သာယာဝတီထောင်တွင် နိုင်ကျဉ်းတစ်ဦး သေဆုံး

သာယာဝတီထောင်တွင် နိုင်ကျဉ်းတစ်ဦး သေဆုံး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သာယာဝတီထောင်တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦး သေဆုံးသွားသည်။

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ လှည်းကူးမြို့မရဲစခန်းတွင် ပုဒ်မ ၅၀-ဈဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရသူ အသက် ၄၈ နှစ်အရွယ် ဦးကျော်စိုးဦး (ခ) ဦးဇော် သေဆုံးခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် PPNM က ထုတ်ပြန်သည်။

ဆေးကုသခွင့် လုံလောက်စွာမရရှိသဖြင့် သေဆုံးခဲ့ရသည်ဟု ထောင်နှင့် နီးစပ်သူများက ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် (PPNM) ဦးဆောင်ကော်မတီဝင်ဖြစ်သူ မရောင်နီလင်းက “မိသားစုနဲ့ ပေးတွေ့လားဆိုတော့ ထောင်ထဲမှာ သူတို့ ထောင်ထဲမှာ သေဆုံးသွားတယ်ပေါ့နော်။ သေဆုံးသွားတော့ ရင်ခွဲရုံကိုပို့တယ်။ နောက်ရက် အသုဘချတယ်ဆိုတော့ မိသားစုနဲ့ ပေးတွေ့တာမျိုးတော့ ရှိခဲ့ပါတယ်။ မိသားစုကလည်း အပြင်မှာပဲ သဂြိုဟ်ပေးခဲ့တယ်ပေါ့နော်” ဟု ပြောသည်။

ထောင်တွင်း ဆေးကုသခွင့် မရရှိခြင်း၊ ဆေးဝါးမလုံလောက်ခြင်း၊ ပြင်ပဆေးခန်းများသို့ ပြောင်းရွှေ့ကုသခွင့် မရရှိခြင်း စသည့် အကြောင်းအရာများကြောင့် ဇွန်လ ၁၀ ရက်နေ့၌ နှလုံးရောဂါ၊ သွေးတိုးရောဂါခံများဖြင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။

သာယာတီထောင်တွင် ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ မရရှိသဖြင့် နိုင်ကျဉ်းများ အပါအဝင် အကျဉ်းသားအားလုံးသည် ရောဂါ ဖြစ်ပွားခြင်း၊ ဆေးကုသခွင့် ဆုံးရှုံး၍ ရောဂါအခံများ ပိုမိုဆိုးရွားလာခြင်း၊ သေဆုံးသင့်သည့် အခြေအနေမဟုတ်ဘဲ သေဆုံးရခြင်းများ ကြုံတွေ့နေကြရသည်ဟု မရောင်နီလင်းက ဆက်ပြောသည်။

“သာယာဝတီထောင်က သိတဲ့အတိုင်း ကြမ်းတဲ့ထောင်ပေါ့နော်။ အာဏာရှင်တွေရဲ့ လက်ပါးစေထောင်လို့ ပြော လို့ ရတာပေါ့နော်။ ကြမ်းတမ်းတယ် ပြီးတော့ နာမည်ဆိုးနဲ့ ကျော်ကြားတယ်လို့ ပြောလို့ရပါတယ်။ အဲဒီတော့ သာယာဝတီထောင်မှာ ပြီးခဲ့တဲ့ နှစ်တွေတုန်းကဆိုရင် ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရရှိတာကြောင့် သေဆုံးခဲ့တာတွေလည်း ရှိတယ်။ ကျနော်တို့ကတော့ စောင့်ကြည့်လေ့လာဆဲပဲ ဖြစ်တယ်ပေါ့နော်”

မြန်မာတစ်နိုင်ငံလုံးရှိ စစ်ကောင်စီလက်အောက်ခံ အကျဉ်းထောင်များတွင် ၂၀၂၅ ခုနှစ် ဇန္နဝါရီလ ၁ ရက်နေ့မှ စတင်၍ ဇွန်လ ၆ ရက်နေ့အထိ ‌လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှု မရရှိသဖြင့် ထိခိုက်သေဆုံးသည့် နိုင်ကျဉ်းအရေအတွက် ၁၀ ဦးခန့်ထိရှိပြီဟု PPNM စာရင်းပြုစုချက်များအရ သိရသည်။

Most read this week

August 11, 2026
ဧရာဝတီတိုင်းအတွင်း ပြည်သူများ ရေဘေးဒဏ်ကို ဆိုးဝါးစွာ ရင်ဆိုင်နေရချိန်တွင် ရေကြည်နှင့် သာပေါင်း...
August 11, 2026
ကချင်ပြည်၊ တနိုင်းမြို့နယ်ရှိ မင်းဇေသန့် ပြည်သူ့စစ်သင်တန်းကွင်း တိုက်ခိုက်ခံရပြီးနောက်...
August 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင်း၌ စစ်တပ်က ရေရှည်မြို့စောင့် ခံစစ်အတွက် ပြင်ဆင်လျက်ရှိပြီး...
August 10, 2026
မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန်နှင့် ရခိုင်ပြည် နယ်စပ်တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး...