်ထွက်သွားလာရန် အခက်အခဲများရှိနေကြောင်း သိရှိရသည်။

စစ်တွေတွင် အိန္ဒိယမှတည်ဆောက်နေသည့် ဆိပ်ကမ်းမှာ ပြီးစီးသွားပြီ ဖြစ်သော်လည်း မြန်မာဆိပ်ကမ်းအာဏာပိုင်များသို့ လွဲပြောင်းပေးအပ်ခြင်းမရှိသေးဟု ဆိုသည်။

“လောလောဆယ်တော့ ကျွန်တော်တို့ကို လွှဲပြောင်းပေးတာလည်း မရှိသေးဘူး။ ဆိပ်ကမ်းနဲ့ ပတ်သက်ပြီး အသိပေးတာလည်း မရှိသေးဘူ။ ဆိပ်ကမ်းတည်ဆောက်မှု အပိုင်းကတော့ ပြီးတဲ့ အနေအထားမှာရှိနေပါပြီ။ ဒါပေမယ့် ဒီလုပ်ငန်းလည်ပတ်ဖို့က မြစ်ကြောင်း တူးဖော်မှုတွေလည်း လုပ်ရမယ့်ဟာတွေ ရှိနေပါသေးတယ် ”ဟု ဆိပ်ကမ်းအာဏာပိုင် ဦးထွန်းဌေး ပြောသည်။

အဆိုပါ ကုလားတန် စီမံကိန်းကို အိန္ဒိယမှ ပြီးခဲ့သည့် ၂ဝ၁ဝ ခုနှစ်ခန့်က စတင် တည်ဆောက်ခဲ့ခြင်ဖြစ်ပြီ ၂ဝ၁၇ ခုနှစ် နှစ်လယ်ပိုင်းတွင် ပြီးစီးခဲ့ပြီဖြစ်သော စီမံကိန်းတစ်ခုဖြစ်သည်။

အမေရိကန် ဒေါ်လာ ၈၁ ဒသမ ၂၉ သန်း အကုန်ကျခံပြီး ရန်ကုန်တွင် တည်ဆောက်ခဲ့သော ကုန်တင်သင်္ဘော ၆ စီးမှာလည်း ပြီးစီးသွားပြီ ဖြစ်ပြီး ယခုအခါ စစ်တွေမြို့သို့ရောက်ရှိနေပြီဟု သိရသည်။

လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...