ကုန်စျေးနှုန်း ကြီးမြင့်မှူဒဏ်ကြောင့် ဖရူဆိုစစ်ဘေးရှောင်တွေ မီးဖိုချောင်အသုံးစရိတ် လျှော့ချနေရ

ကုန်စျေးနှုန်း ကြီးမြင့်မှူဒဏ်ကြောင့် ဖရူဆိုစစ်ဘေးရှောင်တွေ မီးဖိုချောင်အသုံးစရိတ် လျှော့ချနေရ

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်၊ ဒေါလာစောကျေးရွာ အုပ်စုထဲက စစ်ဘေးရှောင်တွေဟာ ကုန်စျေးနှုန်းကြီးမြင့်လာတဲ့နောက်ပိုင်း မီးဖိုဆောင် အသုံးစရိတ်တွေကို လျော့ချလာရတယ်လို့ ဆိုပါတယ်။

“အသားငါးဆို တစ်လမှ တစ်ကြိမ်ပဲ ဝယ်စားရတယ်၊ အထောက်အပံ့နဲ့တော့ အားထားရတယ်၊ ဘာဖြစ်လဲဆို ဝင်ငွေမရှိလို့လေး၊ ဒီနောက်ပိုင်းတောင်မှ ကိုယ်လုပ်နေတဲ့ မုန့်လုပ်ငန်းတောင် တစ်ပတ်တစ်ခါပဲ လုပ်ဖြစ်တော့တယ်” လို့ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

ဖရူဆိုမြို့နယ် ဒေါလာစောကျေးရွာ အုပ်စုက ဒေသခံတွေဟာ ရွေ့ပြောင်းတောင်ယာကိုလုပ်ကိုင်ကြပေမယ့် အဆိုပါဒေသဘက်ကို စစ်ဘေးရှောင်လာတဲ့ စစ်ရှောင်တွေကတော့ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်နိုင်ခြင်းမရှိပါဘူး။ ဒါ့အပြင် ဝင်ငွေမရှိတာကြောင့်လည်း အလှူရှင်ရဲ့ အထောက်အပံ့ကိုသာ မှီခိုနေရပါတယ်။

“ဟင်းတစ်နပ်ချက်မယ်ဆိုရင် အနည်းဆုံး ၅ ထောင် လောက်ရှိတာပေါ့၊ ဒါပေမယ့် ကုန်စျေးနှုန်းတက်တော့ အရင်လိုတော့ မဝယ်စားနိုင်ကြဘူးပေါ့၊ ကလေးတွေကလည်း ဆီပါမှ ထမင်းစားတယ် ဆိုတော့လည်း တစ်ချို့မိသားစုဆို အခက်အခဲရှိနေကြတယ်” လို့ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးကလည်း ပြောပါတယ်။

ဒေါလာစောကျေးရွာအုပ်စုထဲက စစ်ဘေးရှောင်စခန်း သုံးခု ရှိနေပြီး လူဦးရေ ၁၀၀၀ ကျော်အထိ ရှိနေပါတယ်။

Most read this week

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...
September 7, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း အာဏာသိမ်း စစ်အုပ်စုတပ်က ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြု၍...
September 4, 2026
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့်...
September 3, 2026
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇...