ဖရူဆိုအနောက်ခြမ်း စစ်ရှောင်စခန်းတစ်ခုတွင် ကြက်ဥတစ်လုံး ကျပ် ၂,၀၀၀ အထိ ဈေးမြင့်တက်နေ

ဖရူဆိုအနောက်ခြမ်း စစ်ရှောင်စခန်းတစ်ခုတွင် ကြက်ဥတစ်လုံး ကျပ် ၂,၀၀၀ အထိ ဈေးမြင့်တက်နေ

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင် ကြက်ဥတစ်လုံးလျှင် ကျပ် ၂,၀၀၀ အထိ ပေးဝယ်နေရသည်မှာ ၂ လကျော် ကြာမြင့်လာပြီ ဖြစ်သော်လည်း ဈေးနှုန်း ပြန်လည်ကျဆင်းလာခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် မေလအစောပိုင်းက ဖရူဆိုမြို့နယ်အတွင်းသို့ စစ်အုပ်စုတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာခြင်း ကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့သည့်အပြင် မိုးတွင်းကာလ လမ်းအခြေအနေ ဆိုးရွားမှုကြောင့် လည်း ကုန်စည်သယ်ယူရန် ခက်ခဲကာ ကြက်ဥအပါအဝင် အခြေခံစားသောက်ကုန် ဈေးနှုန်းများ မြင့်တက်လာ ခြင်းဖြစ်သည်။

စစ်အုပ်စုတပ် စစ်ကြောင်းနှင့် နီးကပ်သည့် လမ်းမကြီးများကို ပြန်လည်အသုံးပြု၍ မရသေးသောကြောင့် ကုန် ပစ္စည်းများကို လမ်းကြမ်းများမှတစ်ဆင့် လူအင်အားဖြင့် ခက်ခဲစွာ သယ်ယူနေရပြီး သယ်ယူပို့ဆောင်စရိတ် မြင့် တက်နေခြင်းကလည်း ကြက်ဥဈေးနှုန်း မကျဆင်းသည့် အကြောင်းရင်းတစ်ခု ဖြစ်သည်။

“လမ်းမရှိတော့ ဆက်သွယ်ရေးပြတ်သွားတဲ့သဘော။ အဲ့ကနေ လူနဲ့ ခက်ခက်ခဲဲခဲ သယ်ရတာဆိုတော့ စျေးတက် တာပါ။ စစ်ကြောင်းနဲ့ နည်းနည်းတော့ ဆိုင်တယ်လေ။ သူတို့ကိုအဝေးကြီး ရှောင်သွားရတော့ လမ်းတွေက မကောင်း။ မိုးရွာရင်လမ်းကချော်လို့ သွားမရဘူး” ဟု ဆိုင်အရောင်းပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

ကုန်ပစ္စည်းများ အဓိကဝယ်ယူရသည့် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းတွင် ကြက်ဥတစ်လုံးလျှင် ၈၀၀ ကျပ်ခန့် သာ ရှိသော်လည်း အဆိုပါ စစ်ရှောင်စခန်းတွင်မူ ကြက်ဥ ၃ လုံးလျှင် ကျပ် ၅,၀၀၀ အထိ ပေးဝယ်နေရပြီး ကရင် နီပြည်အတွင်း ကုန်ဈေးနှုန်းမြင့်မားသည့် ဖားဆောင်းမြို့နယ်နှင့် မော်ချီးဒေသတို့ထက်ပင် ဈေးနှုန်း ပိုမိုမြင့်မား နေခြင်း ဖြစ်သသည်။

မော်ချီးဒေသတွင် ကြက်ဥ ၁၀,၀၀၀ ကျပ်ဖိုးလျှင် ၈ လုံး ရရှိသော်လည်း လူဦးရေ ၃၀၀ ဝန်းကျင် နေထိုင်သည့် အဆိုပါ စစ်ရှောင်စခန်းတွင်မူ ၁၀,၀၀၀ ကျပ်ဖိုးလျှင် ၆ လုံးသာ ရရှိတော့သည်။

မြန်မာနိုင်ငံတွင် စစ်အုပ်စုက အာဏာသိမ်းပြီးနောက် ငွေကြေးဖောင်းပွမှုနှင့်အတူ ကုန်ကျစရိတ်များ မြင့်တက် လာသလို ကြက်မွေးမြူရေးအတွက် လိုအပ်သည့် အစာကုန်ကြမ်း၊ မွေးမြူရေးကြက်နှင့် ဆေးဝါးများ တင်သွင်း ခွင့် ကန့်သတ်ခံရမှုကြောင့် ကြက်ဥထုတ်လုပ်မှုနှင့် ဈေးနှုန်းအပေါ် သက်ရောက်မှုကြီးမားခဲ့သည်။

ထို့ပြင် ၂၀၂၆ ခုနှစ် ဇူလိုင်လမှစ၍ အရပ်သားအစိုးရ အသွင်ယူထားသည့် စစ်အုပ်စု ခေါင်းဆောင် ဦးမင်းအောင် လှိုင်၏ ပို့ကုန်သွင်းကုန် မူဝါဒအသစ်များကြောင့်လည်း မြန်မာနိုင်ငံတစ်ဝန်း ကြက်ဥတစ်လုံးလျှင် ၇၀၀ ကျပ်ဝန်း ကျင်အထိ ဈေးနှုန်းမြင့်တက်ခဲ့ရသည်။

ဓာတ်ပုံ – Crd 

Most read this week

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...
September 7, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း အာဏာသိမ်း စစ်အုပ်စုတပ်က ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြု၍...
September 4, 2026
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့်...
September 3, 2026
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇...