ဒီးမော့ဆို အနောက်ဘက်ခြမ်း စက်သုံးဆီတွေ ပြတ်လပ်

ဒီးမော့ဆို အနောက်ဘက်ခြမ်း စက်သုံးဆီတွေ ပြတ်လပ်

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ စက်သုံးဆီ စျေးမြှင့်တက်လာသလို ဒီကနေ့မှာတော့ ဝယ်မရတော့ဘူးလို့ ဒေသခံတွေဆီကနေသိရပါတယ်။

"ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာတော့ ဓာတ်ဆီတွေကို အလုအယက် ဝယ်နေကြတယ်။ တချို့ဆိုင်တွေဆို ဆီပြတ်ကုန်ပြီ ဝယ်လို့ မရတော့ဘူး" လို့ ဒေသခံ အမျိုးသမီး တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာတော့ ဓာတ်ဆီတွေ ပုံမှန်ရောင်းနေကြပေမယ့် ဒီရက်ပိုင်း အတွင်းမှာပဲ စျေးနှုန်းတွေ စတင်မြင့်တက်လာတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်း တွေမှာတော့ ဓာတ်ဆီ ၁ ဂါလံကို တစ်သောင်းလေးထောင်ကနေ မတ်လ ၃ ရက်နေ့မှာတော့ ၁ ဂါလံကို တစ်သောင်းရှစ်ထောင်ထိ ပေးဝယ်နေရတယ်လို့ ဒေသခံ အမျိုးသား တဦးက အခုလို ပြောပါတယ်။

"အရင်ရက်တွေကတော့ (တလီတာ) သုံးထောင်ငါးရာပဲရှိသေးတယ်။ အရင် မတိုင်ခင် ၁ လလောက်ကတော့ သုံးထောင် နှစ်ရာ၊ ငါးဆယ်အထိတော့ ရသေးတယ်။ ဒီရက်သွားထည့်လိုက်တာ လေးထောင် ဖြစ်သွားတယ်။ အစကတော့ ၁ ဂါလံကို တစ်သောင်းလေးထောင် တစ်သောင်းငါးထောင် နဲ့ ဝယ်ရတာ ။ အခုကတော့ တစ်သောင်း ရှစ်ထောင်ထိ ဖြစ်သွားတယ်။" လို့ ဒေသခံ အမျိုးသား တဦးက ပြောပါတယ်။

အလားတူ ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာလည်း ဓာတ်ဆီ ၁ လီတာကို ပုံမှန် လေးထောင်ကနေ ဒီကနေ့မှာတော့ ငါးထောင်ထိ ဈေးတက်လာတာကို တွေ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အီရန်နိုင်ငံကို အမေရိကန်နဲ့ အစ္စရေးတို့ ဗုံးကြဲတိုက်ခိုက်ပြီးတဲ့ နောက်ပိုင်းမှာ ကျယ်ပြန့်လာတဲ့ အရှေ့အလယ်ပိုင်း စစ်ရေးကြောင့် ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနက ပြည်ပကို ပို့ဆောင်ရောင်းချနေတဲ့ စက်သုံးဆီတွေကို ဆိုင်းငံ့ထားကြောင်း ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပြီးနောက် အိမ်နီးချင်းနိုင်ငံတွေမှာ စက်သုံးဆီစျေးတွေ ထိုးတက်လာသလို အလုအယက်ဝယ်ကြတာကြောင့် ဆီပြတ်လပ်မှုနဲ့ ကြုံနေကြတာပါ။

 

Most read this week

September 4, 2026
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့်...
September 3, 2026
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇...
လွိုင်ကော်မြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် လာရောက်လျှောက်ထားသူများကို ၂၀၂၂ ခုနှစ်က တွေ့ရစဉ် / ပုံဟောင်း
September 3, 2026
စစ်အုပ်စုတပ် ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် နိုင်ငံကူးလက်မှတ် (Passport)...
September 2, 2026
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလတွင် ဖွဲ့စည်းခဲ့သည့် ကရင်နီအမျိုးသား...