ကျိုက်ထိုမှာ အကြီးအကျယ်ထိုးစစ်ဆင်ဖို့ စစ်တပ်ပြင်ဆင်

ကျိုက်ထိုမှာ အကြီးအကျယ်ထိုးစစ်ဆင်ဖို့ စစ်တပ်ပြင်ဆင်

တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှု အားကောင်းတဲ့ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ စစ်ကော်မရှင်တပ်က အကြီးအကျယ် ထိုးစစ်ဆင်ဖို့ ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ ကျိုက်ထိုမြို့နယ်မှာ အကြီးအကျယ် ထိုးစစ်ဆင်ဖို့အတွက် မတ်လ ၄ ရက်နေ့ကလည်း အင်အား ၄၀၀ လောက်နဲ့ စစ်ကြောင်းထပ်ထိုးလာတာ ဖြစ်ပါတယ်။

စစ်ကော်မရှင်တပ် စစ်ကြောင်းထပ်ထိုးလာတာကြောင့် ကျိုက်ထိုမြို့နယ် ကျောက်ပုံကြီးနဲ့ကျောက်ရေတွင်းကျေးရွာတို့မှာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ကျိုက်ထိုမြို့နယ်ထဲမှာ အင်အား ၆၀၀ လောက်နဲ့ စစ်ကြောင်းထိုးထားပြီး အဲဒီစစ်ကြောင်းတွေဟာ ဒီကနေ့အထိ ပြန်မထွက်သေးဘူးလို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုးမှုဟာ ကျိုက်ထိုမြို့နယ်မှာ အကြီးအကျယ် ထိုးစစ်ဆင်ဖို့ ကြိုတင်ပြင်ဆင်တာ ဖြစ်နိုင်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းတွေဟာ ကျောက်ရေတွင်း၊ ခရွဲ၊ ပိန္နဲကုန်း၊ ဝင်းကံကျေးရွာအနီးမှာ တပ်ဖြန့်ထားတာကြောင့် နှစ်ဖက်စစ်ရေးဆက်လက်တင်းမာနေတယ်လို့ ဆိုပါတယ်။

ကျိုက်ထိုမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုးမှုကြောင့် ငှက်ပျောတော၊ခရွဲကျေးရွာအုပ် စုနဲ့ဝင်းကံကျေးရွာအုပ်စုရှိ ရွာပေါင်း ၁၉ ရွာက ဒေသခံ ၁၂၀၀၀ ကျော် စစ်ရှောင်နေရပြီး လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးပါဘူး။

ဓာတ်ပုံ - CJ / Crd
August 20, 2026
မွန်ပြည်တွင် စစ်အုပ်စုတပ် အသွင်ပြောင်း ပြည်နယ်အစိုးရ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီး ၄ လကျော် ကာလ...
(ဓာတ်ပုံ - CJ)
August 19, 2026
မွန်ပြည်နယ် လွှတ်တော်တွင် လောင်းကစားဝိုင်းများ ပိတ်သိမ်းရေးအဆို အတည်ပြုထားသော်လည်း စစ်အုပ်စု...
ဓာတ်ပုံ - NUG
August 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းသား မဟာမိတ်များနှင့် စုဖွဲ့ထားသည့် ဖက်ဒရယ်...
ဓါတ်ပုံ - Asean (ပုံဟောင်း)
August 17, 2026
မြန်မာ့အရေး ဖြေရှင်းရာတွင် အာဆီယံက ချမှတ်ထားသည့် ဘုံသဘောတူညီချက် ၅ ရပ်နှင့် ပတ်သက်၍ လက်ရှိ...