မတည်ငြိမ်သည့်မြို့နယ်များတွင် ရွေးကောက်ပွဲမကျင်းပနိုင်မည်ကို ANP စိုးရိမ်

မတည်ငြိမ်သည့်မြို့နယ်များတွင် ရွေးကောက်ပွဲမကျင်းပနိုင်မည်ကို ANP စိုးရိမ်

တပ်မတော်နှင့် ရခိုင့်တပ် (AA) တို့၏တိုက်ပွဲများကြောင့် နယ်မြေမတည်မငြိမ်ဖြစ်နေသည့် ရခိုင်ပြည်နယ်တွင်း မြို့နယ်တစ်ချို့တွင် ရွေးကောက်ပွဲမကျင်းပနိုင်မည်ကိုစိုးရိမ်သည်ဟု ရခိုင်အမျိုးသားပါတီ(ANP) ဘက်မှ ပြောဆိုလိုက်သည်။

ရခိုင်အမျိုးသားပါတီ (ANP) ၏ လေးရက်ကြာ အစည်းအဝေးအပြီး လာမည့် ၂၀၂၀ ရွေးကောက်ပွဲနှင့် ပက်သက်၍ မဇ္ဈိမမှ မေးမြန်းမှုကို ပါတီ၏ပြောခွင့်ရှိသူ  ဦးထွန်းအောင်ကျော်ကဖြေဆိုခြဲ့ခင်းဖြစ်သည်။

“ရွေးကောက်ပွဲမလုပ်ဘဲနဲ့ ကိုယ်စားလှယ်လည်းမရှိဘူး။ သဘောက အုပ်ချုပ်ရေးလည်း ဘာမှအင်နဲ့အားနဲ့ ရာနူန်းပြည့် အုပ်ချုပ်မှုတွေမလုပ်နိုင်ဘူး။ တရားဥပဒေစိုးမိုးမှုတွေမလုပ်နိုင်ရင် အပြစ်မဲ့တဲ့ပြည်သူတွေ၊ အရပ်သားပြည်သူတွေ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေအတွက် ဘယ်လိုအကာအကွယ်တွေနဲ့ ဘဝအခက်အခဲတွေကို ဘယ်လိုဖြေရှင်းကြမလဲ။ ကျွန်တော်တို့ကတော့ အင်မတန် စိတ်ပူပန်မှုရှိပါတယ်’’ ဟု ၎င်းကဆိုသည်။

ထို့အပြင် ပြည်သူလူထုမှတင်မြောက်ထားသည့် ကိုယ်စားလှယ်ရှိမှသာလျင် မိမိမဲဆန္ဒနယ်အတွက် ပြော၊ ဆို၊ လုပ်ပိုင်ခွင့်ရှိ မည်ဖြစ်သည်ဟုလည်း ဦးထွန်းအောင်ကျော်ကပြောသည်။

လက်ရှိရခိုင်ပြည်နယ်အတွင်း အခြေအနေမှာ စစ်ဘေးရှောင်ဦးရေ ခြောက်သောင်းကျော်ရှိနေပြီး အများစုမှာ မဲပေးရန် လိုအပ်သည့် မှတ်ပုံတင်၊ သန်းခေါင်စာရင်းများလည်း ပျောက်ဆုံးနေပြီး အချို့မှာနေထိုင်ခဲ့သည့် ရွာပင်မရှိတော့သည့်အခြေအနေမျိုးြဖစ်နေသည်ဟုလည်း ၎င်းကဆိုသည်။

အောက်တိုဘာ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ ပြုလုပ်ခဲ့သည့် ANP ပါတီ၏ အဆိုပါအစည်းအဝေးတွင် ပါတီ တည်ဆောက်ရေး၊ စည်းရုံးရေး၊ ရခိုင်ပြည်နယ်ထဲ တိုက်ပွဲများလျော့ချရေးနှင့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်အစီစဉ်များကို စစ်တွေ မြို့တွင် ဆွေးနွေး ခဲ့ကြခြင်းလည်းဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲနှင့်ပက်သက်၍ ANP ပါတီအနေဖြင့် ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်အားလုံးတွင် ဝင်ရောက် ယှဥ◌် ပြိုင်သွားမည်ဟုလည်း သိရသည်။

“ရွေးကောက်ပွဲ ရခိုင်ပြည်နယ်အနှံ့မှာလုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့အနိုင်အရဆုံးပါတြီဖစ်မယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ထားပါတယ်’’ ဟု ဦးထွန်းအောင်ကျော်ကဆိုသည်။

ရခိုင်ပြည်နယ်တွင် မြို့နယ် ၁၇ ခုရှိသည့်အနက် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေ ၆၄ ခုရှိခဲ့ပြီး ANP ပါတီမှ ပြည်နယ်လွှတ်တော်အတွင်း ကိုယ်စားလှယ် ၂၂ နေရာဖြင့် အများဆုံးအနိုင်ရထားသည့် ပါတီလည်း ဖြစ်သည်။

ထို့အပြင် လက်ရှိအချိန်တွင် ANP ပါတီသည် ရခိုင်ပြည်နယ်အခြေစိုက်ပါတီများအနက် ပါတီဝင်ဦးရေအများဆုံး ရရှိထားသည့် ပါတီလည်းဖြစ်သည်။

ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...
March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...