လွိုင်ကော်အကျဉ်းထောင်မှာ လွတ်ရက်စေ့ပေမယ့် အမှုသစ်တွေနဲ့ ထပ်မံတရားစွဲခံရတဲ့ အကျဉ်းသား (၆) ဦးရှိနေ

လွိုင်ကော်အကျဉ်းထောင်မှာ လွတ်ရက်စေ့ပေမယ့် အမှုသစ်တွေနဲ့ ထပ်မံတရားစွဲခံရတဲ့ အကျဉ်းသား (၆) ဦးရှိနေ
Photo credit - CJ
Photo credit - CJ

ကရင်နီပြည်၊ လွိုင်ကော်အကျဉ်းထောင်မှာ အကျဉ်းကျခံနေတဲ့ အကျဉ်းသားတွေ လွတ်ရက်စေ့လို့ ပြန်လည် လွတ်မြောက်ရမယ့်ရက်တွေမှာ လွတ်မြောက်ခွင့်မရပဲ နောက်ထပ်အမှုသစ်နဲ့ ထပ်မံတရားစွဲခံနေရတဲ့ အကျဉ်းသား (၆) ဦး ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက လွတ်ရက်စေ့လို့ ပြန်လည်လွတ်မြောက်လာသင့်တဲ့ အကျဉ်းသား တဦးဟာ လွတ်မြောက်ခွင့်မရပဲ နောက်ထပ်အမှုသစ်နဲ့ ထပ်မံတရားစွဲခံရပြီး အကျဉ်းထောင်မှာပဲ ဆက်နေရတယ်လို့ သိရပါတယ်။

သူနဲ့အတူ နောက်ထပ်အမှုသစ်နဲ့ ထပ်မံတရားစွဲခံနေရတဲ့ အကျဉ်းသား (၆) ယောက်ရှိတယ်လို့ ကရင်နီနိုင်ငံရေးအကျဉ်းသားများ အစည်းအရုံး KPPA ရဲ့ အဖွဲ့ ဝင်တဦးက အခုလို ပြောပါတယ်။

“လွိုင်ကော်အကျဉ်းထောင်ကနေ လွတ်ပြီးတော့ နောက်ထပ်အမှုနဲ့ ပြန်စွဲခံရတဲ့သူ စုစုပေါင်း ၆ ယောက်ရှိပြီ။ အရင်လကတော့ တယောက်ပေါ့နော်။ ကျန်တဲ့လူတွေကတော့ ရှေ့ကလူတွေပေါ့။ ဆိုတော့ သူတို့က ဘာကြောင့် ပြန်စွဲခံရလည်းဆိုတော့ များသောအားဖြင့် သူတို့အမှုက ၁၇/၁ မတရား အသင်းနှင့် ဆက်သွယ်တဲ့အမှု အဲ့ဒီအမှုနဲ့ တိုက်ခံတဲ့လူက နောက်အမှု ထပ်မံစွဲခံရဖို့ ရာခိုင်နှုန်းများတယ်။ ဥပမာ ကျနော်တို့ဆိုရင် ၅၂(က) အကြမ်းဖက်ခံရမှုနဲ့ အစွဲခံရတယ်။ သို့ပေမယ့် ကျနော်တို့ ပြန်လွတ်လာတဲ့အချိန် ဒီတိုင်းလွတ်လာတယ်ပေါ့နော်။ သို့ပေမယ့် လူတယောက်က ဥပမာ ကျနော်ပေါ့… ကျနော့်ကို ၁၇/၁ နဲ့ စွဲထားပြီးတော့ ၁၇/၁ နဲ့ ထောင်ကျနေမယ်ဆိုရင် ပြန်လွတ်လာမယ့်ရက်က မသေချာဘူး။ နောက်အမှု ပြန်စွဲခံဖို့ ရာခိုင်နှုန်းအရမ်းများတယ်” လို့ ပြောပါတယ်။

အဆိုပါ အမှုသစ်တွေနဲ့ ထပ်မံတရားစွဲခံရတဲ့ (၆) ဦးထဲက (၄) ဦးဟာ ပုဒ်မ -၅၂ (က) နဲ့ ပြန်လည် စွဲဆို ခံထားရတာ ဖြစ်ပြီး ထောင်ဒဏ် (၅) နှစ်နီးပါး ပြန်လည် ကျခံထားရပါတယ်။ ကျန်တဲ့ (၂) ယောက်ကိုတော့ ဘာအမှုနဲ့ ထပ်မံစွဲဆိုထားလဲဆိုတာကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ KPPA ရဲ့ တာဝန်ရှိသူ တဦးက ပြောပါတယ်။

“ကျနော်သိရသလောက်တော့ အဲ့လိုမျိုးအမှုပြန်စွဲထားတာ ၆ ယောက်ရှိတာပေါ့နော်။ အဲဒီ ၆ ယောက်ထဲမှာ အတည်ပြုနိုင်တဲ့ လေးယောက်ရှိတယ်။ အဲဒီလေးယောက်က ၅၂(က) နဲ့ ပြန်ပြီး တရားစွဲခံရတယ်ပေါ့နော်။ ငါးနှစ်နီးပါး ပြန်ကျကြတယ်။ ဒါပေမဲ့ နှစ်ယောက်ကတော့ အတည်မပြုနိုင်သေးဘူး။ အဲ့လိုအခြေအနေရှိတယ်”လို့ သူက ဆက်ပြောပါတယ်။

အဆိုပါ အမှုသစ်တွေနဲ့ ထပ်မံတရားစွဲခံရတဲ့ (၆) ဦးလုံး ရဲ့ အချက်အလက်ကိုတော့ သူတို့ရဲ့ လုံခြုံရေးအရ ထုတ်ဖော်ပြောဆိုခွင့်မရှိဘူးလို့လည်း သူက ဆိုပါတယ်။

ကရင်နီပြည်၊ လွိုင်ကော်အကျဉ်းထောင်မှာတော့ နိုင်ငံရေးအကျဉ်းသားဦးရေ (၅၀) ဝန်းကျင် အပါအဝင် အကျဉ်းသား စုစုပေါင်း (၇၀၀) ခန့် ရှိပြီး ဧည့်တွေ့ခွင့် မရရှိကြဘူးလို့ သိရပါတယ်။

ဓါတ်ပုံ - ထွန်းမြန်မာဒိုနေးရှင်း
January 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်က ကျေးရွာတနေရာအနီးအနားကို ဇန်နဝါရီလ ၁၄ ရက်နေ့မှာ စစ်ကော်မရှင်တပ်က...
January 15, 2026
မြေပြင်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ်က လွိုင်ကော်မြို့ပြင်ဖက်ကို ယခုအပတ်အတွင်း...
January 14, 2026
စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်ရင်း ကိုယ်လက်အင်္ဂါပေးဆပ်ထားရတဲ့ တော်လှန်ရေး ရဲဘော်တွေကို...
ဓါတ်ပုံ - TikTok၊ ပေးပို့
January 13, 2026
စစ်ကော်မရှင်ကနေ ဦးစီးပြုလုပ်တဲ့ ( ၇၄ ) နှစ်မြောက် ကယားပြည်နယ်နေ့ပွဲကို ယမန်နေ့ ဇန်နဝါရီလ ၁၂...