သမိုင်းထဲက မှူးဇော် (ခေါ်) ဦးဇော်ဌေး၏ ပြောကြားချက်များ

သမိုင်းထဲက မှူးဇော် (ခေါ်) ဦးဇော်ဌေး၏ ပြောကြားချက်များ

(ပုဂ္ဂလိကအမြင် တင်ပြခြင်းသာ ဖြစ်ပါသည်)  

ရိုဟင်ဂျာသွေးစည်းညီညွှတ်ရေးအဖွဲ့ဝင်များအမည်ခံ ရိုဟင်ဂျာအကြမ်းဖက်သမားများ လက်နက်များဖြင့်  နယ်စပ်ကိုဖြတ်ကျော်လာကြောင်းသိရှိရပါသည်။ ပြည်ပမှ ရိုဟင်ဂျာများ ဝင်လာခြင်းဖြစ်ပါသည်။ မိမိတပ်များမှ ကြိုတင်သတင်းရရှိထားပြီး  ဖြစ်သောကြောင့် အပြီးတိုင် ချေမှုန်းသွားမည်ဖြစ်ပါသည်။ ချေမှုန်းနေပြီဟု ယူဆပါသည်။  

ဤအတွက်တော့ လူသားချင်းစာနာထောက်ထားမှုတွေ၊ လူ့အခွင့်အရေးတွေ လာမပြောစေလိုပါ။ ရွှေပြည်အေးတရားတွေမေတ္တာရှင်ကြီးလိုလို  လာပြီး ဆရာကြီးမလုပ်ကြစေလိုပါ။ အသံကောင်းမဟစ်ကြစေလိုပါ။  

( ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော ဒေသများကို သွားကြည့်ပါ။ ကျွန်တော်တို့တိုင်းရင်းသားတွေ ကျီးလန့်စာ စားနေရတဲ့အပြင် ကိုယ့်မြေ၊ ကိုယ့်ရေမှာ လုံခြုံမှုမရှိတော့တဲ့ ဘဝရောက်နေကြရပြီ။ ဒီအတွက် ကျွန်တော်ရင်နာမိတယ်။ ဒါကျွတ်တော်တို့ တိုင်းပြည်လေ -   ဒါကျွန်တော်တို့ မြေလေ)   

( အားလုံးကို ဆိုလိုပါသည်။) နိုင်ငံရေးပါတီများ ၊ လွှတ်တော်အမတ်များ၊Civil Society များ၊  အမြဲတမ်းအတိုက်အခံလုပ်နေရမှ   ကျေနပ်နိုင်သော သမ္မတကြီးနှင့် အစိုးရအပေါ် မကောင်းပြောရမှ စားရင်းအိပ်ပျော်ကြသူများ၊ အားလုံးကိုတိုက်ရိုက်ရည်ညွှန်း ပြောကြားခြင်းဖြစ်ပါသည်။"    

သူ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားခဲ့ဖူးသောစာ   

 ------------------------------------------   

“ ပြန်ကြားရေးကနေပြီးတော့ သတင်းတွေ၊ ဖြစ်စဉ်တွေ ထုတ်ပြန်ပေးနေတယ်။ အခြေအနေက အရပ်သားနဲ့အကြမ်းဖက်သမားနဲ့ ရောယှက်နေတယ်။ ဒီမှာကတော့ ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူမှာပဲ။ သူတို့ကတိုက်ခိုက်လာရင်တော့ ကျွန်တော်တို့က ရွှေပြည်အေးတရား ဟောလို့ မရဘူး။ အပြန်အလှန်ပစ်ခတ်တာတွေလည်း ဖြစ်မယ်။ လူသေဆုံးမှုတွေကို ကျွန်တော်တို့ ထုတ်ပြန်ပေးနေတယ်”

၂၀၁၆ ရခိုင်ဒေသ နယ်မြေရှင်းလင်းရေးတွင် အရပ်သားများ သေဆုံးမှုအတွက်  MyanmarNow၏ ဆက်သွယ်မေးမြန်းချက်အပေါ် ၂၀၁၆ အောက်တိုဘာ ၁၀ရက်   ပြန်လည်ဖြေကြားမှု။  

 ------------------------------------------     

“ ဒီဖြစ်စဉ်ဖြစ်ပွားမှုအခြေအနေပေါ့၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ပြဿနာပေါ့။ ၂ဝ၁၅-၁၆ ကာလမှာ အစိုးရသစ်လက်ထက်မှာ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုတွေကို အလေးထားပြီးတော့ နှိမ်နင်းနေတယ်။ နှိမ်နင်းတဲ့အခါမှာ ရခိုင်ပြည်နယ် မောင်တော-ဘူးသီးတောင်မှာ စိတ်ကြွဆေးပြား ပေါင်း ၁၂ဝ,ဝဝဝ ကျော် ဖမ်းဆီး ရမိတယ်။ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူတွေကို မကြာခဏ ဖမ်းဆီး၊ အရေးယူပြီး အမှုဖွင့်တယ်။ မူးယစ်ဆေးဝါးနဲ့ ဖမ်းဆီးအရေးယူတဲ့အခါမှာ စီးပွားရေးတွေက အထိနာမှုတွေ ဖြစ်လာတယ်။ နံပါတ်(၂)အခြေအနေက အစိုးရသစ်လက်ထက်မှာရခိုင်ပြည်နယ်အရေးကိစ္စနဲ့ပတ်သက်လို့ ကိုင်တွယ် ဖြေရှင်းတဲ့အခါမှာ အကြံပေးကော်မရှင် ကိုဖီအာနန်ဦးဆောင်တဲ့ အဖွဲဖွဲ့တယ်။ တစ်ချိန်တည်းမှာပဲ ရခိုင်ပြည်နယ်အခြေအနေ တိုးတက်လာအောင်၊ လူသားချင်း စာနာထောက်ထားမှု၊ လူ့အခွင့်အရေး တိုးတက်လာအောင် ဆောင်ရွက်တယ်။ ဆောင်ရွက်တဲ့အတွက် နိုင်ငံတကာမှာ မြန်မာနိုင်ငံအပေါ် ဖိအားတွေလျော့ကျလာတယ်။ ကုလသမဂ္ဂက ကျွန်တော်တို့နိုင်ငံကို လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ သီးခြား ခေါင်းစဉ် တစ်ရပ်အနေနဲ့ ဆွေးနွေးပြီးတော့ ဖိအားပေး တိုက်တွန်းတဲ့ကိစ္စတွေကို ဒီနှစ်မှာ မတင်တော့ဘူး ပေါ့။ ဒီအစီအစဉ်တွေကို ဖြုတ်သိမ်းမယ်ဆိုတဲ့ သဘောတွေ ကြေညာလာတာ ရှိတယ်။ လက်ရှိ တိုက်ခိုက်မှုဖြစ်တဲ့အချိန်က ကုလသမဂ္ဂမှာ ဒီကိစ္စတွေကိုဆွေးနွေးနေတဲ့အချိန်လည်း ဖြစ်တယ်။ ပြည်တွင်းမှာလည်း ရခိုင်ပြည်နယ်ကိစ္စ ထိလွယ်ရှလွယ်ဖြစ်တယ် ဆိုသော်လည်းပြည်တွင်းပြည်ပ ဟန်ချက်မျှအောင်ပေါ့နော်၊ တစ်ဖက်မှာလည်း ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ သင့်တင့် ကောင်းမွန်တဲ့ ဆက်ဆံရေး ထားရှိပြီးတော့ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ဖို့ လုပ်နေတယ်။ ဒီကိစ္စက အစိုးရသစ် လက်ထက်မှာ ကြီးမားတဲ့ဖိအား မဟုတ်နိုင်တော့ဘူး။ နိုင်ငံမှာ ရင်ဆိုင်နေရတဲ့ ကျန်တဲ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး စတဲ့ ကိစ္စတွေ အားလုံးထဲက တစ်ခုလို့ နိုင်ငံတကာက လက်ခံလာတယ်။ အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတွေ ရလာတယ်။ ပြီးတော့ အခုဖြစ်တဲ့ ကိစ္စကကြိုတင် ကြံစည်ပြီးတော့ဆောင်ရွက်တဲ့သဘော ဖြစ်တယ်။ ရဲစခန်းနေရာ ၃ နေရာကို တစ်ချိန်တည်း၊ တစ်ခါတည်းတိုက်ခိုက်တယ်။ စစ်ဆင်ရေး သဘောအရ ဆိုရင်တော့ အရုဏ်ဦးစစ်ဆင်ရေးလို့ ခေါ်နိုင်တယ်။ နံနက်ဝေလီဝေလင်းမှာတိုက်ခိုက်တယ်ဆိုတာက စစ်ရေးလှုပ်ရှားမှု သဘောတရား ဆန်တယ်။ ဒီမှာရှိတဲ့ ရဲစခန်းရဲကင်းတွေရဲ့ လုံခြုံရေးအခြေအနေအားလုံးကို စနစ်တကျ စုံစမ်း ထောက်လှမ်း ပြီးတော့ တိုက်ခိုက်လာတဲ့ တိုက်ခိုက်မှု ဖြစ်တယ်၊ သာမန်တိုက်ခိုက်မှု မဟုတ်ဘူးပေါ့။ မူးယစ်ဆေးဝါးနှိမ်နင်းလာလို့ စီးပွားရေးတွေ ကျပ်တည်းလာလို့ လူတွေ အဖမ်းဆီးခံရလို့အမှုတွေ အဖွင့်ခံရတယ်။ အဲဒီအပြင် နိုင်ငံတကာဖိအား၊ ပြည်တွင်းဖိအားတွေ လျော့လာတယ်။ အဲဒီအပြင် အစိုးရ၊တပ်မတော်နဲ့ ပြည်ထဲရေးနဲ့ စနစ်တကျဖြစ်လာတဲ့ အပေါ်မှာ ပြဿနာရှာတဲ့ သဘောမျိုးလို့ ယူဆတယ်။”  

ရခိုင်ဒေသရဲစခန်းများ တိုက်ခိုက်ခံရမှုဖြစ်စဉ်က အဘယ်ကြောင့်ဖြစ်သလဲဟူသော မေးမြန်းချက်အပေါ် Myanmar Now၏ ဆက်သွယ်မေးမြန်းချက် အပေါ် ၂၀၁၆ အောက်တို ဘာ ၁၀ရက်   ပြန်လည်ဖြေကြားမှု။  

 ------------------------------------------     

“ မုသားများနဲ့ Framing လုပ်ထားတဲ့ ကမ္ဘာကြီးမှာ အမှန်တရားကို သက်သေပြနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ အချိန်တော့ ယူရပါလိမ့်မယ် ”

 ။စက်တင်ဘာလ ၆ ရက်၊ ၂၀၁၇ ခုနှစ်က မောင်တော အမှတ် (၄) ရပ်ကွက်တွင် ရိုဟင်ဂျာများကိုယ့်အိမ်ကိုယ်မီးရှို့သည်ဆိုသော သတင်းတုကိုသူ၏အကောင့်တွင်လည်းပြန်လည်ဝေမျှခဲ့ပြီး ဦးဇော်ဌေး၏  ၂၀၁၇ စက်တင်ဘာ၉ရက် တွစ်တာအကောင့်တွင် ရေးသားချက်။  

