ကျိုက်မရောထောင်၌ ဆေးဝါးကုသခွင့်မရဘဲ သွေးလွန်တုပ်ကွေးဖြင့် အကျဉ်းသား ၆ ဦး သေဆုံး

ကျိုက်မရောထောင်၌ ဆေးဝါးကုသခွင့်မရဘဲ သွေးလွန်တုပ်ကွေးဖြင့် အကျဉ်းသား ၆ ဦး သေဆုံး
ဓာတ်ပုံ - Crd / (ပုံစာ - ကျိုက်မရော ဗဟိုအကျဉ်းထောင်အား တွေ့ရစဉ်။)
ဓာတ်ပုံ - Crd / (ပုံစာ - ကျိုက်မရော ဗဟိုအကျဉ်းထောင်အား တွေ့ရစဉ်။)

မွန်ပြည်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင် အခုရက်ပိုင်းအတွင်း ဆေးဝါးကုသခွင့် မရရှိသည့်အတွက် သွေး လွန်တုပ်ကွေး ရောဂါကြောင့် အကျဉ်းသား၊ အကျဉ်းသူ ၆ ဦး သေဆုံးခဲ့ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများ က ပြောသည်။

ဆေးဝါးကုသခွင့် မရဘဲ သွေးလွန်တုပ်ကွေး ရောဂါကြောင့် သေဆုံးသူများတွင် အကျဉ်းသား ၄ ဦးနှင့် အကျဉ်းသူ ၂ ဦး ပါဝင်ပြီး စက်တင်ဘာလ ၉ ရက်နေ့၌ ၂ ဦး၊ စက်တင်ဘာလ ၁၀ ရက်နေ့၌ ၄ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အကျဉ်းသား၊ အကျဉ်းသူများ သွေးလွန်တုပ်ကွေး ရောဂါဖြင့် သေဆုံးရခြင်းမှာ ရောဂါ ဖြစ်ပွားသူများကို အကျဉ်းဦးစီးဌာန ဝန်ထမ်းများက ဆေးဝါးကုသခွင့် မပေးခြင်းနှင့် အကျဉ်းထောင်အတွင်း ဆေးဝါး အလုံ အလောက် မရှိခြင်းတို့ကြောင့် ဖြစ်သည်။

အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက “ဆေးဝါး ကုသခွင့်ကို ဆိုင်းငံ့သွားတာပေါ့နော်။ ဆိုင်းငံ့သွားတယ်ဆိုတာ ဟိုအထက်ကို တင်ပြရတာနဲ့ ဟိုအပြင်ထုတ်ရင် လူတစ်ယောက်ဟာ သေလုမြောပါး ဖြစ်နေတယ်။ ထပြေးလို့ တောင် မနိုင်ဘူး။ အဲဒါကို အပြင်ဆေးရုံ ပို့ရင် ခြေကျဉ်းခတ်ရသေးတယ်။ ခြေကျဉ်း ရိုက်ဖို့ လူက စောင့်ရတာနဲ့ အဲဒီလိုပေါ့နော်။ ဆေးဝါးကုသခွင့်ကို အချိန်မီ လက်လှမ်းမီ အလျင်စလို မရတာတွေ ပါတာပေါ့” ဟု ပြော သည်။

ထို့ပြင် ကျိုက်မရော ဗဟိုအကျဉ်းထောင်အတွင်း သွေးလွန်တုပ်ကွေး ရောဂါ ကူးစက်ဖြစ်ပွားမှုမှာ ပြီးခဲ့သည့် ဩဂုတ်လ ဒုတိယပတ်ကတည်းက စတင်နေသော်လည်း အကျဉ်းဦးစီးဌာနက လျစ်လျူရှုထားခြင်းကြောင့် ယခုကဲ့သို့ သေဆုံးမှု များပြားလာခြင်း ဖြစ်ကြောင်း ထပ်မံပြောဆိုသည်။

သွေးလွန်တုပ်ကွေး ရောဂါဖြင့် သေဆုံးသွားသည့် အကျဉ်းသား၊ အကျဉ်းသူများတွင် နိုင်ငံရေး ပုဒ်မများဖြင့် အကျဉ်းကျခံနေရသူများ မပါဝင်ဘဲ အခြား ပြစ်မှု၊ ပြစ်ဒဏ်များဖြင့် အကျဉ်းကျနေသူများသာ ဖြစ်သည်။

ယခုအခါ ကျိုက်မရော ဗဟိုအကျဉ်းထောင် တာဝန်ရှိသူများသည် သေဆုံးမှုများလာသည့်အတွက် မော်လမြိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသပေးမှုအချို့ ပြုလုပ်နေသည်။

သို့သော် မော်လမြိုင် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသခွင့် ပေးထားသည့်နေရာ၌ လုံခြုံရေး တင်းကျပ်ထားပြီး ကျန်းမာရေး အနည်းငယ် ပြန်လည် ကောင်းမွန်သည်နှင့် အကျဉ်းထောင်သို့ ပြန်လည် ခေါ်ဆောင်သွားလေ့ ရှိသည်။

ကျိုက်မရော ဗဟိုအကျဉ်းထောင်၌ အကျဉ်းဦးစီးဌာန တာဝန်ရှိသူများသည် ထောင်ဝင်စာ လာရောက်တွေ့သူများ ထံမှ လိုအပ်သည့် ဆေးဝါးများနှင့် အစားအသောက်များကိုပါ ပိတ်ပင် တင်းကျပ်ထားသည့်အတွက် အချို့ အကျဉ်းသား၊ အကျဉ်းသူများမှာ ရောဂါပြင်းထန်ကာ သေဆုံးမှုများနှင့် ကြုံတွေ့နေရသည်။

ဓာတ်ပုံ - Crd / (ပုံစာ - ကျိုက်မရော ဗဟိုအကျဉ်းထောင်အား တွေ့ရစဉ်။)

ဓာတ်ပုံ – MPU
September 11, 2026
အာဏာသိမ်းမှုကို အရင်းခံ၍ စစ်အုပ်စုတပ် ဦးဆောင်ကျင်းပခဲ့သည့် အပိုင်းလိုက် ရွေးကောက်ပွဲမှ ပေါ်ပေါက်...
ဓါတ်ပုံ – NUG
September 10, 2026
မဏ္ဍိုင်သုံးခုဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်...
September 9, 2026
ပြည်သူ့စစ်မှုထမ်း အပတ်စဉ်သင်တန်းအတွက် လိုအပ်သည့် တပ်သားများ ရရှိရေး ပေါ်တာဆွဲမှုများ မြင့်တက်...
ဒေသတွင်း သယ်ယူပို့ဆောင်နေသည့် ကုန်တင်မော်တော်ယာဉ်အချို့ / Social Media
September 8, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်တွင် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ် အစီး ၆၀...