မွန်မှာ လူငယ် ၂၀၀ ကျော် စစ်မှုထမ်း ထပ်မံစုဆောင်းခံရ

မွန်မှာ လူငယ် ၂၀၀ ကျော် စစ်မှုထမ်း ထပ်မံစုဆောင်းခံရ
ဓာတ်ပုံ-MOI
ဓာတ်ပုံ-MOI

မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် ဖွင့်လှစ်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂၅ အတွက် လူငယ် ၂၀၀ ကျော် စစ်မှုထမ်းတပ်သား ထပ်မံစုဆောင်းခံလိုက်ရတယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။

စစ်မှုထမ်း တပ်သား စုဆောင်းခံလိုက်ရတဲ့ လူငယ်တွေကို ပြီးခဲ့တဲ့ မေ ၂၃ ရက်နေ့မှာ စစ်အစိုးရရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က သွားရောက်တွေ့ဆုံပြီး ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တာပါ။

စစ်မှုထမ်း တပ်သားစုဆောင်းခံရသူတွေဟာ လမ်းမှာ ပေါ်တာဆွဲခံရတာ၊ နေအိမ်တွေအထိ ဝင်ရောက်ဖမ်းဆီးခံရတာ၊ ဒေသန္တရအမိန့် ဖောက်ဖျက်မှု စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံရပြီးနောက် စစ်မှုထမ်း တပ်သားစုဆောင်းခံခဲ့ရပါတယ်။

ဒါ့အပြင် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ အကြောင်းပြချက် အမျိုးမျိုးနဲ့ ဖမ်းဆီးထားတဲ့ လူငယ်တွေကို သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေထံ တစ်ဦးလျှင် ကျပ် သိန်း ၅၀ ကနေ သိန်း ၈၀ နဲ့ ပြန်လည်ရောင်းစားတာတွေ ကျူးလွန်ထားပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် လစဉ်ဖွင့်လှစ်နေတဲ့ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၅ အထိ စစ်မှုထမ်း တပ်သား စုဆောင်းခံရသူ ၅၂၀၀ ထက်မနည်း ရှိလာခဲ့ပါတယ်။

တဖက်မှာလည်း စစ်အစိုးရက စစ်မှုထမ်းအကျုံးဝင်သူတွေကို အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်နိုင်ရေး စာရင်းပြုစု မှတ်ပုံတင်ထားဖို့ ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့က ပြုလုပ်တဲ့ အစည်းအဝေးမှာ ညွှန်ကြားထားပါတယ်။

ဓာတ်ပုံ - CJ / Crd
August 20, 2026
မွန်ပြည်တွင် စစ်အုပ်စုတပ် အသွင်ပြောင်း ပြည်နယ်အစိုးရ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီး ၄ လကျော် ကာလ...
(ဓာတ်ပုံ - CJ)
August 19, 2026
မွန်ပြည်နယ် လွှတ်တော်တွင် လောင်းကစားဝိုင်းများ ပိတ်သိမ်းရေးအဆို အတည်ပြုထားသော်လည်း စစ်အုပ်စု...
ဓာတ်ပုံ - NUG
August 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းသား မဟာမိတ်များနှင့် စုဖွဲ့ထားသည့် ဖက်ဒရယ်...
ဓါတ်ပုံ - Asean (ပုံဟောင်း)
August 17, 2026
မြန်မာ့အရေး ဖြေရှင်းရာတွင် အာဆီယံက ချမှတ်ထားသည့် ဘုံသဘောတူညီချက် ၅ ရပ်နှင့် ပတ်သက်၍ လက်ရှိ...