 ------------------------------------------   

“ကျွန်တော်တို့က တပ်မတော်နဲ့ အစိုးရနဲ့ အရမ်းကြီးပေါင်းပြီး EAOs ကို လှည့်မကြည့်ဘူး၊ အဲ့လိုလည်း မရဘူး။ EAOs နဲ့လည်း အရမ်းကြီးပေါင်းပြီး တပ်ကို လှည့်မကြည့်လို့ မရဘူး။ အစိုးရက ဒီမျှခြေကို ထိန်းရတာပါ”

 ၂၀၁၇ မေလ ၂၇ရက်တွင် နေပြည်တော်ရှိ MICC- တွင် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်အစိုးရ၏ ရပ်တည်ချက်အား ပြောကြားမှု။  

------------------------------------------   

“ ၂၀၁၈ခုနှစ် ဇူလိုင်၂၃ရက်နေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရာဗူးမြို့မှာ  AAနဲ့ARSA တို့ အစည်းအဝေးလုပ်တယ်လို့ သတင်းရတယ်။ ဖြစ်နိုင်ခြေတစ်ခုက နယ်မြေခွဲခြားတာ၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် မေယုတောင်ကျောရဲ့ အနောက်ဘက်ခြမ်းက  ARSAလှုပ်ရှားရာနယ်မြေ၊ မေယုတောင် အရှေ့ဘက်ခြမ်းက AAလှုပ်ရှားရာနယ်မြေ ခွဲတယ်လို့Sourceတစ်ခုက သတင်းရတယ်။ နောက် Sourceတစ်ခုကကျတော့ AA ရော ARSA ရော ဘုံစီးပွားရှိတယ်။ အဲဒါဘာလဲမူးယစ်ဆေး ၊ မူးယစ်ဆေးဝါးက ရတာနဲ့ AA နဲ့ ARSA ပူးပေါင်းပြီးတော့ မေယုခရိုင်ကို ARSA ကို ပေးလိုက် ၊ ကျန်တဲ့ရခိုင်ပြည်ပေါ့နော် ရခိုင် နိုင်ငံတော်ဆိုတဲ့ ပုံစံမျိုးနဲ့ AA က လုပ်မယ်ဆိုတဲ့ sourse တစ်ခုက ရတယ်၊ တစ်ခုကတော့ ဟိုဘက် ဒီဘက် မဟာမိတ်ပြုပြီးတော့ ပေါင်းပြီးတော့ ဟန်ချက်ညီ တိုက်ဖို့တစ်ခု၊ နောက်တစ်ခုကတော့ ပေါင်းပြီး တော့တစ်ခါတည်း တိုက်တဲ့ပုံစံပေါ့နော်၊ ဒီလိုမျိုး ပူးပေါင်းပြီးတော့တိုက်တယ်၊ တချို့လည်း အခု လူမှုကွန်ရက်မှာလည်း ဝေဖန်နေတယ် AA တစ်ဖွဲ့တည်းမဟုတ်ဘူး ARSA ပါ ပါတယ်ဆိုတဲ့ဟာမျိုးရှိ တယ်၊ မြေပြင် အောက်ခြေသတင်းတွေမှာလည်းကျနော်တို့ရထားတာ sourse က နှစ်ခုဖြစ်နေ တယ်ပေါ့နော်၊ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရာမူးမြို့မှာ AA နဲ့ ARSA တို့ ဆွေးနွေးညှိနှိုင်းချက်တွေကနေ ဖြစ်လာတဲ့အကျိုးဆက်တွေလို့ မြင်တယ်၊ AA ကို ကျနော်တို့ မေးချင်တယ် ဘာ့အတွက် ဒီလိုမျိုးလုပ်နေတာလဲ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လာချင်ရင် ငြိမ်းချမ်းရေး ကော်မရှင်က ခေါ်ထားပြီးသား AAနှင်ARSAပူးပေါင်းနေသည်ဟု ၂၀၁၉ ဇန်နဝါရီ ၇ရက် သတင်းစာရှင်းလင်းပွဲမှ စွပ်စွဲချက်။  

 ------------------------------------------       

"နောက် AA ကို ထောက်ခံတဲ့ ရခိုင်တိုင်းရင်းသားတွေကိုလည်း ကျနော် ပြောချင်တယ်၊ AA ကြောင့် ရခိုင်ပြည်နယ်ကောင်းကျိုးထက် ဆိုးကျိုး ဘယ်ဟာများမလဲ သုံးသပ်ဖို့ လိုတယ်၊ နောက်တစ်ခုက ပွင့်ပွင့်လင်းလင်းပြောချင်တယ်၊ထောက်ခံမှုက အမျိုးမျိုးရှိတယ်။ အဲထောက်ခံမှုတွေကို ရပ်တန်းကရပ်ဖို့ ပြောချင်တယ်။  နို့မို့ဆို ရခိုင်ပြည်နယ် နောင်လာမယ့်ဆယ်စုနှစ်များစွာအတွင်းမှာ  ဒီလိုစစ်ပွဲသံသရာလည်သွားတာကို မြင်ချင်လားမေးချင်တယ်။  မဟာဗျူဟာကစားပွဲလိုဖြစ်နေတဲ့နေရာ ရခိုင်ပြည်နယ်ဆိုတာ၊ နိုင်ငံကြီးတွေက စိတ်ဝင်စားမှုအများကြီးရှိတယ်။ ဒီလှည့်ကွက်ထဲ ရခိုင်တိုင်းရင်းသားတွေ မသိနားမလည်ဘဲ ရခိုင်ပြည်သူတွေပါသွားမလား စိုးရိမ်တယ် "

 ရခိုင်တိုင်းရင်းသားများလည်းAA ကိုမထောက်ခံရန် ၂၀၁၉ ဇန်နဝါရီ ၇ရက် သတင်းစာရှင်းလင်းပွဲမှ ပြောကြားချက်။  

  -----------------------------------------------------------------------------------------------------------------------------  

