ကရင်နီတွင် စစ်တပ်က လေကြောင်းမှ ဗုံးကြဲမှုကြောင့် ကလေးငယ်များအပါအဝင် ၅ ဦး သေဆုံး

ကရင်နီတွင် စစ်တပ်က လေကြောင်းမှ ဗုံးကြဲမှုကြောင့် ကလေးငယ်များအပါအဝင် ၅ ဦး သေဆုံး
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd

ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ အရပ်သားများ နေ ထိုင်ရာ ဒေသများကို နှစ်ရက်ဆက်တိုက် စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်များ အပါအဝင် ၅ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာ ၅ ရက်နေ့တွင် ရှားတောမြို့နယ်၊ နောင်ပလုကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ ရာ အသက် ၁၁ နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် ၁၃ နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် ၁၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၄၀ ကျော်အရွယ် အမျိုးသမီးနှစ်ဦး စုစုပေါင်း ၅ ဦး သေဆုံးခဲ့သည်။

ထို့ပြင် အသက် ၁၀ နှစ်အောက် ကလေး ၃ ဦးအပါအဝင် ပြည်သူ ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့ လည်း ပျက်စီးခဲ့သည်။

“ဘာကြောင့်လုပ်လဲ မပြောတတ်တော့ဘူး။ ကလေးငယ်တွေလည်း ပါတယ် အခု ထိခိုက်သေဆုံးတာက။ ၅ နှစ် အောက်ပေါ့။ အခုတော့ ၅ ယောက်ဆုံးတယ်ပဲ သိထားတယ်။ ထိခိုက်သူလည်း ၁၀ ယောက်ကျော်တယ်။ နေအိမ် တချို့လည်း ပျက်တယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အလားတူ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းတွင်လည်း စက်တင်ဘာ ၄ ရက်မှ ၆ ရက်နေ့အထိ စစ်တပ်က လေကြောင်း တိုက်ခိုက်မှုများအပြင် ဒရုန်းဖြင့်ပါ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ယမန်နေ့ စက်တင်ဘာ ၆ ရက် ညနေ ၅ နာရီဝန်းကျင်က လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ၃ ကြိမ် ဗုံးကြဲခဲ့သဖြင့် ဖုန်းဆိုင်တစ်ဆိုင်နှင့် နေအိမ်အချို့ ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရ ရှိသူများလည်း ရှိခဲ့သည်။

စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည့် နေရာများသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများနေထိုင်ရာ ကျေးရွာ များဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့၏ ဒါရိုက်တာ မမေက “ကျမတို့အနေနဲ့ အမျိုးသမီးနဲ့ ကလေးလုံခြုံရေးအတွက် သီး သန့်လုပ်ဆောင်ချက်တွေ လိုအပ်တယ်။ လုပ်ဆောင်ချက်တွေ၊ လုပ်ငန်းစဉ်တွေ ချမှတ်ပြီး လိုက်နာဆောင်ရွက် ခဲ့ရင်တောင် စစ်ကောင်စီကတော့ သူဘယ်နေရာဖြစ်ဖြစ်၊ ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ် လေယာဉ်နဲ့ ကြဲချင် ရင် ကြဲမှာပဲ၊ လက်နက်ကြီးပစ်ချင်ရင် ပစ်မှာပဲ။ စစ်ကောင်စီက ပြည်သူနဲ့ စစ်ဘက်ဆိုပြီး ခွဲခြားပြီး တိုက်ခိုက် နေတာ မဟုတ်တဲ့အတွက် မြေပြင်လုံခြုံရေးဆောင်ရွက်ဖို့ စိန်ခေါ်မှုရှိနေတယ်” ဟု ပြောသည်။

ယခုကဲ့သို့ လူထုနေထိုင်ရာ ကျေးရွာများကို လေယာဉ်နှင့် ဒရုန်းများအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် ဒေသခံများသည် လုံခြုံမည်ဟု ယူဆရသည့် နေရာများသို့ ထပ်မံတိမ်းရှောင်နေကြရသည်။

လွိုင်ကော်မြို့နယ်အတွင်း စက်တင်ဘာလအစောပိုင်းမှစ၍ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သော်လည်း တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့အစည်းများက တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

Most read this week

September 7, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း အာဏာသိမ်း စစ်အုပ်စုတပ်က ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြု၍...
September 4, 2026
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့်...
September 3, 2026
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇...
လွိုင်ကော်မြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် လာရောက်လျှောက်ထားသူများကို ၂၀၂၂ ခုနှစ်က တွေ့ရစဉ် / ပုံဟောင်း
September 3, 2026
စစ်အုပ်စုတပ် ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် နိုင်ငံကူးလက်မှတ် (Passport)...