ဂီတမွန် ၃၅ နှစ်ပြည့်အထိန်းအမှတ်ပွဲတော် ကျင်းပမည်

ဂီတမွန် ၃၅ နှစ်ပြည့်အထိန်းအမှတ်ပွဲတော် ကျင်းပမည်

လက်ရှိ မွန်အဆိုတော်နှင့် ဂီတအနုပညာရှင်များ မွေးထုတ်ပေးခဲ့သော “ဂီတမွန်” ၃၅ နှစ်ပြည့့်အထိန်းအမှတ်ပွဲတော်ကို လာမည့်မတ်လ ၃၀ ရက်နေ့တွင် သံဖြူဇရပ်မြို့ ကြာကန်ကွင်း၌ ကျင်းပရန်စီစဉ်ထားကြောင်း သိရသည်။

“အဖွဲ့အစည်းတစ်ခု ခုလိုရေရှည်တည်တန့်လာဖို့အတွက် ကျနော်တို့ဂီတမွန်အဖွဲ့သားတွေအားလုံးရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အသိအမှတ်ပြုစေချင်တယ်၊ ဒီလိုပွဲတော်တစ်ခု ကျင်းပပြီးစီးတဲ့အခါမှာ ကျနော်တို့ဂီတသမားတွေအချင်းချင်း ရင်းနှီးချစ်ကြည်မှုကို ပိုမိုတည်ဆောက်နိုင်မယ်လို့မျှော်လင့်ပါတယ်၊ အမျိုးသားရေးကဏ္ဍမှာဆိုရင်လည်း ဂီတအနုပညာဆိုတာ မရှိမဖြစ်လိုအပ်နေတဲ့အတွက် ရှေ့ကဆရာကြီးတွေ လမ်းပြတည်ဆောက်ခဲ့သလို ကျနော်တို့လူငယ် Generation မျိုးဆက်သစ်ဂီတသမားတွေအနေနဲ့ ဂီတမွန်ကို လက်ဆင့်ကမ်းသွားနိုင်ဖို့ပါ” ဟု လက်ရှိ ဂီတမွန်အဖွဲ့ခေါင်းဆောင် အဗ္ဘဏ်က မွန်သတင်းအေဂျင်စီကို ပြောသည်။

အဆိုပါ အထိန်းအမှတ်ပွဲတော်တွင် မွန်ဂီတပညာရှင်များ၊ ဂီတမွန်အဖွဲ့သားဟောင်းများအပါအဝင် လက်ရှိအဖွဲ့ဝင်များ၊ မွန်ဂီတအဆိုတော်များနှင့် ရှေးဟောင်းမွန်ရိုးရာကျေးလက်ဂီတအဖွဲ့တို့ တက်ရောက်သီဆိုတီးခတ်ကြမည်ဟု ဂီတမွန်အဖွဲ့ခေါင်းဆောင်က ဆက်ပြောသည်။

အဗ္ဘဏ်က “နောက်ပြီး အထူးအစီအစဉ်အနေနဲ့ ပရိတ်သတ်တွေနဲ့အတူ ဂီတသမားတွေ Game ကစားတဲ့ကဏ္ဍပါရှိတယ်၊ ဖြေဖျော်ရေးကိုလည်း တမူထူးခြားစွာ တင်ဆက်ပေးသွားမယ်၊ မွန်အမျိုးသားဂီတတိုးတက်မြင့်မားလာဖို့အတွက် ပရိတ်သတ်တွေလည်း ကျနော်တို့နဲ့အတူ ပါဝင်ဆင်နွှဲဖို့ ဖိတ်ခေါ်ပါတယ်” ဟု ဆိုသည်။

ဂီတမွန်အဖွဲ့၏ ၃၅ နှစ်ကြာကာလသက်တမ်းတွင် အဆိုတော်၊ တီးခတ်သူ၊ တေးရေးသံစဉ်ဖန်တီးသူများစွာ မွေးထုတ်နိင်ခဲ့ပြီး ယခုအခါ မွန်တီးဝိုင်း Stage Show-Music Band များဖြစ်သော ဂီတမွန်၊ MMB, The Sheldrake (ရမျှာင်ၐိုပ်) ၊ လျးဂီတအပြင်  အခြားသောအဖွဲ့ငယ်များနှင့် တစ်ကိုယ်တော် လှုပ်ရှားနေသူများကိုလည်း တွေ့ရှိရသည်။

မွန်ပြည်နယ်နှင်အတူ မွေးဖွားလာခဲ့သော ပထမဦးဆုံး ခေတ်ပေါ်မွန်တေးဂီတအဖွဲ့ဖြစ်သည့် “လျးဟံသာ” အဖွဲ့မှ ဂီတမှူး အိုင်းမွန်(အာဲမန်) နုတ်ထွက်ခဲ့ပြီး ၁၉၇၄ ခုနှစ်ခန့်တွင် “ဂီတမွန်” အဖွဲ့ကို ဦးဆောင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...