မြေပဲသိမ်းယူနေတဲ့ စစ်ဘေးရှောင်အမျိုးသမီးတဦး ဒရုန်းဗုံးသီးစ ထိမှန်ပြီး ဒဏ်ရာပြင်းထန်

မြေပဲသိမ်းယူနေတဲ့ စစ်ဘေးရှောင်အမျိုးသမီးတဦး ဒရုန်းဗုံးသီးစ ထိမှန်ပြီး ဒဏ်ရာပြင်းထန်

နိုဝင်ဘာလ ၁၆ ရက်နေ့က မွန်းလွှဲ ၁၂ နာရီခွဲ ဝန်းကျင်မှာ ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ တောင်ယာခင်းတခုအတွင်းကို စစ်ကော်မရှင်တပ်က ဒရုန်းတစီးနဲ့ တိုက်ခိုက်ခဲ့ပြီး မြေပဲသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေထဲက အသက် ၂၉ နှစ် အရွယ် အမျိုးသမီးတဦးက ပေါင် နဲ့ ညာဖက် ရင်ဘတ်ထိမှန်လို့ ဒဏ်ရာပြင်းထန်တယ်လို့ စစ်ဘေးရှောင်တွေဆီကနေ သိရှိရပါတယ်။

“ပထမ လာတဲ့ အခေါက်မှာပဲ တောင်ယာခင်းမှာ မြေပဲသိမ်းနေတာ ကြဲချတာ၊ သူတို့ သုံးယောက်ရှိတယ်၊ အမျိုးသမီးတဦးတည်းပဲ ထိသွားတယ်ပေါ့နော်” လို့ မျက်မြင်သက်သေ စစ်ဘေးရှောင် တဦးက ပြောပါတယ်။

အဆိုပါ စစ်ဘေးရှောင်အမျိုးသမီးနဲ့အတူ တောင်ယာခင်းမှာ မြေပဲသိမ်းယူနေကြတာ သုံးဦး ရှိပြီး အမျိုးသမီးတဦးကို ဒရုန်းဗုံးစမှန် ထိမှန်သွားတာ ဖြစ်ပါတယ်။

“သူ့ပေါင်ကတော့ ဖြောင်ထွက်သွားတယ်၊ ညာဘက် ရင်ဘတ်မှာတော့ ကျည်စက အထဲမှာ ကျန်ခဲ့လောက်တယ်” လို့ အဆိုပါ မျက်မြင်သက်သေ စစ်ဘေးရှောင်တဦးက ဆက်ပြောပါတယ်။

စစ်ဘေးရှောင်တွေဟာ စက်တင်ဘာလကနေစပြီး စိုက်ပျိုးထားတဲ့ သီးနှံတွေကို ပြန်လည်ရိတ်သိမ်းနေကြရတာပါ။ ဖရူဆိုမြို့နယ်အတွင်းမှာတော့ မြေပဲဟာ ဒုတိယအများဆုံး စိုက်ပျိုးတဲ့ သီးနှံဖြစ်ပြီး ဒေသခံနဲ့ စစ်ဘေးရှောင်တွေက စားဝတ်နေရေးအတွက် လုံခြုံရေးစိုးရိမ်မှုကြားကနေ တောင်ယာခင်းထဲကို မဖြစ်မနေ သွားရောက်ရိတ်သိမ်းကြတာ ဖြစ်ပါတယ်။

ယခုရက်ပိုင်းအတွင်း ဖရူဆို – ဘောလခဲ လမ်းမကြီးတလျှောက်မှာ စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Most read this week

August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...
August 13, 2026
ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ်...
August 13, 2026
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် အာဆီယံ နိုင်ငံများအနေဖြင့်...