ပုလောတိုက်ပွဲအတွင်း စစ်တပ်ဗုံးကြဲမှုကြောင့် ဒေသခံထောင်ချီ စစ်ရှောင်နေရ

ပုလောတိုက်ပွဲအတွင်း စစ်တပ်ဗုံးကြဲမှုကြောင့် ဒေသခံထောင်ချီ စစ်ရှောင်နေရ

ပုလော — တနင်္သာရီတိုင်း ပုလောမြို့နယ် တောင်ခေါင်းလောင်းကျေးရွာအနီး ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ဒေသခံ ထောင်ချီ စစ်ရှောင်နေရတယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက်နေ့ မနက်ပိုင်းက တောင်ခေါင်းလောင်းကျေးရွာအနီး တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းအဖွဲ့တွေက သွားရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်က သူတို့စခန်း မကျရေးအတွက် လေကြောင်းကနေ နှစ်ကြိမ်တိုင်တိုင် ပစ်ကူပေးသွားပြီး လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်မှုတွေ လုပ်ဆောင်နေတာပါ။

နှစ်ဖက်တိုက်ပွဲနဲ့အတူ စစ်ကော်မရှင်တပ်ရဲ့ ဗုံးကြဲမှုကြောင့် ခန္တီး၊ တောင်ခေါင်းလောင်း၊ ပြင်ကြီးနဲ့ ကုလားမခေါင်းကျေးရွာတို့က ဒေသခံ ၁၀၀၀ ကျော်ဟာ ဘေးလွတ်ရာ နေရာတွေကို အသက်လုထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

တောင်ခေါင်းလောင်းကျေးရွာ တိုက်ပွဲဟာ မနက် ၁၁ နာရီအချိန်ထိ အပြင်းအထန် ဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှု အသေးစိတ် မသိရသေးပါဘူး။

ပုလောမြို့နယ်မှာ စစ်ကော်မရှင်တပ်ဟာ ရွေးကောက်ပွဲပြီးနောက် နယ်မြေရှင်းလင်းရေး ခေါင်းစဉ်နဲ့ ကျေးရွာ အများစုကို စစ်ကြောင်းထိုးပြီး ဒေသခံ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

သတင်း - သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Most read this week

ဓာတ်ပုံ - CJ
August 22, 2026
မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာမှုကြောင့် ကရင်ပြည်ရှိ ဘားအံမြို့အပါအဝင်...
ဓာတ်ပုံ – MOI
August 21, 2026
စစ်အုပ်စုတပ်၏ တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ ထိုင်းခရီးစဉ်အတွင်း နှစ်နိုင်ငံ...
ဓာတ်ပုံ - BGF
August 21, 2026
ကရင်ပြည်၊ ဖာပွန်စစ်ဆင်ရေးအတွင်း စစ်အုပ်စုတပ်ကို ကူညီပေးနေပြီး စစ်အုပ်စုတပ် လက်အောက်ခံအဖြစ်...
ဓာတ်ပုံ - CJ / Crd
August 20, 2026
မွန်ပြည်တွင် စစ်အုပ်စုတပ် အသွင်ပြောင်း ပြည်နယ်အစိုးရ အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပြီး ၄ လကျော် ကာလ...