လွိုင်ကော်မြို့နယ်တောင်သူတွေ နှမ်းစိုက်ပျိုးမှုကို ရွေးချယ်လာ

လွိုင်ကော်မြို့နယ်တောင်သူတွေ နှမ်းစိုက်ပျိုးမှုကို ရွေးချယ်လာ

ကရင်နီပြည် လွိုင်ကော် မြို့နယ် အရှေ့ဘက်ခြမ်းက တောင်သူတွေဟာ ပြီးခဲ့တဲ့နှစ်အတွင်း ဒေသတွင်းက လမ်းကြောင်းပိတ်ဆို့ပြီး စိုက်ပျိုးထားတဲ့ ပြောင်းတွေရောင်းမထွက်ခဲ့တာကြောင့် ဒီကနှစ် စိုက်ပျိုးရာသီမှာတော့ နှမ်းကို ရွေးချယ်စိုက်ပျိုးလားတဲ့ တောင်သူတွေပိုများလာပါတယ်။ 

"အိမ်တိုင်းက ငွေရေးကြေးရေး အဆင်မပြေဘူးပဲ ပြောဆိုကြတယ်။ နှမ်းက နည်းနည်း ပြောင်းကနည်းနည်း အကုန်လုံးက လုပ်ကြတယ်။ ဒါပေမယ့် နှမ်းမစိုက်တာကတော့ တချို့အိမ်လောက်ပဲ ရှိမယ်။ဒီနှစ်ကတော့ နှမ်းတွေ တော်တော်များများ စိုက်ပျိုးလာကြတယ်။ စျေး မရှိမှာလည်း စိုးရိမ်ရတယ်။" နှမ်းစိုက်တောင်သူ အသက် ၅၀ ကျော်အရွယ် အမျိုးသမီး တဦးက အခုလို ပြောပါတယ်။

လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းမှာ တောင်သူတွေဟာ စီးပွားဖြစ်ပြောင်းတွေကို အဓိကထားစိုက်ပျိုးလေ့ရှိကြတာပါ။ 

စစ်ရှောင်ကာလ အချိန်ကြာလာတာနဲ့အမျှ စားနပ်ရိက္ခာတွက် စိန်ခေါ်မှုတွေ က ပိုမိုမြင့်မားလာတာကြောင့်လည်း စားဝတ်နေရေးဖြေရှင်းနိုင်ဖို့အတွက် စပါးနဲ့ နှမ်းကိုသာစိုက်ပျိုးကြောင်း ဒေသခံ စိုက်ပျိုးတောင်သူ အမျိုးသား တဦးက ပြောပါတယ်။

"ပြောင်းသိပ်မစိုက်ရဲတော့ဘူး။ ဘာလို့ဆိုရင် ပြောင်းက စျေးအရမ်းကျတယ်ကော။ အရေးကြီးဆုံးကတော့ စပါးပဲ။ အဲတာကြောင့် စပါး စိုက်တယ်။ နှမ်းက စျေးရှိတယ်ပြောတော့ နှမ်းစိုက်တယ်"လို့ တောင်သူအမျိုးသား တဦးကပြောပါတယ်။ 

 လွိုင်ကော်မြို့နယ်  အရှေ့ဘက်ခြမ်း မှာတော့ ၂၀၂၆ နှစ်စပိုင်းအတွင်းမှာပဲ  စစ်တပ်ဘက်က နယ်မြေ စိုးမိုးမှု ပိုမို ရယူလာတာကြောင့်  ဒီကနှစ် စိုက်ပျိုး ရာသီမှာတော့ ယခင်နှစ်ကထက် စိုက်ပျိုးနိုင်မှုနှုန်းကလည်း ကျလာတယ်လို့ ဆိုထားပါတယ်။  

ကရင်နီပြည် လွိုင်ကော် အရှေ့ဘက်ခြမ်းမှာတော့ စစ်ရှောင် အုပ်စု ၄ စု ရှိပြီး စစ်ရှောင် စုစုပေါင်း ဦးရေ ၁ သောင်းကျော် ရှိတယ်လို့ သိရပါတယ်။

Most read this week

September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...
September 7, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း အာဏာသိမ်း စစ်အုပ်စုတပ်က ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြု၍...
September 4, 2026
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့်...