CDM ဝန်ထမ်းခန့်အပ်မှုကြောင့် မော်လမြိုင် အေးသန္တာအထူးကုဆေးရုံ သုံးလအပိတ်ခံရ

CDM ဝန်ထမ်းခန့်အပ်မှုကြောင့် မော်လမြိုင် အေးသန္တာအထူးကုဆေးရုံ သုံးလအပိတ်ခံရ

မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ အေးသန္တာအထူးကုဆေးရုံမှာ CDM ဝန်ထမ်းတွေ ခန့်ထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက သုံးလပိတ်သိမ်းလိုက်တယ်လို့ ဆရာဝန်အသိုင်းအဝိုင်းကနေ စုံစမ်းသိရှိရပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဌာနအပါအဝင်ဌာနစုံပူးပေါင်းအဖွဲ့က အေးသန္တာအထူးကုဆေးရုံမှာ CDM ဆရာဝန်နဲ့ သူနာပြုတွေ ခန့်အပ်ထားမှု ရှိ မရှိ ရှောင်တခင် စစ်ဆေးပြီးနောက် ယာ ယီပိတ်သိမ်းလိုက်တာ ဖြစ်ပါတယ်။

ပုဂ္ဂလိကဆေးရုံဖြစ်တဲ့ အေးသန္တာအထူးကုဆေးရုံကို စစ်ကောင်စီက CDM ဝန်ထမ်းခန့်အပ်မှု အ ကြောင်းပြချက်နဲ့ မေ ၁ ရက်နေ့ကစပြီး သုံးလ ပိတ်သိမ်းလိုက်တာပါ။

ဆရာဝန်တစ်ဦးရဲ့ ပြောပြချက်အရ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေဟာ အဲဒီဆေးရုံကို စစ်ဆေးပြီးနောက် လူနာတွေကို ချက်ချင်းအရေးပေါ်ဆင်းခိုင်းပြီး ဆေးရုံကို ပိတ်ချလိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

အေးသန္တာအထူးကုဆေးရုံ ပိတ်သိမ်းမှုဟာ CDM ဝန်ထမ်းတွေကို ဖိနှိပ်တာ၊ တခြားဆေးရုံတွေမှာလည်း CDM ခန့်အပ်တာတွေ မလုပ်ဖို့ခြိမ်းခြောက်တဲ့ သဘောဖြစ်တယ်လို့ ဆရာဝန်အသိုင်းအ ဝိုင်းက ဝေဖန်ပါတယ်။

အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု  (CDM)  ကျန်းမာရေး ဝန်ထမ်းတွေကို ဖိနှိပ်နေတဲ့ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ကာလတွေတုန်းကလည်း ပုဂ္ဂလိက ဆေးရုံတွေမှာ CDM ဝန်ထမ်းတွေ ခန့်အပ်တာတွေ မလုပ်ဖို့ စာပို့တာနဲ့ ခံဝန်ထိုးခိုင်းတာတွေ ရှိခဲ့တာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အစီရင်ခံစာအရ အာဏာသိမ်း သုံးနှစ် ကျော်ကာလအတွင်း ဆေးရုံနဲ့ ဆေးခန်း ၁၁ ခုကို စစ်ကောင်စီက မတရားသိမ်းဆည်းထားတယ်လို့ မေ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

Most read this week

July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...