စ်ကော်မရှင်တပ်စွဲခဲ့ဖူးတဲ့ ရွာတရွာရဲ့ ရေတွင်းထဲက လူအရိုးစုတွေကို ဆယ်ယူပြီး ကောင်းမွန်စွာ သင်္ဂြိုလ်ပေး

စ်ကော်မရှင်တပ်စွဲခဲ့ဖူးတဲ့ ရွာတရွာရဲ့ ရေတွင်းထဲက လူအရိုးစုတွေကို ဆယ်ယူပြီး ကောင်းမွန်စွာ သင်္ဂြိုလ်ပေး

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ၁ လေးလုံး စစ်ဆင်ရေးမတိုင်အချိန်က စစ်ကော်မရှင်တပ်တွေ အထိုင်ချ တပ်စွဲထားခဲ့ဖူးတဲ့ ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်၊ ကျေးရွာတစ်ခုရဲ့ ရေတွင်းထဲက လူအရိုးစုတွေကို ရွာခံတွေက ဆယ်ယူပြီး ကောင်းမွန်စွာ သင်္ဂြိုလ်ပေးနိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဒီအရိုးစုတွေကို တွေ့ရှိထားတာ စစ်ကော်မရှင်တပ်တွေ ဆုတ်ခွာသွားကတည်းကဖြစ်ပေမယ့် ယနေ့ အချိန်ထိ ဆယ်ယူတာတွေမရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဖယ်ရှားပေးဖို့ သက်ဆိုင်ရာနယ်မြေခံ တာဝန်ရှိသူတွေကို တောင်းဆိုထားပေမယ့် လာရောက်ဖယ်ရှားပေးခြင်း မရှိဘူးလို့ ဆိုပါတယ်။

"ရေတွင်းထဲမှာက ထောင်းဆုံ အကြီးမျိုးပေါ့၊ ရေတွင်းဝမှာ ပိတ်ထားတာတွေ့တယ်ပေါ့နော်။ အဲ့ဒါပြန်ဆယ်ထုတ်တဲ့အချိန်မှာ ဝါးနဲ့ထိုးကြည့်တဲ့အခါ ပုဆိုးတွေ ဘောင်းဘီတွေထွက်လာတယ်။ပြီး‌‌တော့ အရိုးတွေထွက်လာတယ် " လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါ အဝတ်အစားနဲ့ အရိုးစုတွေဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာနဲ့ လူဘယ်နှစ်ဦးဖြစ်လဲ ဆိုတာတော့ မသိသေးဘူးလို့ ပြောပါတယ်။

အချိန်ကြာမြင့်နေပြီဖြစ်ပေမယ့် လက်ရှိအချိန်မှ ပြန်လည်ရှင်းလင်းဖို့လုပ်ဆောင်ရတဲ့ အကြောင်းအရင်းကိုလည်း ဒေသခံတစ်ဦးက အခုလိုပဲပြောပြပါတယ်။

"အရင်ကဆို လပြည့်လကွယ်ပဲ ခွေးဟောင်သံကြားတယ်။ ကလိန်း ကလုန်း ကလိန်း ကလုန်း ဆိုပြီး လမ်းလျှောက်သံ၊ ပြေးသံ၊ အော်ဟစ်သံကြားတယ်ပေါ့နော်။ အခုချိန်ကျတော့ နေ့ဆိုလဲ ခွေးဟောင်တယ်။ ညဆိုလဲ ခွေးဟောင်တယ်။ တချို့ဆိုလည်း တွေ့တာပေါ့နော်။ ခွေးက ညအချိန်ဟောင်ရင် ဘေးပတ်ဝန်းကျင်က အနှောင့်အယှက်ဖြစ်တော့ အိပ်မရဘူးပေါ့။ နေ့အချိန်ပါခွေးဟောင်တော့ ဘေးပတ်ဝန်းကျင် မနေရဲတော့ဘူးပေါ" လို့ သူက ဆိုပါတယ်။

တွေ့ရှိထားတဲ့ လူရိုးစုတွေကို ဆယ်ယူပြီးရင်တော့ ကျေးရွာတာဝန်ရှိသူတွေကနေ ကောင်းမွန်စွာ ပြန်လည်သင်္ဂြိုလ်ပေးသွားမယ်လို့ သိရပါတယ်။

February 9, 2026
ပြီးခဲ့တဲ့နှစ်က ဒီးမော့ဆိုမြို့ပေါ် အနီးတစ်ဝိုက်မှာ စစ်ဘေးရှောင်ရင်း စပါး ၊ ပြောင်း...
February 7, 2026
ကရင်နီပြည် ဆိုမိုဖေစိုးလေး (ရှားတော) မြို့နယ်က လူထုတွေအကြား ဖြစ်ပွားနေတဲ့ အရေပြားရောဂါဟာ...
February 6, 2026
ကရင်နီပြည် ၊ မယ်စဲ့မြို့နယ်အတွင်းမှာ သဘာဝ သားငါးတိရစ္ဆာန်တွေ မျိုးတုံးစေနိုင်တဲ့...
February 5, 2026
ကရင်နီပြည်မှာ စစ်ကော်မရှင်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်...