စစ်ကော်မရှင်က ဒီးမော့ဆိုအနောက်ခြမ်းက စပါးရိတ်သိမ်းနေတဲ့ တောင်သူတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်

စစ်ကော်မရှင်က ဒီးမော့ဆိုအနောက်ခြမ်းက စပါးရိတ်သိမ်းနေတဲ့ တောင်သူတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်
Photo credit - CJ
Photo credit - CJ

အောက်တိုဘာလ (၃၁)ရက်နေ့ နံနက် (၉)နာရီဝန်းကျင်မှာ စစ်ကော်မရှင်တပ်တွေက စပါးရိတ်သိမ်းနေတဲ့ တောင်သူတွေကို လက်နက်ကြီးနဲ့ ပစ်ခတ် ခဲ့ပါတယ်။

ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ ဒီးမော့ဆို အနောက်ခြမ်းက လယ်ကွင်းတစ်နေရာကို ကျရောက်ပေါက်ကွဲ ခဲ့ပေမဲ့ လူအထိအခိုက်မရှိဘူးလို့သိရပါတယ်။

“လက်နက်ကြီး နှစ်လုံးလောက်လာတယ်။ ပထမဆုံးတစ်ခေါက်ပေါ့နော။ အမလဲ စပါးရိတ်နေတာ။ လက်နက်ကြီးလာတဲ့ ချိန်တော့ ကိုယ်ရှိတဲ့ နေရာလိုက်ဝပ်လိုက်တာပဲ။ စပါးပင်ကြားမှာ ဝင်ပုန်းလိုက်တာ ပေါ့နော” လို့ လက်နက်ကြီးကျရောက်ပေါက်ကွဲတဲ့ နေရာနဲ့ မလှမ်းမကမ်းမှာ စပါးရိတ်သိမ်းနေတဲ့ တောင်သူတစ်ဦးက ပြောပါတယ်။

တောင်သူတွေရဲ့ အဆိုအရ လက်နက်ကြီး ၄ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး တောင်သူတွေအနီးက လယ်ကွင်းနဲက ငါးမွေးကန်တွေအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ဆိုပါတယ်။

”ကြောက်စိတ်ကတော့ သေအောင်ကို‌ကြောက်တာ။ လက်နက်ကြီးလာနေတုန်းဆို ကိုယ်ဘာတစ်ခုမှ မလုပ်တတ်တော့ဘူး။ စပါးရိတ်နေတဲ့ ရိတ်စည်းတွေဆိုလဲ ဒီတိုင်းပစ်ချလိုက်တာပဲ။ ငုပ်နေလိုက်တယ်။ အဲ့ဒီချိန်မှာဆို အကုန်လုံးငုပ်နေကြတယ်လေ။ လာတဲ့ အသံလဲ ကိုယ်ကြားနေရတယ်လေး။ ဘယ်သူမဆို အကုန်လုံးကြောက်ကြတာပဲ လက်နက်ကြီးလာနေတဲ့ ချိန်ပေါ့ပေါ့။ အမတို့ စပါးရိတ်လို့မရ‌အောင်သူတို့ တော့ (စစ်ကော်မရှင်) လက်နက်ကြီးထပ်ပစ်အုံးမယ်ပေါ့။ တောင်သူတွေ ငတ်အောင် သူတို့တော့ (စစ်ကော်မရှင်) ကိုယ့်ကို ထပ်ပြီးတော့ ပစ်လာအုံးမှာပဲ အဲ့ လိုစိတ်မျိုး စိုးရိမ်စိတ်တော့ ရှိတယ်” လို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲတဲ့ နေရာနဲ့ မလှမ်းမကမ်းမှာ စပါးရိတ်သိမ်းနေတဲ့တောင်သူတစ်ဦးကပြောပါတယ်။

စစ်ကော်မရှင်ရဲ့ ဘယ်တပ်ရင်းက ပစ်ခတ်လိုက်တယ်ဆိုတာကိုတော့ အတိအကျ မသိရပေမယ့် ဒီးမော့ဆို အခြေစိုက် တပ်ရင်းတွေကနေဖြစ်နိုင်တယ်လို့ တောင်သူတွေကပြောပါတယ်။

ယခုအောက်တိုဘာလ အတွင်း စစ်ကော်မရှင်က ကရင်နီပြည်အတွင်း စပါးပြန်ရိတ်သိမ်းသူများကို လက်နက်တွေ ဒရုန်းတွေနဲ့ ခပ်စိပ်စိပ် ပစ်ခတ်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့ တဲ့ အောက်တိုဘာလ (၂၁)ရက်နေ့ ကလဲ စစ်ကော်ရှင်က ဒရုန်းနဲ့ ပစ်ခတ်ခဲ့တာကြောင့် စပါးရိတ်သိမ်းနေကြတဲ့ ‌ဒေသခံ တောင်သူတချို့ သေဆုံးတာ ထိခိုက်ဒဏ်ရာရတာတွေရှိခဲ့ပါတယ်။

Most read this week

ကရင်နီပြည်တွင်း၌ ရောင်းချနေသည့် စက်သုံးဆီဆိုင်များ။ / Crd
August 18, 2026
ကရင်နီပြည်တွင်းသို့ အနောက်ဘက်ခြမ်း ဝင်ပေါက်များမှတစ်ဆင့် ပြည်တွင်းထွက် ချက်ဆီများ ရောနှောထား...
August 17, 2026
အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို အာမခံနိုင်မှု...
ဓာတ်ပုံ - ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ရှိ ဆေးပေးခန်း (ပုံဟောင်း)
August 17, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ အဖြစ်...
August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...