“နိုင်ငံတော်အစိုးရအနေဖြင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ လုံခြုံဘေးကင်းစေရေးကို ထိပါးနှောက်ယှက်သည့် လုပ်ဆောင်ချက်မှန်သမျှကို ထိရောက်သော ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေး (Effective Counter-Insurgency Operations) ဆောင်ရွက်သွားမည်”  

 AA နှင့်ဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေများနှင့်ပတ်သက်၍  ၂၀၁၉ ခုနှစ်   ဇန်နဝါရီ ၁၉ ရက် နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် အိမ်တော်သတင်းထောက်များနှင့်တွေ့ဆုံစဉ်  ဦးဇော်ဌေးက ပြောကြားချက်။  

-----------------------------------------------------------------------------------------------------------------------------  

အခု ဒီမနက် ကျွန်တော်တို့ ဒီမှာ အစည်းအဝေးလုပ်တဲ့ အချိန်မှာလည်း ကျွန်တော်တို့ လူကြီးတွေ အစည်းအဝေး လုပ်ပါတယ်။ ဆိုလိုတာက ကျွန်တော်တို့ဆီက ဒီကိစ္စနဲ့ ပတ်သက်လို့ အထူးအလေးထားပါတယ်။ အထူးအလေးထားတယ် ဆိုတာက ရခိုင်ကိစ္စက အရင်တုန်းကတော့ မြောက်ပိုင်းကိစ ္စတစ်ခုထဲပေါ့။ အခုဟာက ကျန်တာတွေ ကူးစက်ပြီးတော့ဖြစ်လာတဲ့ အနေအထားအသစ်က ရခိုင်ပြည်နယ်အတွက်ရော၊ ကျွန်တော်တို့ ပြည်ထောင်စုအတွက်ရော စိုးရိမ်စရာအနေအထား ဖြစ်လာတယ်။ လုံခြုံရေးအရရော၊ ဖွံ့ဖြိုးရေးအရရော နောက် ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ ကူးပြောင်းရေးအရပါ စိုးရိမ်စရာ အနေအထားတွေ ဖြစ်လာတယ်။ အဲဒီအပေါ်မှာတော့ လူကြီးတွေ ပြန်လည်သုံးသပ်ပြီးတော့ အကောင်းဆုံး လုပ်ပါလိမ့်မယ်။ သူတို့လည်း ဆွေးနွေးညှိနှိုင်းနေတာတွေ ရှိပါတယ်။ ဒါကတော့ ဖြစ်ပေါ်လာတဲ့ အခြေအနေမျိုးအပေါ် မူတည်ပြီးတော့ ဆုံးဖြတ်မှာပေါ့။ ၁၄၄ ထုတ်တာက ဒေသန္တရ အာဏာပိုင်တွေက ထုတ်ခွင့်ရှိပါတယ်။ ဥပဒေအရပေါ့။ သူ့ရဲ့ဒေသအတွင်းမှာ အခြေအနေ အကြောင်းကြောင်းအပေါ် မူတည်ပြီးတော့ ကန့်သတ်ချက်တွေ လုပ်လို့ရတယ်။၁၄၄ အရ။ ဒါတွေကတော့ ဒီအပေါ်မှာ ထုတ်တဲ့အပေါ်မှာ ပြည်နယ်အစိုးရ သက်ဆိုင်ရာ ဒေသမှာရှိတဲ့ အုပ်ချုပ်ရေးတာဝန်ရှိတဲ့သူတွေပေါ့၊ သူတို့ရဲ့ တင်ပြချက်တွေ၊ သူတို့ရဲ့ အကြံပြုချက်တွေ မူတည်ပြီး လုပ်သင့် မလုပ်သင့်ကတော့ဖြစ်လာမှာပါ။ အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးနေတယ်။ တစ်ဖက်မှာ အဲဒီလိုကြေညာချက်တွေနဲ့ ဆန့်ကျင်ပြီးတော့ ဒီလိုမျိုး တိုက်လာတဲ့အပိုင်းပေါ့။ အဲဒီအပေါ်မှာ ကျွန်တော်တို့ ဒီဘက်က တပ်မတော်ရော၊ အစိုးရဘက်ကရော ဒီအပေါ်မှာ ပြန်သုံးသပ်တယ်။ သုံးသပ်ပြီးတော့ အဲဒါဆိုရင်တော့ AA အနေနဲ့ ဒီငြိမ်းချမ်းရေးပေါ့၊ အပစ်အခတ်ရပ်စဲရေးနဲ့ငြိမ်းချမ်းရေးကိုသွားဖို့ ကတိပြုဖို့ လိုတယ်ဆိုတဲ့အမြင်နဲ့ ကတိကဝတ်ပြုဖို့ လိုတယ်ဆိုတဲ့ဟာ ဖြစ်သွားတာ”

 ရခိုင်အခြေအနေနှင့် ပတ်သက်ပြီး ၂၀၁၉၊ မတ် ၁၁ရက်၊ NRPC အစည်းအဝေးအပြီးတွင် ပြောကြားချက်မှ  

