ပလက်ဝတွင် ညီအစ်ကိုနှစ်ဦးကို စစ်တပ်ကဖမ်းဆီး

ပလက်ဝတွင် ညီအစ်ကိုနှစ်ဦးကို စစ်တပ်ကဖမ်းဆီး
ပုံစာ - ပလက်ဝမြို့ကို တွေ့ရစဉ်။
ပုံစာ - ပလက်ဝမြို့ကို တွေ့ရစဉ်။

(ဖမ်းဆီးခံရသူ နှစ်ဦးတွင် နို့စို့အရွယ် ကလေးများကျန်ခဲ့ပြီး ၎င်းတို့နှစ်ဦးကို အပြစ်မရှိပါက အမြန်ဆုံး ပြန်လွှတ်ပေးရန် မိသားစုက တောင်းဆိုကြသည်)

ချင်းပြည်နယ်၊ ပလက်ဝမြို့မှ ညီအစ်ကိုနှစ်ဦးကို အောက်တိုဘာလ ၁၃ ရက်နှင့် ၁၄ ရက်နေ့တို့တွင် မြန်မာစစ်တပ်၏ တပ်ဖွဲ့ဝင်များက နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးသွားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ပလက်ဝမြို့၊ ပလုပ်တောင်ရပ်ကွက်မှ ကိုခိုင်ဆန်းဖြိုး (၂၅ နှစ်) အား အောက်တိုဘာလ ၁၃ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ၎င်း၏အစ်ကိုဖြစ်သူ ညောင်ပင်ကုန်းရပ်ကွက်မှ ဦးစောလှ (၃၀ နှစ်) အား အောက်တိုဘာလ ၁၄ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။

အင်အား ၂၀ ခန့်ရှိသည့် မြန်မာစစ်တပ်၏ တပ်ဖွဲ့ဝင်များသည် ယမန်နေ့ (အောက်တိုဘာလ ၁၃ ရက်) ညနေ ၉ နာရီခန့်တွင် နေအိမ်သို့  ဧည့်စာရင်းလာစစ်စဉ် ကိုခိုင်ဆန်းဖြိုးကို ဖမ်းဆီးခေါ်‌ဆောင်သွားခြင်းဖြစ်သည်ဟု ဇနီးဖြစ်သူ မခိုင်သန်းဝေက DMG ကိုပြောသည်။

“ရပ်ကွက်လူကြီးတွေတော့ မပါဘူး။ အိမ်ထဲဝင်ပြီးဖမ်းတာပါ။ ဘာလို့ဖမ်းလည်းဆိုတာလည်း တစ်ခုမှမပြောခဲ့ပါ။ ဧည့်စာရင်းလာစစ်တာလို့ပြောပါတယ်။ ဆိုတော့ စာရွက်ပြလိုက်တယ်။ အိမ်ထောင်စုစာရင်းလည်း ပြလိုက်တယ်။ ပထမ သူ့အစ်ကို ဦးစောလှ အိမ်မှာရှိလားမေးတယ်။ ထပ်ပြီး ခိုင်ဆန်းဖြိုးရှိလား ခဏခေါ်ပေးပါပြောပြီး သူအိပ်ရာကထလာတာ မြင်တာနဲ့ ခဏလာခဲ့ပါအုံးပြောတယ်။ လူအားလုံးဝိုင်းပြီး လက်ပြန်ကြိုးတုပ်ကာ ခေါ်သွားတယ်။ မေးစရာရှိလို့ ခဏလေးခေါ်သွားမယ်ဆိုပြီး ပြောခဲ့တယ်”ဟု ၎င်းကပြောသည်။

ကိုခိုင်ဆန်းဖြိုးတွင် ၁ နှစ်အရွယ် သားတစ်ဦးရှိပြီး မိသားစုမှာ ၎င်းကိုမှီခိုနေရသည့်အတွက် အပြစ်ရှိလျှင်လည်း ဥပဒေအရအရေးယူပြီး အပြစ်မရှိလျှင်လည်း အမြန်ဆုံးပြန်လွှတ်ပေးစေလိုကြောင်း မခိုင်သန်းဝေက ဆက်၍ပြောသည်။

“အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်။ အပြစ်ရှိတယ်ဆိုရင်လည်း တရားဥပဒေအရ အပြစ်ပေးတာကိုခံပြီး အပြစ်မရှိဘူးဆိုရင်လည်း ကျွန်မယောကျ်ားကို ပြန်လွှတ်ပေးစေချင်ပါတယ်။ ဒီလိုမျိုး ဖမ်းထားတာကို ကျွန်မကြောက်မိပါတယ်။ ကလေးတစ်ယောက်နဲ့ ဘာလုပ်လို့ လုပ်ရမှန်း မသိတော့ပါဘူး”ဟု ၎င်းကဆိုသည်။

ထို့ပြင် ဦးစောလှကိုလည်း ယနေ့ (အောက်တိုဘာလ ၁၄ ရက်) နံနက် ၅ နာရီအချိန်က ၎င်း၏နေအိမ်မှ လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း ၎င်း၏ဇနီးဖြစ်သူက DMG ကိုပြောသည်။

“ဒီနေ့ မနက် ၅ နာရီကျော်လောက်က အိမ်ကိုလာပြီး ဖမ်းတာပါ။ ဘာဖြစ်လို့ ဖမ်းလဲဆိုတာလည်း မပြောခဲ့ပါ။ စစ်ဆေးစရာရှိတယ်။ ပထမ အဖေနာမည်ကိုခေါ်တယ်။ ထလာတော့ ထပ်ပြီး ကိုဦးစောလှ ရှိလားမေးတယ်။ နိုးပြီးထလာတော့ တခါတည်းလက်ထိပ်ခတ်ပြီး ခဏလေး စစ်ဆေးစရာရှိလို့ခေါ်တာပါတဲ့။ အပြစ်မရှိရင် ပြန်လွှတ်ပေးမှာပါလို့ပြောခဲ့တယ်”ဟု ဦးစောလှ၏ ဇနီးဖြစ်သူကဆိုသည်။

ကိုဦးစောလှတွင် ၇ နှစ်အရွယ်သမီးတစ်ဦးနှင့် ၈ လသားအရွယ် သမီးနှစ်ဦးရှိကာ ၎င်းကို အမြန်ဆုံး ပြန်လွှတ်ပေးစေလိုကြောင်း ဇနီးဖြစ်သူက တောင်းဆိုသည်။

“ကျွန်မမှာ ၇ နှစ်အရွယ် သမီးတစ်ယောက်နဲ့ ၈ လသားအရွယ် သမီးနှစ်ယောက်လည်းရှိတယ်။ ယောက်ျားလုပ်တာကို ထိုင်စားနေကြရတာပါပဲ။ သူ မရှိရင် ဘယ်လိုအဆင်ပြေပါ့မလဲ။ အခုက လမ်းပန်းဆက်သွယ်ရေးလည်းမကောင်း၊ ကုန်စျေးနှုန်းတွေကလည်း အစစအရာရာ စျေးကြီးနေတာ။ သူတို့နှစ်ယောက်စလုံးကို ခလရ ၂၈၉ တပ်ရင်းကို ခေါ်သွားတာပါ”ဟု သူကပြောသည်။

ပလက်ဝမြို့နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်နေ့ကလည်း ကျောင်းဆရာတစ်ဦးနှင့် ဒေသခံတစ်ဦးကို မြန်မာစစ်တပ်၏ တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့သည်။

ရခိုင်ပြည်အတွင်းနှင့် ပလက်ဝမြို့နယ်တို့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တကျော့ပြန် တိုက်ပွဲဖြစ်ပွားလာမှုနှင့်အတူ အရပ်သားများမှာလည်း သံသယဖြင့် ဖမ်းဆီးခံရမှု မြင့်တက်လာနေသည်။

Military junta forces during operations. Photo: Myanmar Defence Weapons (File Photo)
September 12, 2026
Arakan Army (AA) forces have captured three Myanmar military outposts in Laymyethna Township...
September 11, 2026
An elderly displaced woman was killed early Friday when Myanmar military forces launched a drone...
September 11, 2026
Heavy artillery exchanges between Myanmar’s military regime and the Arakan Army (AA) have...
CINCDS / Military junta naval exercise.
September 10, 2026
A major military offensive aimed at retaking territory in western Myanmar’s Rakhine State has...