လွိုင်ကော်မြို့မှာ ရက်ပေါင်း ၂၀ အတွင်း ရေနစ်သေဆုံးသူ သုံးဦးရှိ

လွိုင်ကော်မြို့မှာ ရက်ပေါင်း ၂၀ အတွင်း ရေနစ်သေဆုံးသူ သုံးဦးရှိ

ကရင်နီပြည်၊ လွိုင်ကော်မြို့ပေါ် မှာ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့တဲ့ ရက်ပေါင်း ၂၀ အတွင်း ရေနစ်သေဆုံးသူ သုံးဦး ရှိခဲ့တယ်လို့ ရွှေညောင်ပင် လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ယခုလ အောက်တိုဘာလ ၁ ရက်နေ့ကနေ ဒီကနေ့ အောက်တိုဘာလ ၂၀ ရက်နေ့အထိ ရက် ၂၀ အတွင်း ရေနစ် သေဆုံးသူ ၃ဦးရှိခဲ့တာပါ။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့က နမ့်ကွတ်ရပ်ကွက်ထဲမှာ အသက် ၁၂ နှစ်အရွယ် ကလေးတစ်ဦး၊ အောက်တိုဘာလ ၇ ရက်နေ့က အမျိုးသားတစ်ဦး‌ ဖြစ်ပါတယ်။ ဒါ့အပြင် အောက်တိုဘာလ ၁၈ ရက်နေ့မှာ လွိုင်ကော်မြို့ ဒေါနိုးကူးရပ်ကွက်က မင်းကျောင်းရေကန်မှာ အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှု ထပ်မံဖြစ်ပွားခဲ့ပါတယ်။

ရေနစ်သေဆုံးခဲ့တဲ့ အရပ်သား ၃ ဦးအနက် တစ်ဦးမှာ ၁၅ နှစ်‌အောက်ကလေးဖြစ်ပြီး ကျန်နှစ်ဦးကတော့ အသက် ၃၀ ကျော်အရွယ်ဖြစ်ပါတယ်။

ရေနစ်သေဆုံးမှု ဖြစ်စဥ်တွေ ထပ်မကြုံရအောင် ရေထဲ ဖြတ်သန်းသွားလာတဲ့အခါ သတိထားဖို့လိုအပ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။

“အခုလို ခနခဏ ဖြစ်တာကြားရ‌တော့ စိတ်တော့မကောင်းဘူး‌။ ရေက မကျသေးတော့ သတိထား သွားလာကြဖို့ရယ် မ‌ပေါ့ဆကြဖို့တော့ လိုတာ‌ပေါ့ ဒီလိုတွေ ထပ်မဖြစ်အောင် ဆက်မဖြစ်အောင်။” လို့ ဒေသခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။

လွိုင်ကော်မြို့တွင်းကို ဖြတ်သန်းစီးဆင်းနေတဲ့ ဘီလူးချောင်းအနီးအနားက နမ့်ကွတ်၊ ဒေါနိုးကူး၊ ရှမ်းပိုင်း၊ မင်းစု၊ ရွှေတောင် စတဲ့ရပ်ကွက်တွေမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ကတည်းက ရေကြီးရေလျှံမှုဖြစ်ပွားနေပြီး လက်ရှိအချိန်ထိ ရေမကျသေးဘူးလို့ ပြောပါတယ်။

ရေကြီးနေဆဲ ရပ်ကွက်တွေမှာ လူထုတွေအနေနဲ့ သတိထားသွားလာကြဖို့ကိုလည်း ရွှေညောင်ပင် လူမှုကူညီရေးအသင်းရဲ့ တာဝန်ရှိသူတစ်ဦးက အသိပေးဖူးတာရှိပါတယ်။

လာမယ့် ရက်သတ္တပတ်အတွင်း ကရင်နီပြည်က နေရာတချို့မှာ မိုးဆက်လက်ရွာသွန်းမယ်လို့ မိုးလေဝသပညာရှင်တွေက အသိပေးထားပါတယ်။

Most read this week

August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...
August 13, 2026
ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ်...
August 13, 2026
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် အာဆီယံ နိုင်ငံများအနေဖြင့်...