မန္တလေးတွင် အိမ် ၃၀၀ ခန့် ကျူးကျော်ဟု စွပ်စွဲကာ ဖြိုချခံရ

မန္တလေးတွင် အိမ် ၃၀၀ ခန့် ကျူးကျော်ဟု စွပ်စွဲကာ ဖြိုချခံရ

မန္တလေးတိုင်း ဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ လူနေအိမ် အလုံး ၃၀၀ ခန့်ကို စစ်ကောင်စီက ကျူး ကျော်များဟုဆိုကာ ဖြိုချဖျက်ဆီးသွားသည်ဟု ရပ်ကွက်အတွင်းနေထိုင်သူများက ပြောသည်။

ပြည်ကြီးတံခွန်မြို့နယ်၊ ၄၉ လမ်းအရှေ့ဘက်ခြမ်း ရွှေမန်းလမ်း၊ (ဋ) ရပ်ကွက် ဇီးအုပ်ကွက်သစ် အပိုင်း-၂၊ ရထားလမ်းနှင့် တာရိုးဘေးရှိ လူနေအိမ် ၃၀၀ ခန့်ကို စစ်ကောင်စီမှ ကျူးကျော်ဟုဆိုကာဖြိုချဖျက်ဆီးသွားခြင်း ဖြစ်သည်။

“ဘာမှမတတ်နိုင်ဘူးပေါ့။ မြေကွက်က မခိုင်မာပေမယ့် ပေါက်ဈေးအတိုင်း ပေးဝယ်ခဲ့ ရတာပါ။ အစကပြန်ကြိုးစားရမှာပေါ့” ဟု ဋ-ရပ်ကွက်တွင် နေထိုင်သည့် ကိုကျော်ထက်က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ လက်အောက်ခံ စည်ပင်ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပျူစောထီး အဖွဲ့ ဝင်များ အင်အား ၁၀၀ ကျော်ခန့် ကား ၅ စီးဖြင့် ရောက်ရှိလာပြီး နိုဝင်ဘာလ ၁၅ရက်နေ့နှင့် ၁၆ ရက်နေ့တို့တွင် ၂ ရက်တာအတွင်း ဘူဒိုဇာများဖြင့်ထိုးကာ ဖျက်ဆီးနေခြင်း ဖြစ်သည်ဟု ရပ်ကွက်နေပြည်သူများက ပြောသည်။

စစ်ကောင်စီက ဖျက်သိမ်းလိုက်သည့် ပြည်ကြီးတံခွန် ဋ-ရပ်ကွက်မှာ ကျူးကျော်မဟုတ်ပဲ ၁၉၉၈ ခုနှစ် နောက် ပိုင်း နဝတအစိုးရမှ လယ်သမားများထံမှ သိမ်းယူကာ အကွက်ရိုက် ရောင်းစားခဲ့သောမြေများဖြစ်သည်ဟု မြေပိုင်ရှင်များက ပြောသည်။

အဆိုပါ မြေကွက်များအား မူလမြေပိုင်ရှင်များထံမှ လက်ရှိနေထိုင်သူများက ပေါက်ဈေးအတိုင်း ပေးဝယ်ခဲ့ရ သည်ဟု ပြောသည်။

ထိုမှတဖန် ၂၀၁၀ ခုနှစ် နောက်ပိုင်း ဦးသိန်းစိန် အစိုးရလက်ထက် တိုင်းအဆင့်ဆွေးနွေးပွဲများ ပြုလုပ်ပြီးသည့် နောက်တွင် ပုသိမ်ကြီးမြို့နယ် ပိုင်နက်အတွင်းမှ ခွဲထွက်ကာ ပြည်ကြီးတံခွန်မြို့နယ်

တိုးချဲ့ရပ်ကွက် ဋ-ရပ်ကွက် ဟူ၍ ပြောင်းလဲ သတ်မှတ်ခဲ့ပြီး ယခုလက်ရှိ အိမ်ခြေ ၅၀,၀၀၀ ခန့်ရှိသည်ဟု သိရသည်။

“ကျနော်တို့ကို ပိုင်ဆိုင်မှုပြပါဆိုတော့ ပိုင်ဆိုင်မှုဆိုတာက အဆင့်ဆင့် လုပ်ယူရတာလေ။ ဋ-ရက်ကွက်ကိုနေ ပြည်တော်တိုင်းက တိုးချဲ့ရပ်ကွက်ဆိုပြီး တရားဝင်ချပေးပြီးသား။ မီးတိုင်တွေလည်း သွယ်ထားပေးတယ်။ အများစုကတော့ပိုင်ဆိုင်မှု အထောက်အထား မရှိကြပေမယ့် ဂရမ်ရှိတဲ့ အိမ်တွေကရှိတယ်” ဟု ဋ-ရပ်ကွက် တွင် နေထိုင်သည့် ကိုဝင်းတင်က ပြောသည်။

အလားတူ ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့တွင်လည်း ပြည်ကြီးတံခွန် ဋ-ရပ်ကွက်၊ အပိုင်း ၇ ရှိ ပုံစံ ၁၀၅ အမည် ပေါက် အိမ်ခြေ ၃၀၀ ခန့်ကို စစ်ကောင်စီက ဂရမ်မရှိဟုဆိုကာ ဖြိုချဖျက်ဆီးခဲ့သေးသည်။

ထို့အပြင် နိုဝင်ဘာလ ၉ ရက်နေ့တွင်လည်း အိုးဘိုနှင့် သရဲဈေး ဘူတာကြားရှိ လူနေအိမ် ၂၀၀ ခန့်ကို စစ်ကောင်စီ က ကျူးကျော်ဟုဆိုကာ ဖျက်ဆီးခဲ့သေးသည်ဟု ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးတိုင်းဒေသကြီးအတွင်း ကျူးကျော်ဟုဆိုကာ ဖြိုချဖျက်ဆီးခဲ့ သည့် အိမ်ပေါင်း ၁၀,၀၀၀ နီးပါးခန့်ရှိပြီဟု ဒေသခံများက ပြောသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်း ယခု လူနေအိမ် ဖျက်ဆီးခံနေရသည့် နေရာဒေသများသည် ယခင်က NLD ထောက်ခံမှု အားကောင်းသည့် မြို့နယ်များ ဖြစ်သောကြောင့် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ

အငြိုးထား ဖျက်ဆီးနေခြင်း ဖြစ်သည်ဟု နေအိမ်ဖျက်ဆီးခံရသည့် ပြည်သူများက ပြောဆိုနေကြသည်။

A displacement camp near the Chin State-India border.
September 12, 2026
Nearly 180,000 people displaced by armed conflict in Myanmar’s western Chin State are in...
September 11, 2026
The Myanmar military has launched a major multi-front offensive codenamed "Operation 4926"...
September 10, 2026
The Arakan Army (AA) has advanced within artillery range of two major junta defense equipment...
September 9, 2026
A deliberate junta airstrike on a civilian area in Ye-U Township, Sagaing Region, killed seven...