မကွေးမြို့အထွက်မှာ လူငယ် ၁၁ ဦး ပေါ်တာဆွဲခံရ

မကွေးမြို့အထွက်မှာ လူငယ် ၁၁ ဦး ပေါ်တာဆွဲခံရ
ဓာတ်ပုံ-Social Media
ဓာတ်ပုံ-Social Media

မကွေးတိုင်း ပွင့်ဖြူကနေ ရန်ကုန်ကို အလုပ်သွားလုပ်တဲ့ လူငယ် ၁၁ ဦးကို စစ်ကော်မရှင်တပ်သားတွေက မကွေးမြို့အထွက် ကံပြားဂိတ်မှာ ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တွေက သံ လွင်တိုင်းမ်ကို ပြောပါတယ်။

ကျောင်းတော်ရာကနေ ရန်ကုန်ပြေးဆွဲနေတဲ့ နန်းထိုက်တော်ဝင် ခရီးသည်တင်ကားမှာ စီးနင်းလိုက် ပါတဲ့ လူငယ် ၁၁ ဦးကို ဖေဖော်ဝါရီ ၁၃ ရက်က ပေါ်တာဆွဲဖမ်းဆီးခဲ့တာဖြစ်ပြီး တစ်ဦးကို ကျပ် သိန်း ၁၅၀ နဲ့ ရွေးယူဖို့ စစ်ကော်မရှင်တပ်သားတွေက မိသားစုထံအကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

"နန်းထိုက်တော်ဝင်ကားသမားတွေက စစ်တပ်နဲ့ပေါင်းပြီးလုပ်စားနေတာပါ။ အခုမှ မဟုတ်ပါဘူး။ အရင်ကလည်း အဲဒီလိုမျိုး ခဏခဏဖြစ်ပါတယ်။ နယ်ခံတွေ အကုန်လုံးလည်း သိပါတယ်။ အခုက အကုန်အာမခံတယ်ဆိုလို့ ပိုက်ဆံပိုပေးပြီး အဲဒီကားနဲ့ ထည့်လိုက်ခါမှ အကုန်ပေါ်တာဆွဲခံရတာပါ" လို့ ပေါ်တာဆွဲခံရတဲ့ လူငယ်ရဲ့ အစ်မဖြစ်သူက သံလွင်တိုင်းမ်ကိုပြောပါတယ်။

မကွေးကနေ ရန်ကုန်ကို အလုပ်သွားလုပ်မယ့် လူငယ်တွေနဲ့ပတ်သက်လို့ နန်းထိုက်တော်ဝင်ကားသမားတွေကို စာရွက်စာတမ်း၊ လုံခြုံရေးနဲ့ ပတ်သက်လို့ မိသားစုတွေက သေချာမေးမြန်းခဲ့ပြီး ကားသမားတွေက အာမခံပြီး တင်ဆောင်ပေမဲ့ ယခုလိုမျိုး ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ် ၁၁ ဦးကို ဘယ်မှာထားရှိတယ်ဆိုတာ မသိရသေးပေမဲ့ မကွေးထွေအုပ်ရုံးကတဆင့် ကျပ်သိန်း ၁၅၀ နဲ့ လာရွေးဖို့ မိသားစုထံဆက်သွယ်တယ်လို့ သိရပါတယ်။

နန်းထိုက်တော်ဝင်ကားပေါ်ကနေ ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ လူငယ် ၁၁ ဦးမှာ ကျောင်းတော်ရာက လူငယ် ၆ ဦး၊ ရွေလှေရွာ က ၂ ဦးနဲ့ သမင်ခြံကျေးရွာက ၁ ဦး နဲ့ တခြားကျေးရွာက ၂ ဦးပါဝင်တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့လူငယ်တွေနဲ့ပတ်သက်လို့ ကျပ်သိန်း ၁၅၀ နဲ့ရွေးရမယ်ဆိုတာကြောင့် မိသားစုဝင်တွေအနေနဲ့ ရွေးဖို့ ခက်ခဲနေပြီး နောက်လူငယ်တွေ ဒါမျိုးမဖြစ်အောင်အသိပေးခြင်းဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ပွင့်ဖြူကနေ ရန်ကုန်ကိုပြေးဆွဲနေတဲ့ နန်းထိုက်တော်ဝင်၊ ရွှေပွင့်ဖြူနဲ့ မိုးသောက်ရောင်နီ ကားလိုင်းတွေက စစ်ကော်မရှင်ဂိတ်တွေနဲ့ ပူးပေါင်းပြီး လူငယ်တွေကို ပေါ်တာဆွဲဖို့ လုပ်ဆောင်နေတာဟာ ဒေသခံတွေကတော့ ဟုတ်မှန်တယ်လို့ ပြောဆိုနေကြပေမဲ့ သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

March 30, 2026
ဖွဲ့စည်းပုံအခြေခံဥပဒေပါ ၄၃ ချက်ကို ပြည်ထောင်စုလွှတ်တော်မှာ စုစည်းတင်ပြပြီး ပြင်ဆင်သွားမယ်လို့...
ဓာတ်ပုံ-CJ
March 28, 2026
စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တွေကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်မှုကြောင့်...
March 27, 2026
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့မှာ အွန်လိုင်းငွေလိမ်လုပ်ငန်း...
ဓာတ်ပုံ-MOI
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမ္မတလုပ်မယ်ဆိုရင် သူ့အတွက်...