ထားဝယ်အမျိုးသားနေ့ကို ပထမဆုံးအကြိမ်အဖြစ် ထားဝယ်မြို့ရှိ တနင်္သာရီတိုင်းဒေသကြီးယဉ်ကျေး မှုပြတိုက်ဝင်းအတွင်း လာမည့် နတ်တော်လဆန်း(၁)ရက်နေ့(ဒီဇင်ဘာလ ၈ ရက်နေ့)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ထားဝယ်လူမျိုးစုစည်းမှုကော်မတီထံမှ သိရသည်။
“တစ်နှစ်တစ်ကြိမ်ထားဝယ်တွေပြန်လည်စုစည်းပြီး အမျိုး သားရေးနိုးကြားလာစေရန်ရည်ရွယ်ချက်နဲ့လုပ်တာဖြစ် တယ်၊ထားဝယ်အမျိုးသားနေ့ကျင်းပမဲ့နေရာအတွက် တိုင်း ဒေသကြီးအစိုးရအဖွဲ့က ခွင့်ပြုချက်ရထားပြီးပြီ“ဟု ထား ဝယ်လူမျိုးစုစည်းမှုကော်မတီ၊စည်းရုံးရေး၊ ဆက်သွယ်ရေးနှင့်ဖိတ်ကြားရေးဆပ်တာဝန်ခံ ဦးအောင်မျိုးက ဆိုသည်။
ယမန်နှစ်က ထားဝယ်လူမျိုးများစုစည်း၍ ထားဝယ်အမျိုးသားညီလာခံကို အောင်မြင်အောင် ကျင်းပနိုင်သော နတ်တော်လဆန်း(၁)ရက်နေ့အား ထားဝယ် အမျိုးသားနေ့အ ဖြစ်သတ်မှတ်ခဲ့ပြီး ထားဝယ်အမျိုးသားအလံ၊ ထားဝယ် အမျိုးသားတံဆိပ်တို့ကိုလည်း ညီလာခံကိုယ်စားလှယ်များက ရွေးချယ်သတ်မှတ်ခဲ့သည်။
ယခုရက်ပိုင်းတွင် ပြီးစီးခဲ့သည် ထားဝယ်မြို့အထင်ကရပွဲတော် တန်ဆောင်တိုင်ကာလတွင် ထားဝယ်အမျိုးသားနေ့ပြုလုပ်မည့် သတင်းကို အများသိရှိစေရန် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ရန်ပုံငွေရှာဖွေခြင်းများ ပြုလုပ်ခဲ့ကြောင်း ၎င်းက ပြောသည်။
ထားဝယ်အမျိုးသားနေ့တွင် ကနဦး နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ထားဝယ်အမျိုးသားအလံကို လွှင့်တင်ခြင်း၊ အလေးပြုခြင်းတို့ကိုပြုလုပ်ပြီးနောက် ထားဝယ်အမျိုးသား နေ့အခမ်းအနားကိုတပြိုင်တည်းကျင်းပပြုလုပ်မည်ဟု သိရသည်။
ယင်းအခမ်းအနားတွင် တိုင်းအစိုးရ(သို့)တိုင်းလွှတ်တော်မှ တာဝန်ရှိသူတစ်ဦးမှအဖွင့်အမှာစကားပြောကြားမည်ဖြစ် ပြီး ထားဝယ်အမျိုးသားနေ့ဖြစ်ပေါ်လာရခြင်းအကြောင်း၊ ထားဝယ်အမျိုးသားနေ့ကျင်းပရခြင်းရည်ရွယ်ချက်နှင့် ထားဝယ်လူမျိုးသမိုင်းအကြောင်း၊ ကျေးဇူးတင်စကား ပြောကြားခြင်းတို့ကို တာဝန်ရှိသူအသီးသီးတို့က ပြော ကြားမည်ဟု သိရသည်။
ယင်းနောက် အခမ်းအနားတက်ရောက်လာသူများက ထားဝယ်တိုင်းရင်းသား၏ဒြပ်ရှိဒြပ်မဲ့ယဉ်ကျေးမှုပြကွက်များကို လှည့် လည်ကြည့်ရှုခြင်း၊ ရိုးရာယဉ်ကျေးမှုအကများ ဖြင့် ဖျော်ဖြေမည်ဟု လည်း သိရသည်။



