- ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့အနီးမှာ ချင်းတော်လှန်ရေးတပ်နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား အပြန်အလှန် ထိုးစစ်ဆင်မှုတွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
- ချင်းတော်လှန်ရေးပူးပေါင်းတပ်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်တောင်ပိုင်းကို အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေချိန် ကန်ပက်လက်မြို့အပါအဝင် မြို့ ၃ မြို့ကို ၁၀ ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၂၅ ကြိမ်ပြုလုပ်ခဲ့ပြီး မွေးကင်းစ ကလေးငယ်နဲ့ ဒေသခံ ၁ ဦးသေဆုံးခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံးက ပြောပါတယ်။
- UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ချင်းဖိုက်တာ Joshua Van ဟာ ချင်းလူမျိုး အများအပြားနေထိုင်တဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ဒီကနေ့ မေလ ၂၉ ရက်နေ့မှာ ရောက်ရှိလာမယ်လို့ သိရပါတယ်။






