လေကြောင်းရန်ကာကွယ်ဖို့ ကရင်နီက စာသင်ကျောင်းတွေမှာ ဗုံးခိုကျင်းတစ်ခုတည်းသာ ရွေးချယ်စရာရှိနေ

လေကြောင်းရန်ကာကွယ်ဖို့ ကရင်နီက စာသင်ကျောင်းတွေမှာ ဗုံးခိုကျင်းတစ်ခုတည်းသာ ရွေးချယ်စရာရှိနေ

စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ အရပ်သားတွေရှိနေတဲ့ နေရာတွေဟာ စစ်ကောင်စီကလေကြောင်းဗုံးကြဲမှုတွေ ၊ လက်နက်ကြီးပစ်ခတ်မှုတွေခံနေရတဲ့အချိန်မှာ ကရင်နီပြည်က စာသင်ကျောင်းတွေမှာ လေကြောင်းရန် ကာကွယ်ဖို့အတွက် ဗုံးခိုကျင်းတူးတဲ့ နည်းလမ်းတစ်ခုတည်းကိုသာ ပြုလုပ်နိုင်ကြတယ်လို့ စစ်ရှောင်စာသင်ကျောင်းတစ်ခုရဲ့ တာဝန်ခံကပြောပါတယ်။

“ကာကွယ်နည်းကတော့ ဗုံးခိုကျင်းပဲ တူးထားနိုင်သေးတယ်လို့ ပြောလို့ ရတာပေါ့။ အခြားနည်းတွေတော့ မသိတာကော၊ မလုပ်နိုင်တာကော ပါတာပေါ့နော်”လို့ စာသင်ကျောင်းရဲ့ ‌ ကျောင်းတာဝန်ခံတစ်ဦးက ဆိုပါတယ်။

လေကြောင်းရန်ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကို မသိရှိသလို၊ အကြောင်းအမျိုးမျိုးကြောင့် ဆောင်ရွက်နိုင်တာလည်းမရှိသေးဘူးလို့ဆိုပါတယ်။

ကရင်နီပြည်မှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှု ခံရတဲ့ စာသင်ကျောင်း ၁၀ ကျောင်းရှိပြီး၊ ဒီးမော့ဆိုမြို့နယ်မှာ ၇ ကျောင်း၊ လွိုင်ကော်မြို့နယ်မှာ ၁ကျောင်း၊ မယ်စဲ့မြို့နယ်မှာ ၁ကျောင်းနဲ့ ဘောလခဲမြို့နယ်မှာ ၁ကျောင်းဖြစ်ပါတယ်။

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC အနေနဲ့ စာသင်ကျောင်းတွေအတွက် တတ်နိုင်သလောက် အကူအညီပေးနေတာတွေရှိပေမဲ့ အားကောင်းတဲ့ ပံ့ပိုးမှုမျိုးလုပ်နိုင်ဖို့ ဆောင်ရွက်နေဆဲဖြစ်တယ်လို့ အတွင်းရေးမှူး ၂  ဦးဗညားကပြောပါတယ်။

“ လူထုတွေက သူတို့ ကိုယ်ထူကိုယ်ထ ကာကွယ်မှုလုပ်ရတဲ့အပိုင်းတွေမှာလည်းရှိသလို တချို့အရပ်ဖက်အဖွဲ့အစည်း ကူညီတာရှိတယ်။ IECဖက်ကလည်း နိုင်တဲ့ဖက်ကနေပေါ့နော် ကူတာရှိတယ်။ အခုနောက်ပိုင်းကလည်းပိုပြီးတော့ စနစ်ကျတဲ့ Frame တွေက စတင်ပြီးတော့မှ တကယ်အားကောင်းတဲ့ နည်းတွေကိုလည်း စစ်ရှောင်စခန်းတွေမှာကော စာသင်ကျောင်းတွေမှာပါ ဆက်သွားဖို့တော့ ကျနော်တို့ စီစဥ်တာတွေရှိပါတယ်” ဦးဗညားက ဆိုပါတယ်။

လက်ရှိစာသင်ကျောင်းတွေမှာတော့ ဒေသခံနဲ့ စစ်ရှောင်တွေကိုယ်ထူကိုယ်ထ တူးဖော်ထားတဲ့ ဗုံးခိုကျင်းတွေသာရှိနေပါသေးတယ်။ ဒါပေမဲ့လည်း စာသင်ကျောင်းတိုင်းမှာတော့ဗုံးခိုကျင်းတွေမရှိသေးဘူးလို့လည်း မြေပြင်မှာ စစ်ရှောင်အရေးကူညီပေးနေတဲ့ ကယန်းအမျိုးသမီးအဖွဲ့ ကပြောပါတယ်။

ဓါတ်ပုံ - ကန္တာရ၀တီတိုင်း (မ်)
April 11, 2026
ဧပြီလ (၁၀)ရက်နေ့မှာ ကျရောက်တဲ့ ( ၂၆ ) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားကို...
April 10, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ဒေသတွေမှာ ဓာတ်ဆီတစ်လီတာကို နှစ်သောင်းကျပ်အထိ...
April 9, 2026
လောင်စာဆီ ချွေတာရေးအစီအမံအတွက် စက်သုံးဆီတင်သွင်းသယ်ယူမှု အခွန်ကင်းလွတ်ခွင့်ကို...
April 8, 2026
စစ်အာဏာသိမ်းပြီးတဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ သတင်းရယူနေတဲ့ အမျိုးသမီးသတင်းထောက်တွေ အထူးသဖြင့်...