------------------------------------------      

အဓိကကတော့NRPC ပေါ့နော်။ NRPC PC. ( ငြိမ်းချမ်းရေးကော်မရှင်) အနေနဲ့ ဒီသုံးဖွဲ့ ( AA.TNLA MNDAA ) ပါဝင်ရေးကို အဓိကထားပြီး လုပ်တာဖြစ် တယ်။ အရင်တုန်း က သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာ ငြိမ်းချမ်းရေးလုပ်ခဲ့တယ်။NCAလက်မှတ်ရေးထိုးခါနီးမှာ ဒီသုံးဖွဲ့ပါဝင်နိုင်ရေးမှာ အငြင်းပွားမှုတွေဖြစ်ပြီး ကျန်အဖွဲ့တွေ ကျန်ခဲ့တဲ့သဘောရှိတယ်။အဲဒီတော့ အားလုံးပါဝင်နိုင်ရေးဆိုတဲ့ မူနဲ့ NCA   ကြောင့် ကျန်ခဲ့တာမဟုတ်ဘူး။  အားလုံးပါဝင်နိုင်ရေးမှာ သဘောတူညီချက်မရတဲ့အတွက် ကျန်ခဲ့တာလို့ ပြန်ကြည့်ရင်လည်း သိနိုင်တယ်။ ဒီဘက်အစိုးရလက်ထက်မှာတော့ ငြိမ်းချမ်းရေးဖြစ်စဉ် ပြန်ပြီးစတဲ့အခါ   AA. TNLA. MNDAA ဒီသုံးဖွဲ့စလုံး NCAလက်မှတ်ထိုးဖို့ လက်မှတ် ထိုးဖို့လက်ခံ ထားပြီးပြီ။NCAထိုးဖို့ ညှိနှိုင်းတဲ့အဆင့်ရောက်သွားပြီ။ ရောက်နေတဲ့အချိန်မှာ ငြိမ်းချမ်းရေးကော်မရှင်နဲ့ဆွေးနွေးတယ််။ ဆွေးနွေးတဲ့အခါမှာ အရင်တုန်းက ကျွန်တော်တို့ပြောနေတဲ့ စတိတ်မန့်ထုတ်ရေးပေါ့။ သုံးဖွဲ့က ကြော်ညာချက်ထုတ်တယ်။ ဒီလိုထုတ်တဲ့အပေါ်မှာ PC ကနေ ကြိုဆိုကြောင်း ကြေညာချက်ထုတ်တယ်။ အဲဒီအပေါ်မှာ မူတည်ပြီးတော့  ကျွန်တော်တို့တပ်မတော်ကနေပြီးတော့  အပစ်ရပ်လေးလကြေညာတဲ့ ကြေညာချက်တွေ ထွက်လာတယ်။ ဒါတွေက ဒီသုံးဖွဲ့အခြေတည်ပြီးတော့  ဆွေးနွေးညှိနှိုင်းလာတဲ့ အကျိုးဆက်တွေလို့ပြောလို့ရတယ်။  အဲဒီအချိန်မှာ NCAရေးထိုးဖို့  ညှိနှိုင်းနေတဲ့အချိန်  ပြီးရင်နောက်တစ်ကြိမ်Bilateral( နှစ်ဦးနှစ်ဖက် အပစ်ရပ်သဘောတူစာချုပ်)ကိုပေါ့နော်။  ရေးထိုးနိုင်ဖို့  ညှိနှိုင်းနေတဲ့ အချိန်မှာပဲ မမျှော်လင့်ဘဲ ဇန်နဝါရီ ၄ရက်နေ့ ဒီတိုက်ခိုက်မှုဖြစ်စဉ် ( AA က ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်းတိုက်ခိုက်တဲ့ဖြစ်စဉ်) က ဖြစ်လာတယ်ပေါ့။ ဆိုလိုတာက ဒီတိုက်ခိုက်မှုဖြစ်စဉ် ဖြစ်တဲ့အချိန်က လွတ်လပ်ရေးနေ့လည်းဖြစ်တယ်။ ဖြစ်လာတော့ ဒီအပေါ်မှာ ကျွန်တော်တို့က NCAကို မလာနဲ့  မထိုးနဲ့လို့ ပိတ်ပင်ထားတာ မဟုတ်ဘူး။NCA ထိုးဖို့ ညှိနေတဲ့ အချိန်မှာ  ဒါမျိုးတွေ ဖြစ်လာတယ်ပေါ့။ သို့သော်လည်း အစိုးရကတော့ နှစ်ပိုင်းခွဲပြီးလုပ်တယ်။တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း ပိတ်မထားဘူး။ ဆက်ပြီး ဆွေးနွေးမယ်။ တစ်ဖက်မှာလည်း ဒီဒေသတည်ငြိမ်အေးချမ်းရေးအတွက်  အစိုးရတစ်ရပ်အနေနဲ့  တာဝန်ရှိတဲ့အလျှောက် ဆောင်ရွက်ခြင်းဖြစ်တယ်ပေါ့။ ဒီလိုမျိုး ခွဲမြင်ဖို့ လိုတယ်”

AA ကို တပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး   AAကို ဒေါ်အောင်ဆန်းစုကြည်မှ အမြစ်ပြတ်ချေမှုန်းဖို့ ညွှန်ကြားထားပြီးနောက် တိုက်ပွဲများပြင်းထန်နေသည်ဆိုသည်နှင့် ပတ်သက်ပြီး  မေးမြန်းချက်ကို  ၂၀၁၉ခုနှစ်မတ် ၂၂ရက် အင်တာဗျူးတွင်  ဖြေကြားချက်။  

