လွိုင်ကော်မြို့မှာ ညမထွက်ရ အမိန့်ကို အချိန် တိုးမြှင့်

လွိုင်ကော်မြို့မှာ ညမထွက်ရ အမိန့်ကို အချိန် တိုးမြှင့်

စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့တွင်းမှာ ညမထွက်ရအမိန့်ကို ည ၉ နာရီကနေ မနက် ၄ နာရီထိ ပြောင်းလဲ သတ်မှတ်လိုက်တယ်လို့ လွိုင်ကော်မြို့ခံတွေက ပြောပါတယ်။

ယမန်နေ့ ဇန်နဝါရီလ ၇ ရက်နေ့က မြို့ပေါ်ရပ်ကွက်တွေမှာ စစ်ကော်မရှင်လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေက လှည့်လည်ကြေညာခဲ့တယ်လို့ ဆိုပါတယ်။

ယခင်က ညမထွက်ရအမိန့်ကို ည ၁၁ နာရီကနေ မနက် ၄ နာရီ ထိ သတ်မှတ်ထားတာဖြစ်ပြီး လက်ရှိမှာတော့ ည ၉ နာရီကနေ မနက် ၄ နာရီထိ အချိန်တိုးမြှင့်လိုက်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

''ရွေးကောက်ပွဲပြီးမှပဲ ဘာလို့ ညမထွက်ရအမိန့်က အဲ့လိုဖြစ်သွားလဲ သိပ်တော့နားမလည်ဘူး ၊ သူတို့မကြေညာလည်း ညထွက်တဲ့သူတော့နည်းပါတယ် '' လို့ မြို့ခံတဦးက ပြောပါတယ်။

ယခု ဇန်နဝါရီလအတွင်းမှာပဲ ပြီးခဲ့တဲ့လတွေထက် လွိုင်ကော်မြို့တွင်းမှာ စစ်သား၊ ရဲ လုံခြုံရေးအင်အား တိုးမြင့်ထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

''ည ၁၀ နာရီလောက်ဆို စစ်သားတွေ ရပ်ကွက်ထဲကို ကင်း ပတ်ပြီ စကားပြောသံတွေ ကြားနေရပြီ ဒီရက်ပိုင်းတွေထဲ '' လို့ ကြည်သာယာရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးကဆိုပါတယ်။

လာမယ့် ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ပြုလုပ်မယ့် ကယားပြည်နယ်နေ့ အခမ်းအနားကို စစ်ကော်မရှင်က အောင်မြင်စွာ ကျင်းပနိုင်ဖို့ အခုလိုလုံခြုံရေးအင်အား တိုးမြှင့်တာဖြစ်နိုင်တယ်လို့ ဒေသခံတချို့က သုံးသပ်ကြပါတယ်။

၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ ၂၈ ရက်နေ့က စစ်ကော်မရှင် ထိန်းချုပ်တဲ့ လွိုင်ကော်မြို့မှာ ရွေးကောက်ပွဲ အပိုင်း ( ၁ )ကျင်းပနေစဉ် မြို့တွင်းထဲ လက်နက်ကြီး ကျရောက်ခဲ့ပါသေးတယ်။

ပုံစာ - လွိုင်ကော်မြို့တွင်း၊ တောင်ဈေးအနီးအနားက မီးပွိုင့် တနေရာကို မြင်တွေ့ရစဉ် ( ဓါတ်ပုံ - ဒေသခံ )

February 19, 2026
ကရင်နီပြည် ၊ လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘောလခဲ-ဖားဆောင်း ကို ဆက်သွယ်ထားတဲ့...
February 18, 2026
ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မနက်ပိုင်းမှာ ကရင်နီပြည်နယ်အတွင်းက ဖားဆောင်း သံလွင် မြစ်ကူး တံတား...
ပျက်စီးသွားတဲ့ ဖားဆောင်းတံတား နဲ့ ထူးချောင်းတံတားကို တွေ့ရစဉ်
February 17, 2026
ကရင်နီပြည် ၊ ဖားဆောင်းမြို့ကို ဖြတ်သန်းစီးဆင်းနေတဲ့ သံလွင်တံတား ယခုရက်ပိုင်းအတွင်းမှာပဲ...
ဓါတ်ပုံ - Mg Bo (Facebook)
February 16, 2026
ကရင်နီပြည်က မြေပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ဟာ အ‌ရေပြားယားနာ အဖြစ်များနေကြပြီး...