ပြည်သူ့လွှတ်တော် ဒုသမ္မတအဖြစ် စစ်ခေါင်းဆောင် ရွေးချယ်ခံရ

ပြည်သူ့လွှတ်တော် ဒုသမ္မတအဖြစ် စစ်ခေါင်းဆောင် ရွေးချယ်ခံရ

ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အာဏာသိမ်း စစ်ခေါင်းဆောင် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

စစ်ခေါင်းဆောင်ဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ တောင်တွင်းကြီးမဲဆန္ဒနယ်က ဒေါက်တာကျော်ဆွေကို မဲရလဒ် အပြတ်အသတ်နဲ့ အနိုင်ရပြီး ပြည်သူ့လွှတ်တော်က ရွေးချယ်တဲ့ ဒုသမ္မတ ဖြစ်လာခဲ့တာပါ။

ဒုသမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းခံရသူနှစ်ဦးရဲ့ မဲခွဲဆုံးဖြတ်မှု ရလဒ်အရ စစ်ခေါင်းဆောင်က ထောက်ခံမဲ၂၄၇ မဲ ၊ ဒေါက်တာကျော်ဆွေက ထောက်ခံမဲ ၁၀ မဲ ၊ ပယ်မဲ ၃ မဲ ဖြစ်ပါတယ်။

သမ္မတဖြစ်ချင်တဲ့ အာသီသကြောင့် နိုင်ငံ့အာဏာကို သိမ်းယူခဲ့တဲ့ စစ်ခေါင်းဆောင်ကို မနေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ကြံ့ခိုင်ရေးပါတီက ပြည်သူ့လွှတ်တော်ရဲ့ ဒုသမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

အလားတူ ဒီကနေ့ ကျင်းပတဲ့ အမျိုးသာလွှတ်တော် အစည်းအဝေးမှာလည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဒေါ်နန်းနီနီအေးဟာ ဒေါက်တာ မနမ်တူးဂျာကို မဲရလဒ်နဲ့ အပြတ်အသတ်နဲ့ အနိုင်ရပြီး အမျိုးသားလွှတ်တော်က ရွေးချယ်တဲ့ ဒုသမ္မတ ဖြစ်လာခဲ့တာပါ။

ဒုသမ္မတအဖြစ် ရွေးချယ်ခံရတဲ့ ဒေါ်နန်းနီနီအေးဟာ မြန်မာနိုင်ငံမှာ ပထမဆုံး အမျိုးသမီး ဒုသမ္မတ တစ်ဦးလည်း ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်က ရွေးချယ်တဲ့ ဒုသမ္မတ၊ အမျိုးသားလွှတ်တော်က ရွေးချယ်တဲ့ ဒုသမ္မတနဲ့ တပ်မတော်က ပေးပို့မယ့် ဒုသမ္မတ တစ်ဦးတို့ဟာ လာမယ့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ သမ္မတ၊ ဒုသမ္မတ ၁၊ ဒုသမ္မတ ၂ အဖြစ် ရွေးချယ်ခံရဖို့ ရှိနေပါတယ်။

စစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီ လွှမ်းမိုးထားတဲ့ ပြည်ထောင်စုလွှတ်တော်မှာ စစ်ခေါင်းဆောင် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကသာ သမ္မတအဖြစ် ရွေးချယ်ခံရဖို့ သေချာသလောက် ရှိနေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ - MOI

ဓာတ်ပုံ - BGF
August 21, 2026
ကရင်ပြည်၊ ဖာပွန်စစ်ဆင်ရေးအတွင်း စစ်အုပ်စုတပ်ကို ကူညီပေးနေပြီး စစ်အုပ်စုတပ် လက်အောက်ခံအဖြစ်...
ဓာတ်ပုံ - CJ / Crd
August 20, 2026
မွန်ပြည်တွင် စစ်အုပ်စုတပ် အသွင်ပြောင်း ပြည်နယ်အစိုးရ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီး ၄ လကျော် ကာလ...
(ဓာတ်ပုံ - CJ)
August 19, 2026
မွန်ပြည်နယ် လွှတ်တော်တွင် လောင်းကစားဝိုင်းများ ပိတ်သိမ်းရေးအဆို အတည်ပြုထားသော်လည်း စစ်အုပ်စု...
ဓာတ်ပုံ - NUG
August 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းသား မဟာမိတ်များနှင့် စုဖွဲ့ထားသည့် ဖက်ဒရယ်...