ဒီးမော့ဆို အ‌ရှေ့ခြမ်းက လယ်စပါးခင်းတွေမှာ ခရုနဲ့ စပါးဖျက်ပိုးတွေကျနေ

ဒီးမော့ဆို အ‌ရှေ့ခြမ်းက လယ်စပါးခင်းတွေမှာ ခရုနဲ့ စပါးဖျက်ပိုးတွေကျနေ

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းမှာရှိတဲ့ လယ်စပါးခင်းတွေကို ခရုတွေဖျက်ဆီးနေသလို စပါးဖျက်ပိုးတွေကျရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ပိုးတွေစားတယ်၊ မြေအောက်ပိုးက တမျိုး၊ အပင်ကိုက်တာတမျိုး ရှိတယ်။ အပင်ကိုစားလို့ရှိရင် စပါးက သေကုန်တယ်။”လို့ ဒေသခံတောင်သူအမျိုးသမီးတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

ဒေသခံတွေရဲ့ အဆိုအရတော့ ခရုနဲ့ စပါးဖျက်ပိုးတွေကျရောက်နေတဲ့ စပါးခင်းဧက ထောင်နဲ့ချီရှိတယ်လို့ ဆိုပါတယ်။

ပျက်စီးသွားတဲ့ စပါးခင်းတွေကိုတော့ အသစ်ပြန်လည်စိုက်ပျိုးကြသူတွေလည်းရှိပါတယ်။ အခုလို စပါးခင်းတွေပျက်စီးသွားတာကြောင့် တောင်သူအများစုဟာ စိုက်ပျိုးမှုကုန်ကျစရိတ်တွေ ပိုမိုကုန်ကျပြီး အခက်အခဲတွေများပြားနေကြပါတယ်။ စပါးခင်းတွေကို ဆေးဖြန်းရာမှာလည်း လူငှားရမ်းရပြီး ဆေးဖြန်းပုံး တစ်ပုံးစာအတွက် ၃ ထောင်ကျပ် ပေးဆောင်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

“ဆေးဖြန်းရင်လည်း မြက်တွေက မသေဘူး။ ဆေးဖြန်းဖိုး(ခ)လည်း တစ်ပုံးကို ၃၀၀၀ နှုန်းနဲ့ ပေးရတယ်၊ ဆေးဝယ်ရတယ်။ အဲဒါကြောင့်မို့လို့ ကျမတို့တောင်သူတွေအတွက် တအားအခက်အခဲရှိတယ်။” လို့ ဒေသခံ တောင်သူအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒီးမော့ဆိုအရှေ့ခြမ်းက တောင်သူတွေဟာ ခရုနဲ့ စပါးဖျက်ပိုး တွေကြောင့် အခက်အခဲဖြစ်နေကြတဲ့အပြင် စိုက်ပျိုးရေးလုပ်ငန်းကိုလုပ်ဆောင်နေကြစဉ်မှာ စစ်ကောင်စီရဲ့ လေယာဉ်နဲ့ လက်နက်ကြီးရန်တွေကိုလည်း စိုးရိမ်ထိတ်လန့်နေကြရပါတယ်။

Most read this week

March 10, 2026
မတ်လ ၈ ရက်နေ့ ညနေပိုင်းမှာ ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး...
March 9, 2026
ကရင်နီပြည်၊ မြေပြင်တစ်နေရာမှာ ကိန္နရီပညာရေး စင်တာကနေ ဖွင့်လှစ်ပေးမည့် သက်မွေး သင်တန်းအတွက်...
ဒီးမော့ဆိုအနောက်ခြမ်းတနေရာက ဓာတ်ဆီဆိုင်တဆိုင်ကို တွေ့ရစဉ်
March 7, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုအနောက်ဖက်ခြမ်းက ဓာတ်ဆီဆိုင်တဆိုင်မှာ ဆီမရောင်းပေးတဲ့အတွက် ဝယ်သူနှစ်ဦးက...
March 5, 2026
ရှမ်း - ကရင်နီနယ်စပ် ၊ မိုးဗြဲမြို့အနောက်ဖက်ခြမ်းမှာ မတ်လ (၃)ရက်နေ့ကစလို့ စက်သုံးဆီ...