 ------------------------------------------     

“ ရခိုင်ပြည်နယ်ကတော့ ဒုဥက္ကဌ ( NRPC  ဒုဥက္ကဌ ‌ ဒေါက်တာတင်မျိုးဝင်း ) လည်း ပြော သွားပြီးပြီ။ ဒါဟာ အဖြူရောင်နယ်မြေဖြစ်တယ်။  လက်နက်ကိုင်တပ်ဖွဲ့ အခြေစိုက်ခဲ့ခြင်းမရှိဘူး။ ရှိခဲ့တဲ့ ALP တို့ဆိုတာကလည်း ဘင်္ဂလားဒေ့ရှ် ဟိုဘက်အခြမ်းမှာ။  အခုAA တို့ ALPဌာနချုပ်ကိုသိမ်းတယ်ဆိုတာကလည်း ဘင်္ဂလားဒေ့ရှ် ဘက်အခြမ်း၊ ဆိုတော့ ဒီရခိုင်ပြည်နယ်ထဲမှာ အခြေစိုက်နေထိုင်တာ မဟုတ်တဲ့အတွက် ကျွန်တော်တို့ကတော့ ဒီအဖွဲ့အစည်းတွေရောက်လာတဲ့အတွက်  အစိုးရကတော့ လုပ်သင့်လုပ်ထိုက်တဲ့ ငြိမ်းအေးရေးနဲ့ လုံခြုံရေးကို ဆောင်ရွက်နေတာဖြစ်ပါတယ်။ ကျွန်တော်တို့ လုပ်တဲ့အခါက သောင်းကျန်းသူ နှိမ်နင်းရေးစစ်ဆင်ရေးပေါ့။ အဲဒါကို  ကျွန်တော်တို့က   ထိထိရောက်ရောက်ဆောင်ရွက်မယ်ဆိုတာလည်း ထုတ်ပြန်ပြီးပါပြီ။  အခုတပ်မတော်ကလည်း အဲဒါလုပ်နေတယ်။  ဆိုလိုတာက ဒီတပ်ဖွဲ့တွေဘယ်တပ်ဖွဲ့တွေ ဘယ်နေရာမှာရှိသင့် ၊ မရှိသင့် ဆိုတဲ့ အပေါ် ဖြစ်တာမဟုတ်ဘူး။ အဓိကအခုဖြစ်နေတဲ့ ပြဿနာက ဒီဒေသခံတွေကို ဒုက္ခရောက်စေတဲ့ ပြဿနာက အခုမြောက်ဦးဆိုရင် တကယ့် ကမ္ဘာလှည့်ခရီးသည်တွေ  လွတ်လွတ်လပ်လပ် သွားလာခဲ့တဲ့နေရာတွေ။ ဒီနေရာတွေပါ တိုက်ပွဲတွေက ကျယ်ပြန့်လာတဲ့ သဘောဖြစ်တယ်။ဒီအပေါ်မှာလည်း အစိုးရက လုပ်သင့်လုပ်ထိုက်တာကို လုပ်သွားမှာဖြစ်ပါတယ်။ “

 AAက ရခိုင်ပြည်နယ်အတွင်း အခြေချလာမှုနှင့် မြောက်ဦးပစ်ခတ်မှုဖြစ်စဉ်များအပေါ် ၂၀၁၉ မတ်၂၂ရက် အင်တာဗျူးတွင် ဖြေကြားချက်။    

-----------------------------------------------------------------------------------------------------------------------------      

“ ကျွန်တော်တို့ မြန်မာနိုင်ငံဆိုရင် နိုင်ငံတကာအသိုင်းအဝိုင်းမှာ ကျွန်တော်တို့ ပုံရိပ်က  နိုင်ငံ့ဂုဏ်သိက္ခာနဲ့ ပုံရိပ်က အရမ်းကျဆင်းနေတယ်။ ဒါတွေကို ကျွန်တော်တို့ပုံရိပ်ကို ပြန်ပြီးတော့ ပုံရိပ်တက်လာအောင် လုပ်တဲ့အခါမှာ နိုင်ငံရေးပါတီတွေက ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်စေချင်တယ်။ အစိုးရကိုပဲ လက်ညှိုးထိုးပြီးတော့ ပြောနေတာထက်စာရင်နိုင်ငံတကာကိုလည်း အထောက်အကူပြုအောင်ပေါ့။ ပြောပေးသင့်တယ်လို့ ကျွန်တော်မြင်တယ်။ ဒါက ဒီအစိုးရအတွက်မဟုတ်ဘူး။ နိုင်ငံ့အတွက် ပြည်သူတွေအတွက်လို့ ကျွန်တော်တို့က မြင်တယ်။ ကျန်တာတွေကတော့ ဝေဖန်မှုတွေကတော့ပြုမှာပေါ့။ ပြုပေမယ်လို့ အစိုးရအနေနဲ့ အကောင်းဆုံး လုပ်နေတယ်။ တချို့လည်း ခက်ခဲတဲ့ အနေအထားတွေရှိတာ မှန်တယ်။ နိုင်ငံတကာမှာဆို တော်တော်လေး ခက်ခဲတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီလိုမျိုး၊ လူ့အခွင့်အရေးကောင်စီလိုမျိုး။ ဒီလိုမျိုးနောက်ဆုံး Independent InvestigationMechanism ဆိုတာ ဒေါ်လာ ၂၆ သန်းပေးထားပြီးသား။ ဝန်ထမ်းပေါင်း ၆၂  ဦး ခန့်ထားပြီးသား။ အဲဒီ Mechanism က ဘယ်ကနေလာလဲဆိုတော့  First Finding MissionReport ကနေထွက်လာတာ။ အကြံပြုချက်၊ လူ့အခွင့်အရေး ကောင်စီကနေ ခွင့်ပြုလိုက်တယ်။ ဘက်ဂျက်လည်း ချပေးလိုက်ပြီ။  ဝန်ထမ်းတွေလည်း ခန့်ပြီးသွားပြီ”

 ၂၀၁၉၊ မေ ၃၁ရက် နိုင်ငံတော်အစိုးရ တတိယတစ်နှစ်တာကာလသတင်းစာရှင်းလင်းပွဲမှ  

 ------------------------------------------     

“ ဒီအနေအထားမှာတော့ ခက်ခဲတဲ့ အနေအထားကို နားလည်ဖို့လိုတယ်။ ဆိုလိုတာက အရင်တုန်းက အခြေအနေနဲ့ မတူတော့ဘူး။ အရင်တုန်းက နိုင်ငံတကာအခြေအနေနဲ့ အခု နိုင်ငံတကာ အခြေအနေ မတူတော့ဘူး။ Balance of Power ကအရမ်းကို ပြောင်းလဲသွား ပြီ။ ဒီပြောင်းလဲသွားတဲ့ အနေအထားမှာ  မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကနိုင်ငံတကာနယ်ပယ်မှာ တော်တော်ကျယ်ပြန့်တယ်။ ဒီအပေါ်မှာ နိုင်ငံရေးပါတီတွေက ပြည်ခိုင်ဖြိုးတင်မဟုတ်ဘူး။နိုင်ငံရေးပါတီတွေက နိုင်ငံ့အရေးလို့တွေးပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့။ ပိုပြီးတော့ Positive ဆောင်တဲ့ လုပ်ဆောင်မှုတွေ လုပ်ပေးဖို့တော့ ကျွန်တော်တို့ကတော့ တိုက်တွန်းချင်တယ်”

