စစ်ကော်မရှင်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် လူနေအိမ်တွေ ထိမှန်ပျက်စီး

စစ်ကော်မရှင်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် လူနေအိမ်တွေ ထိမှန်ပျက်စီး
Photo credit - CJ
Photo credit - CJ

မနေ့က နိုဝင်ဘာလ (၁၂) ရက်နေ့ မှာ စစ်ကော်မရှင်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေဟာ နန်းမယ်ခုံမြို့နယ်၊ နမ့်စံခမ်းရှိ ဒေသခံတွေရဲ့ စိုက်ခင်းထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်းမုခ်ဦးနဲ့ လူနေအိမ်တွေလည်း ထိမှန်ပျက်စီးခဲ့ပါတယ်။

လက်နက်ကြီးကျလာတဲ့အချိန်မှာ အသက်လုပြီး ထွက်ပြေးခဲ့ရတာကြောင့် ဘေးကင်းခဲ့တာ ဖြစ်တယ်လို့ လက်နက်ကြီးကျတဲ့အနီးမှာ စျေးရောင်းနေတဲ့ ဒေသခံအမျိုးသမီး တဦးက အခုလို ပြောပါတယ်။

“ကျောင်းဆင်းချိန်လေ။ သုံးနာရီ လေးနာရီ ဝန်းကျင်ရှိတယ်ပေါ့။ လက်နက်ကြီးကျတဲ့အချိန် ဒီမှာ မတ်တပ်ရပ်ပဲ။ ငါသေတော့ မယ်ဆိုပြီး ထွက်ပြေသွားတာ” လို့ အဆိုပါ အမျိုးသမီးက ပြောပါတယ်။

လက်နက်ကြီးကြောင့် ဘုန်းကြီးကျောင်းမုခ်ဦး အပါအဝင် အနီးအနားက ပြည်သူနေအိမ်တွေ လက်နက်ကြီးစတွေ ထိမှန်ခဲ့ပြီး လူထိခိုက်မှုတော့ မရှိဘူးလို့ သူမက ဆက်ပြောပါတယ်။

ယခုလို လက်နက်ကြီးကျတာကြောင့် စိုးရိမ်ပူပန်မှုတွေရှိပေမဲ့ ဝမ်းရေးအတွက် မဖြစ်မနေ စျေးရောင်းရတာဖြစ်လို့ သတိနဲ့ နေထိုင်နေရကြောင်းကိုလည်း အဆိုပါ ဒေသခံအမျိုးသမီးက ဆက်ပြောပါတယ်။

“‌ကြောက်လည်းကြောက်၊ စျေးလည်း ရောင်းချင်တယ်ကော။ စားစရာလည်း မရှိဘူးကော။ ဟို့ (စစ်ရှောင်စခန်း) မှာ ရွှေ့သွားနေ။ ပြီး‌တော့ ပြန်လာတာ ကြောက်လည်းကြောက်တယ်။ စျေးမရောင်းရရင်လည်း စားစရာမရှိတော့ဘူးလေ” လို့ ‌သူမက ပြောပါတယ်။

ယခုတပတ်အတွင်း စစ်ကော်မရှင်တပ်က ဒီးမော့ဆိုနဲ့ မိုးဗြဲ ကို လက်နက်ကြီးနဲ့ နေ့စဉ်ပစ်ခတ်နေတာရှိပြီး နိုဝင်ဘာလ (၁၁) ရက်နေ့မှာလည်း ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းရှိ အိုကေကျေးရွာအနီးမှာ လက်နက်ကြီး ကျရောက်ပေါက်ခဲ့တာကြောင့် ပြည်သူနေအိမ်တချို့ လက်နက်ကြီးစ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

February 6, 2026
ကရင်နီပြည် ၊ မယ်စဲ့မြို့နယ်အတွင်းမှာ သဘာဝ သားငါးတိရစ္ဆာန်တွေ မျိုးတုံးစေနိုင်တဲ့...
February 5, 2026
ကရင်နီပြည်မှာ စစ်ကော်မရှင်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်...
ပုံဟောင်းအသုံးပြုထားသည်။
February 4, 2026
စစ်ကော်မရှင် အာဏာသိမ်းပြီးနောက် ၅ နှစ်အတွင်း ကရင်နီပြည်၊ လွိုင်ကော်မြို့ အကျဉ်းထောင်မှာ...
ဓါတ်ပုံ - KNDF BO-15
February 3, 2026
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း (၁၅) ဖွဲ့စည်းပြီး ၄ နှစ်ကျော်အတွင်း ကျဆုံးရဲဘော်...