ငလျင်လှုပ်ပြီးနောက် ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာ မြေပြိုကျပြီး တွင်းတစ်ခုဖြစ်ပေါ်လာ

ငလျင်လှုပ်ပြီးနောက် ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာ မြေပြိုကျပြီး တွင်းတစ်ခုဖြစ်ပေါ်လာ

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်နောက်ဆက်တွဲအနေနဲ့ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း တစ်နေရာမှာ အကျယ်နဲ့ အနက် ပေ ၁၀၀ ဝန်းကျင်ရှိတဲ့ တွင်းတစ်ခု ဖြစ်ပေါ်လာပါတယ်။

“၂၉ ရက်နေ့က စပြိုတာပေါ့။ ဒီရက်နဲ့ဆို ၄ ရက်ရှိသွားပြီးပေါ့။ မြေက စစပြိုချင်း အကျယ်က ဘယ်လောက်မှ မရှိဘူးပေါ့ ကျနော်ထင်တယ်။ အချင်းဆိုရင် ပေအစိတ် သုံးဆယ်လောက်ပဲရှိမယ်။ စစချင်းက မဝိုင်းစက်နေဘူး။ အရှည်လိုက် အက်ကြောင်းပုံစံဆင်းသွားတာပေါ့။ အဆင်းက ဆယ်ပေ ဆယ့်ငါးပေလောက်ပဲရှိအုံးမယ်။ အဲ့နောက်ပိုင်း တောက်လျှောက်ပြိုသွားတာ အဲ့မျိုး” လို့ ဒေသခံတစ်ဦးက ယမန်နေ့က ပြောပါတယ်။

မတ်လ ၂၉ ရက်နေ့မှာ မြေအက်ကွဲကြောင်းရာကနေတဆင့် မြေတွေကျွံကျရာကနေ တွင်းအဖြစ်ကို ရောက်ရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယမန်နေ့ ဧပြီလ ၁ ရက်နေ့ တွေ့ရှိချက်အရ အချင်း ပေ ၁၀၀ ဝန်းကျင်ကျယ်ဝန်းပြီး အနက် ပေ ၁၀၀ အထိရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးလေဝါသပညာရှင် ဦးဝင်းနိုင်ကတော့ ဒီတွင်းဟာ sinkhole ဖြစ်နိုင်ကြောင်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နာမှာ ရေးသားထားပါတယ်။

Sinkhole ဆိုတာဟာ အပေါ်ယံမြေဆီလွှာတွေ မြေအောက်ကို ကျွံကျသွားတဲ့ တွင်းပေါက်တွေဖြစ်ပြီး ဖြစ်ရတဲ့အကြောင်းရင်းတွေက ငလျင်ဒဏ်၊ မိုးဒဏ်၊ မြေလွှာ ပြောင်းလဲမှုတွေကြောင့် ဖြစ်တတ်တယ်လို့ သိရပါတယ်။

ဒေသခံတွေကတော့ တွင်းနက်ဟာ ယခုထက်ပိုပြီး ပြိုကျကျယ်ဝန်းလာနိုင်တယ်လို့ ခန့်မှန်းပြောဆိုနေကြပါတယ်။

Most read this week

September 4, 2026
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့်...
September 3, 2026
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇...
လွိုင်ကော်မြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် လာရောက်လျှောက်ထားသူများကို ၂၀၂၂ ခုနှစ်က တွေ့ရစဉ် / ပုံဟောင်း
September 3, 2026
စစ်အုပ်စုတပ် ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် နိုင်ငံကူးလက်မှတ် (Passport)...
September 2, 2026
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလတွင် ဖွဲ့စည်းခဲ့သည့် ကရင်နီအမျိုးသား...