၂၀၁၉၊ မေ ၃၁ရက် နိုင်ငံတော်အစိုးရ တတိယတစ်နှစ်တာကာလသတင်းစာရှင်းလင်းပွဲမှ       

------------------------------------------     

နိုင်ငံတော်အစိုးရအနေနဲ့ ဒီလမ်းကြောင်းက ဖြစ်လာနိုင်တယ်ဆိုတာကို လွန်ခဲ့တဲ့တစ်နှစ်ထဲက ကြိုတင်ခန့်မှန်းမိပါတယ်။ဒီကိစ္စအတွက်လည်း ဆောင်ရွက်စရာရှိတာတွေ ဆောင်ရွက်နေပါတယ်။  မြန်မာနိုင်ငံက ထုတ်ပြန်ထားတဲ့ ကွန်ဒင်းရှင်း၊နောက်ICJရဲ့ လုပ်ပိုင်ခွင့်၊ သူ့ရဲ့ လုပ်ထုံးလုပ်နည်းပေါ့နော် ။ ဒါက နိုင်ငံတကာဥပဒေနဲ့ ဆက်စပ်မှုရှိပါတယ်။  မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာဥပဒေကြောင်းအရ  တုံ့ပြန်ဆောင်ရွက်သွားမယ်။  နောက်ကင်တားနား အာဂျင်တီးနားတရားစွဲတဲ့ ကိစ္စကတော့ ၂၀၁၂ ကနေ ၂၀၁၈ ကာလအထိ ယူထားတယ်။  ဒီအပေါ်မှာတော့ ဘာမှတုံ့ပြန်သွားဖို့မရှိဘူး။ ICCနိုင်ငံတကာရာဇဝတ်ခုံရုံးက  ခွင့်ပြုလိုက်တဲ့ ကိစ္စနဲ့ ပတ်သက်လို့တော့  မြန်မာနိုင်ငံဟာICC ဖွဲ့စည်းရေးစာချုပ်မှာ  လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံမဟုတ်တဲ့အတွက် ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ပါဘူး။ အခုလောလောဆယ်မှာတော့ ပြည်ပက စိတ်ချယုံကြည်ထိုက်တဲ့လူတွေပါဝင်တဲ့ သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် ICOEဖွဲ့စည်းထားပါတယ်။အဲဒီICOEကလည်း စုံစမ်းစစ်ဆေးဆဲ ဖြစ်ပါတယ်။  နောက်တစ်ဘက်မှာလည်း တပ်မတော်က စုံစမ်းစစ်ဆေးရေးခုံရုံးCourt of Inquiryဆိုတာဖွဲ့ပြီး ဆောင်ရွက် နေပါတယ်။ ကျနော်တို့  ပြည်တွင်း မှာ ဒီလိုမျိုး စုံစမ်းစစ်ဆေးမှုတွေပေါ့။မြန်မာနိုင်ငံအနေနဲ့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ တတိယအချက်အနေနဲ့  ဒီစုံစမ်းစစ်ဆေးမှုကနေပြီးတော့  ကျွန်တော်တို့ IOEC စုံစမ်းစစ်ဆေးချက်က  Report ထွက်မယ်။  စစ်ဆေးချက်ကနေပြီးတော့ တေါ့ရှိချက်တွေ ထွက်လာမယ်။နောက်အချက်က တပ်မတော်က Court of Inquiry ပေါ့နော်။  စုံစမ်းစစ် ဆေးရေးခုံရုံးက တွေ့ရှိချက်တွေရှိတယ်ဆိုတာလည်း သူတို့ ထုတ်ပြန်ထားတယ်ပေါ့။ ဒီလိုမျိုး ချိုးဖောက်မှုဆိုင်ရာ လုပ်ဆောင်ချက်တွေ ရှိတယ်ဆိုရင် ကျွန်တော်တို့အစိုးရအနေနဲ့ ဥပဒေအရ အရေးယူသွားမယ်”

ICJကိစ္စရပ်နှင့် စပ်လျဉ်းပြီး ၂၀၁၉ခုနှစ် နိုဝင်ဘာ၁၅ရက် သတင်းစာရှင်းလင်းပွဲမှ ပြောကြားချက်။  

------------------------------------------       

အရပ်သားတွေကို အကာအကွယ်ယူပြီး တိုက်ခိုက်မှုတွေ လုပ်တယ်၊ အရပ်သား အယောင်ဆောင်ပြီး တိုက်ခိုက်မှုတွေ လုပ်တယ်၊ အရပ်သားတွေကို တမင်ထိအောင် လုပ်နေတာက အေအေက လုပ်နေတာ၊ ဒါမျိုးလုပ်တဲ့အဖွဲ့ကို နှိမ်နင်းတဲ့အခါမှာတပ်မတော်အနေနဲ့ ထိခိုက်မိတာတွေ ရှိတယ်၊ သူရည်ရွယ်ချက် ရှိရှိ လုပ်တာမဟုတ်ဘူး၊ ဒါတွေနဲ့ပတ်သက်လို့လည်းတပ်မတော်ဘက်က လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ သူတို့လုပ်တယ်၊ အရပ်သား သေဆုံးမှုတွေနဲ့ပတ်သက်ရင် စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ကျနော်တို့ သိရတယ်၊ အရပ်သားဟန်ဆောင်ပြီး အရပ်သားတွေ သေဆုံးထိခိုက်အောင်လုပ်တာ အေအေလုပ်တာ၊ ဒီလိုမျိုး မျှမျှတတ မရှိတဲ့၊ မမျှတတဲ့ အချက်တွေ ပါတဲ့ သူ့ရဲ့စုံစမ်းစစ်ဆေးမှုကိုတော့ ကျနော်တို့က ဘက်လိုက်မှု ရှိတယ်၊ မျှတမှုမရှိဘူးလို့ ဒီလိုပဲ ကျနော်တို့က မြင်ပါတယ်။"

