ရွေးကောက်ပွဲတွင်အနိုင်မရရှိခဲ့ခြင်းက မဲဆန္ဒရှင်ပြည်သူအများစု မဲပေးခွင့်ဆုံးရှုံးမှုကြောင့်ဖြစ်ဟု ဒေါက်တာတင်မာအောင် ဆို

ရွေးကောက်ပွဲတွင်အနိုင်မရရှိခဲ့ခြင်းက မဲဆန္ဒရှင်ပြည်သူအများစု မဲပေးခွင့်ဆုံးရှုံးမှုကြောင့်ဖြစ်ဟု ဒေါက်တာတင်မာအောင် ဆို
by -
ထွန်းခိုင် (နိရဥ္စရာ)
photo-  Dr. Tin Mar Aung (Facebook)
photo-  Dr. Tin Mar Aung (Facebook)

ရွေးကောက်ပွဲတွင် အနိုင်မရရှိခဲ့ခြင်းက မဲဆန္ဒရှင်ပြည်သူအများစု မဲပေးခွင့်ဆုံးရှုံးမှုကြောင့်ဖြစ်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တောင်ကုတ်မြို့နယ်၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဒေါက်တာတင်မာအောင်က ပြောသည်။

“ကျွန်မရှုံးနိမ့်ရတာတစ်ခုကတော့ မဲဆန္ဒရှင်အများစုပေါ့။ တစ်သိန်းနှစ်သောင်းက မဲပေးခွင့်မရှိဘူး။ ဒါကြောင့် မဲဆန္ဒရှင်အားလုံးရဲ့ ဆန္ဒမဟုတ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်မတို့အနေနဲ့ စည်းရုံးရေးဆင်း တာကလည်းနောက်ကျတယ်။ နောက်တစ်ခုက ကျမတို့ရဲ့ပါတီ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဟာ တတိယအကြိမ်အနေနဲ့ ၂၀၁၇ ခုနှစ်မှာမှ မှတ်ပုံတင်ခဲ့တယ်။ လူအများစုကတော့ ရခိုင်ပါတီကို ပေးချင်စိတ်ရှိပါတယ်။ ဒါပေမယ့် သူတို့သိတဲ့ပါတီက ရခိုင် အမျိုးသားပါတီကိုပဲ သိပါတယ်။ နောက်တစ်ခုအနေနဲ့ ကျမတို့ရဲ့အားနည်းချက်ကတော့ ကိုယ်ရဲ့အကြောင်းကို ကိုယ်သေသေချာချာပြောနိုင်တာထက် ကောလဟာလတွေကို ကျမတို့က ရှင်းနေရတဲ့အတွက်ကြောင့် ကျမတို့ရဲ့ စည်းရုံးရေးအဆင့် ကလည်း အများကြီးအဆင့်ကို မရောက်နိုင်ဘူး။ အဲဒါတွေကတော့ အဓိကအချက်လို့ ကျွန်မထင်ပါတယ်” ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်တွင် မြို့နယ်ကိုးခုတွင် ရွေးကောက်ပွဲလုံးဝကျင်းပနိုင်ခဲ့ခြင်းမရပဲ မြို့နယ်လေးခုတွင်လည်း တစိတ်တပိုင်း ကျင်းပနိုင်ခဲ့ခြင်းမရှိရာ တောင်ကုတ်မြို့နယ်မှ ရပ်ကွက် ၁၀ ခုနှင့် ကျေးရွာအုပ်စု ၅၂ အုပ်လည်း ပါဝင်ခဲ့သည်။

ထိုသို့ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း ၎င်းအားမဲပေးခဲ့သော ပြည်သူများကို အထူးကျေးဇူးတင်ကြောင်း ဒေါက်တာတင်မာအောင်ကပြောသည်။

၎င်းအနေဖြင့် နောက်တစ်ကြိမ်ရွေးကောက်ပွဲဝင်ရန်မသေချာသော်လည်း ၂၀၂၅ ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအောင်နိုင်ရေးအတွက် ပြန်လည်တည်ဆောက်မည်ဟုဆိုသည်။

“အခုက ပါတီဟာ ပြန်ပြီးတော့ တည်ဆောက်နေရတဲ့အတွက်ကြောင့် ကျွန်မတို့ကလည်း ပါတီတည်ဆောက်ရေးမှာ ဆက်လက်ပြီး ကြိုးစားသွားမှာပါ။ ကျွန်မအနေနဲ့ ၂၀၂၅ မှာ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ်။ မယှဉ်ပြိုင်ဘူးဆိုတာကို အတိအကျပြောလို့မရသေးဘူး။ အခြေအနေအရပါ။ ဘာဖြစ်လို့လည်းဆိုတော့ ငါးနှစ်တာကာလဆိုတာက အမျိုးစုံ ပြောင်းလဲသွားနိုင်တဲ့အတွက်ကြောင့်မို့လို့ ၂၀၂၅ ကျတော့မှာပဲ ကျွန်မရွေးကောက်ပွဲ ဝင်မယ်၊ မဝင်ဘူးဆုံးဖြတ်မှာဖြစ်ပါတယ်။ အခု ကျမကတော့ လုပ်အားပေးလူငယ်တွေရဲ့ တက်ကြွမှု၊ သူတို့ရဲ့ ဒေသအတွက် တကယ်ကို မှန်မှန်ကန်ကန်ဖြစ်စေချင်တဲ့ဟာကို သတိထားမိပါတယ်။ အဲဒီအတွက်ကို သူတို့အတွက် နိုင်ငံရေးနဲ့ပတ်သက်တဲ့ သင်းတန်းတွေလုပ်မယ်။ ကျန်တဲ့မြို့နယ်တွေမှာလည်း ကျွန်မအနေနဲ့ တတ်နိုင်သလောက် ကူညီသွားမယ်လို့တော့ ရည်မှန်းထားပါတယ်” ဟု ဒေါက်တာတင်မာအောင်က ပြောသည်။

၎င်းအပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်လည်း ငါးနှစ်တွင်တစ်ကြိမ်သာ မဲပေးပိုင်ခွင့်ရှိသော ပြည်သူများအနေဖြင့် မဲပေးခွင့်မဆုံးရှုံးရအောင် ရွေးကောက်ပွဲမကျင်းပဖြစ်ခဲ့သော နယ်မြေများအား ရွေးကောက်ပွဲကို အမြန်ဆုံးကျင်းပပေးစေချင်ကြောင်း ပြောသည်။

ဒေါက်တာတင်မာအောင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိအဖြစ် လူသိများသူဖြစ်ပြီး ယခုနှစ်ရွေးကောက်ပွဲတွင် ၎င်း၏ဖခင်တည်ထောင်ခဲ့သည့် ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

June 30, 2021
Kachin Independence Army (KIA) attacked the 21st-mile gate in upper Mayan village at the...
June 30, 2021
Anti-coup protests continue in Haungpar village-tract in Hpakant Township in Kachin State...
June 30, 2021
Universities will start receiving the enrollment of students for distance education for the 2021...
June 29, 2021
At least seven vaccinated persons are among more the 100 newly-infected persons in Arakan State...