မွန်ပြည်နယ်မှာ ရွေးကောက်ပွဲမတိုင်မီ လူငယ်တွေ ဆက်တိုက်ဖမ်းဆီးခံနေရ

မွန်ပြည်နယ်မှာ ရွေးကောက်ပွဲမတိုင်မီ လူငယ်တွေ ဆက်တိုက်ဖမ်းဆီးခံနေရ

မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင်က ကျင်းပပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲမတိုင်မီ ကာလအတွင်း ဒေသတွင်းက လူငယ်တွေ ဆက်တိုက်ဆိုသလို ဖမ်းဆီးခံနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ်အများစုဟာ စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ဒေသတွေက ကျေးရွာနေ လူငယ်တွေ အများဆုံးပါဝင်ပြီး အကြောင်းပြချက်အမျိုးမျိုးနဲ့ ဖမ်းဆီးနေတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ်တွေဟာ တစ်ယောက်ချင်းအပြင် အုပ်စုလိုက် ဖမ်းဆီးခံရတာတွေ ရှိနေပြီး စစ်ကော်မရှင် လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်ပါက ငွေကြေးအဆမတန်ပေးပြီး ပြန်လွတ်ပေမယ့် အများစုကတော့ ပြန်လည်လွတ်မြောက်လာတာ မရှိသေးပါဘူး။

ဘီးလင်း ဒေသခံတစ်ဦးကတော့ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ စစ်ကော်မရှင်က နေ့တိုင်းနီးပါး လူငယ်တွေကို ဖမ်းဆီးမှု ပိုဆိုးလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ပေါ်တာဆွဲတာ ဟိုနေ့က တစ်နေ့ထဲပဲ ကျွန်တော်တို့ တောင်စွန်း ဒီရွှေကန်တောင်ဘက်မှာ အားလုံး ၁၅ ယောက်လောက် ပါသွားတယ်။ ပျူစောထီးအဖွဲ့နဲ့ ရဲနဲ့ ဖမ်းတာပေါ့။ ပိုဆိုးလားတယ်။ နေ့တိုင်းလိုပါပဲ။ ကျွန်တော်တို့ဘက်ခြမ်းမှာ ယောကျာ်းလေး နည်းသွားပြီ။ ရှိတဲ့ ယောကျာ်းတွေကလည်း သက် ကြီးရွယ်အိုတွေပဲ ရှိတယ်။ ကျန်တာ လူငယ်တွေပိုင်းမှာဆို မိန်းကလေးကြီးပဲ ရှိတော့တယ်”လို့ ဆိုပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ အခုနှစ်ပတ်အတွင်း ဘီးလင်း၊ သထုံ၊ မုဒုံနဲ့ ရေးမြို့နယ်တို့မှာ ဒေသခံလူငယ် ၆၀ ထက်မနည်း ဖမ်းဆီးခံထားရပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ်အများစုကိုတော့ စစ်ကော်မရှင်က စစ်မှုထမ်းတပ်သားစုဆောင်းပြီး စစ်မှုထမ်း သင်တန်းတွေထံ ပို့ဆောင်နေတာ ဖြစ်ပါတယ်။

လဂွန်းအိမ်စာစဉ်ရဲ့ အစီရင်ခံစာအရ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း မွန်ပြည်နယ်မှာ စစ်မှုထမ်း စစ်သား စုဆောင်းခံရသူ ၂၄၀ နီးပါးရှိတယ်လို့ သိရပါတယ်။

Photo credit - SAC

ဓာတ်ပုံ - Crd / (ပုံစာ - ကျိုက်မရော ဗဟိုအကျဉ်းထောင်အား တွေ့ရစဉ်။)
September 12, 2026
မွန်ပြည်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင် အခုရက်ပိုင်းအတွင်း ဆေးဝါးကုသခွင့် မရရှိသည့်အတွက် သွေး...
ဓာတ်ပုံ – MPU
September 11, 2026
အာဏာသိမ်းမှုကို အရင်းခံ၍ စစ်အုပ်စုတပ် ဦးဆောင်ကျင်းပခဲ့သည့် အပိုင်းလိုက် ရွေးကောက်ပွဲမှ ပေါ်ပေါက်...
ဓါတ်ပုံ – NUG
September 10, 2026
မဏ္ဍိုင်သုံးခုဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်...
September 9, 2026
ပြည်သူ့စစ်မှုထမ်း အပတ်စဉ်သင်တန်းအတွက် လိုအပ်သည့် တပ်သားများ ရရှိရေး ပေါ်တာဆွဲမှုများ မြင့်တက်...