ဒီးမော့ဆိုအရှေ့ခြမ်း စစ်ရှောင်စခန်းတစ်နေရာမှာ ရေသွယ်တန်းနိုင်ဖို့ အကူအညီလိုအပ်နေဟုဆို

ဒီးမော့ဆိုအရှေ့ခြမ်း စစ်ရှောင်စခန်းတစ်နေရာမှာ ရေသွယ်တန်းနိုင်ဖို့ အကူအညီလိုအပ်နေဟုဆို

ကရင်နီပြည်၊ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းက နိုးကလိုးစစ်ရှောင်စခန်းမှာ ရေထွက်ပေါက်ရှိရာကနေ စစ်ရှောင်စခန်းဆီကို ရေပိုက်သွယ်တန်းနိုင်ဖို့ အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်စခန်း တာဝန်ခံတစ်ဦးက ပြောပါတယ်။

အဲ့ဒီစစ်ရှောင်စခန်းဟာ ရေချောင်းဘေးမှာ ရှိပေမယ့် မိုးရွာသီကာလအတွင်း ချောင်းရေကနေ သောက်ရေ၊ သုံးရေအတွက် အဆင်မပြေတာကြောင့် ပေ ၂၀၀၀ အကွာအဝေးမှာရှိတဲ့ ရေထွက်ပေါက်ကနေ ရေသွယ်ယူနိုင်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

“ရေထွက်ပေါက်က စစ်ရှောင်စခန်းရဲ့အနောက်ဖက် ပေ ၂၀၀၀ လောက်ရှိမယ် အဲ့မှာ ရေထွက်ပေါက်ရှိမယ်။ အဲ့ကနေ ကျမတို့စစ်ရှောင်အတွက် ရေပိုက်နဲ့ရေသွယ်ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့နော။ အရင်တုန်းက IEC ကနေ လုပ်ပေးမယ်ဆိုပြီးတော့မှ စာရင်းတွေလာတောင်းထားတယ်။ ကျမတို့စာရင်းလုပ်ပြီးတင်ထားတယ် ကြာတော့ကြာပါပြီ။ အခုထိတော့ မရောက်လာသေးဘူးပေါ့နော။ ကျမတို့တော့ မျှော်လင့်မိတယ်ပေါ့နော။ မိုးရာသီလည်းရောက်ပြီဆိုတော့ ကျမတို့ စစ်ရှောင်အတွက် အခက်အခဲရှိတယ်။ လိုအပ်တဲ့အရာတခုပေါ့ ရှိကိုရှိရမှာပေါ့နော။ မဟုတ်ရင် စစ်ရှောင်တွေအတွက် အဆင်မပြေလောက်ဘူးပေါ့” လို့ စစ်ရှောင်စခန်းတာဝန်ခံ တစ်ဦးက ပြောပါတယ်။

ရေသွယ်ယူနိုင်ဖို့ ကုန်ကျမယ့် ငွေကြေးအကူအညီ ရယူလိုတာဖြစ်ပြီး လိုအပ်တဲ့လုပ်အားကိုတော့ စစ်ဘေးရှောင်တွေကနေ ဝိုင်းဝန်းလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

မိုးရာသီကာလဖြစ်တာကြောင့်လည်း ရေချောင်းဘေးမှာ နေထိုင်ကြတဲ့ စစ်ဘေးရှောင်တွေဟာ မိုးရွာသွန်းပြီး အချိန်တိုင်း ရေနှောက်တာနဲ့ ကြုံတွေ့ရတာကြောင့် သောက်သုံးရေနဲ့ တစ်ကိုယ်ရေသုံးအတွက် အခက်အခဲရှိနေတာပါ။

“အခုလောဆယ် ကျမတို့သောက်ဖို့ဆိုပြီး ချောင်းဘေးနားမှာ တွင်းငယ်လေးတခုလုပ်ထားတယ်။ ရေသန့်သန့်လေးဆိုပေမယ့် မိုးရွာတော့မယ် မိုးအခြေအနေကိုကြည့်ပြီးတော့ ပြေးပြီးတော့မှ အရင်ဆုံးသွားခပ်ထားရတယ်။ ကြိုခပ်ထားရတယ်။ မခပ်ထားဘူးဆိုရင် ရေကနှောက်လာပြီဆို ဘာမှသုံးလို့မရတော့ဘူး သုံးလို့မရတော့ဘူးဆိုရင် သုံးရေ သောက်ရေဆိုရင် ဟိုးအဝေးမှာ သူများရွာမှာသွားခပ်ရတယ်” လို့ အဆိုပါ စစ်ရှောင်စခန်းတာဝန်ခံတစ်ဦးက ဆက်ပြောပါတယ်။

လက်ရှိအချိန်ထိတော့ တစ်စုံတစ်ရာ အကူအညီမရရှိသေးဘူးလို့ ပြောပါတယ်။

နိုးကလိုးစစ်ရှောင်စခန်းဟာ ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလမှာ ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့နဲ့ အနီးအနားက ကျေးရွာတွေမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းကို တိမ်းရှောင်လာကြတာဖြစ်ပါတယ်။

စစ်ဘေးရှောင်လူထု ၄၀၀ ကျော်ရှိပြီး အိမ်ခြေ ၁၂၄ အိမ်ရှိတယ်လို့ သိရှိရပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းတနေရာက ဓာတ်ဆီဆိုင်တဆိုင်ကို တွေ့ရစဉ်
March 7, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုအနောက်ဖက်ခြမ်းက ဓာတ်ဆီဆိုင်တဆိုင်မှာ ဆီမရောင်းပေးတဲ့အတွက် ဝယ်သူနှစ်ဦးက...
March 5, 2026
ရှမ်း - ကရင်နီနယ်စပ် ၊ မိုးဗြဲမြို့အနောက်ဖက်ခြမ်းမှာ မတ်လ (၃)ရက်နေ့ကစလို့ စက်သုံးဆီ...
March 4, 2026
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ စက်သုံးဆီ...
March 2, 2026
ဖေဖော်ဝါရီလ (၂၈) နေ့မှာ ကျရောက်တဲ့ ကရင်နီသူနာပြုများ အစည်းအရုံး Karenni Nurses Association(KNA)...