တရုတ်ကုမ္ပဏီတစ်ခုက ခဲလုပ်ကွက်အတွက် တစ်အိမ်ကို ငါးသိန်းပေး ပြောင်းရွှေ့ခိုင်း

တရုတ်ကုမ္ပဏီတစ်ခုက ခဲလုပ်ကွက်အတွက် တစ်အိမ်ကို ငါးသိန်းပေး ပြောင်းရွှေ့ခိုင်း

တရုတ်နိုင်ငံသားပိုင် ကုမ္ပဏီတစ်ခုက ခဲလုပ်ကွက်တိုးချဲ့ရန် တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်အတွင်း တစ်အိမ် ကျပ်ငါးသိန်းပေးကာ ပြောင်းရွှေ့ခိုင်းနေသည်ဟု ရွာသားများက ပြောသည်။

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကျွဲခရံကျေးရွာအုပ်စု၊ ယမုံကျေးရွာတွင် ခဲသတ္တုလုပ်ကွက် တိုးချဲ့တူးဖော်ရန်အတွက်ဟုဆိုကာ နေအိမ်များကို တစ်ဆောင်လျှင် ကျပ်ငါးသိန်းစီပေးကာ ပြောင်းရွှေ့ခိုင်းနေသည်ဟု ရွာသားများက ပြောသည်။

အသက် ၄၀ ခန့်အရွယ် ရွာသားတစ်ဦးက “ကုမ္ပဏီမန်နေဂျာက တစ်အိမ်ကို ငါးသိန်းပေးမယ်၊ ဧပြီလအကုန်မှာ အပြီး ဖယ်ရှားရမယ်၊ ကန့်ကွက်တဲ့အိမ်ကို ဘတ်ဟိုးနဲ့ အပြီး ဖြိုချဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်နေတယ်၊ သူတို့ပေးတဲ့ငွေက မုန့်ဖိုးပေးသလောက်နဲ့ တမင် လုပ်ချင်တာလုပ်နေတဲ့ သဘောပါပဲ” ဟု ပြောသည်။

ဧပြီလကုန်တွင် အပြီးပြောင်းရွှေ့ ပေးရန်အတွက် ယမုံကျေးရွာ၏ ရွာအဖျားပိုင်းရှိ နေအိမ် ၃၀ ခန့်ကို ပြောဆိုထားသော်လည်း လက်ခံမှုမရှိဘဲ ကန့်ကွက်ငြင်းဆိုသူများနေသည်ဟု ရွာသားများက ပြောသည်။

တရုတ်နိုင်ငံသားပိုင် ရွှေပင်လယ်ကုမ္ပဏီ၏ မန်နေဂျာဖြစ်သူ ဦးသန်းထိုက်က စစ်ကောင်စီတပ်၊ ပျူစောထီးများနှင့် ပူးပေါင်း၍ နေအိမ်တစ်ဆောင်လျှင် ငွေကျပ် ငါးသိန်းစီပေးကာ အဓမ္မ ပြောင်းရွှေ့ခိုင်းထားကြောင်း အသက် ရွာသားများက ပြောသည်။

ပြောင်းရွှေ့ခိုင်းထားသည့် နေအိမ်များမှာ မေလ ၄ ရက်နေ့အထိ ပြောင်းရွှေ့ခြင်း မပြုလုပ်ကြသော်လည်း ကုမ္ပဏီဘက်မှ နေအိမ်များကို တစ်စုံတစ်ရာ ပြုလုပ်ခြင်း မရှိသေးကြောင်း ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်းက ယမုံကျေးရွာ၌ ခဲသတ္တုမိုင်းပေါင်း ၃၂၀ ကျော်ရှိခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်တွင် ခဲသတ္ထု ရှားပါးလာခြင်းကြောင့် ခဲသတ္တုမိုင်းပေါင်း ၁၅၀ ခန့်သာ ကျန်ရှိတော့သည်ဟု ရွာသားများက ပြောသည်။

ကျွန်းစုမြို့နယ်အပါအဝင် တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် စစ်အာဏာသိမ်းပြီးသည့်နောက်ပိုင်း ခဲသတ္တုလုပ်ကွက် အများအပြား ပေါ်ပေါက်လာပြီး စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များကို ငွေကြေးပေးပြီး တူးဖော်လုပ်ကိုင်နေကြခြင်းဖြစ်သည်ဟု ဆိုသည်။

May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...
May 14, 2026
မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ခြင်းသည် ငြိမ်းချမ်းရေးနှင့် ပိုမို အလှမ်းဝေး သွားစေမည်ဖြစ်သည့်အပြင်...
CTER-Karenni
May 12, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းတွင် စစ်တပ် စစ်ကြောင်းက စစ်ရှောင်စခန်းကို...
ပုံဟောင်း
May 11, 2026
မြန်မာနိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ရေးပဋိပက္ခများ...