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ပါမောက္ခ ယန်ဟီးလီရဲ့ နောက်ဆုံး ထုတ်ပြန်ချက်နှင့်ပတ်သက်၍ မေလ ၂ ၊ ၂၀၂၀ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားချက်။  

------------------------------------------      

မေလ ၉ ရက်နေ့မှာ တပ်မတော်က ထုတ်ပြန်ပါတယ်။ ထုတ်ပြန်တာကတော့ မေလ ၁၀ ရက်နေ့ကနေ ဩဂုတ်လ ၃၁ ရက်နေ့အထိ ceasefire ကြေညာတာဖြစ်ပါတယ်။ သို့သော်လည်းပဲ ကမ္ဘာ့နိုင်ငံကြီးတွေပေါ့နော် ဆောင်ရွက်သလိုပဲ တကယ့်အကြမ်းဖက်အဖွဲ့အစည်း တွေလို့ကြေညာထားတဲ့ အနေအထားတွေကို အဲဒီနေရာတွေတော့မပါဘူး။ ခြွင်းချက်နဲ့ပဲပေးတယ်။ ဆိုတော့ ကျနော်တို့နိုင်ငံမှာ ပြည်တွင်းအကြမ်းဖက် တိုက်ဖျက်ရေးဥပဒေအရကြေညာထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းနှစ်ဖွဲ့ရှိတယ် ARSA နဲ့ AA နဲ့။ ဒီအဖွဲ့တွေကတော့ ဒီ humanitarian-ceasefire မှာ ဘာကြောင့်မပါလဲဆိုတော့ ဒီအဖွဲ့တွေက အကြမ်းဖက်လုပ်ရပ်တွေဖြစ်တယ်၊ အရပ်သားပြည်သူတွေ အတော်လေးထိခိုက် နစ်နာတာ တွေရှိတယ်။"

အပစ်ခတ်ရပ်စဲရေးမှာ AA အဖွဲ့ကို ချန်လှပ်ထားရတာနဲ့ပတ်သက်ပြီး ၂၀၂၀ မေ ၁၆ ရက်၊ နေပြည်တော် အွန်လိုင်းကနေသတင်းစာရှင်းလင်းပွဲတွင် ပြောကြားချက်။  

-----------------------------------------------------------------------------------------------------------------------------     

ကျွန်တော်တို့ အခုညှိနေတဲ့ထဲမှာ ခွဲမထွက်ရဆိုတာ မပါတော့ဘူး။ တစ်စည်းတစ်လုံးတည်းနေဖို့အတွက် စုပေါင်းဖော်ဆောင်ဖို့ တာဝန်ရှိတယ်ဆိုတဲ့ ပုံစံမျိုး စဥ်းစားတယ်။ 'ခွဲမထွက်ရ' ဆိုတဲ့ စကားလုံးအစား 'စုပေါင်းဖော်ဆောင်ရန်တာဝန်ရှိသည်' ဆိုတဲ့ စကားလုံးကို သုံးနှုန်းခဲ့ပါတယ်”  

 ၂၀၂၀ သြဂုတ် ၁၃ တွင် ကျင်းပခဲ့သည့်  (၉) ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှ ပြောကြားချက် ။  

-----------------------------------------------------------------------------------------------------------------------------    

“အဲတော့ အခု ရခိုင်မှာလည်း ဒီလို COVID-19 စစ်တွေမှာပေါ့၊ ဖြစ်လာ တယ်။ ဟိုဘက်မှာ မောင်တောဘက်မှာ ယခင်တွေ့ခဲ့တာတွေနဲ့ပေါင်းရင် ရခိုင်တစ်ပြည်နယ် အားလုံးပေါင်း COVID-19 Positive က ၃၅ ယောက် (သြဂုတ် ၂၁ ရက် မွန်းလွဲပိုင်း စာရင်း) ရှိနေပြီ။ ဒါကိုတော့ ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားတွေ၊ ပြည်သူတွေရဲ့ အကျိုးအတွက်ပေါ့၊ ဒီအချိန်ကာလမှာ အကြမ်းဖက် တိုက်ခိုက်တာတွေ၊ ချောင်းမြောင်း တိုက်ခိုက်တာတွေ၊ ဖမ်းဆီးတာတွေပေါ့၊ အဲတာမျိုး ဆက်လုပ်ရင်တော့ လူမဆန်တဲ့ လုပ်ရပ်ဖြစ်လိမ့်မယ်။ လူမဆန်တဲ့ လုပ်ရပ်တွေ မလုပ်ပါနဲ့။ ကျွန်တော်တို့ အဲ့တာကို အလေးအနက်ပြောချင်တယ်။ သတိလည်း ပေးပါတယ်။ COVID-19 ကပ်ရောဂါ စိုးရိမ်ရ တဲ့ အနေအ ထားမျိုးမှာ အကြမ်းဖက် လုပ်ရပ်တွေ ဆက်ပြီးတော့ မလုပ်ပါနဲ့။ လုပ်ရင်လည်း တပ်မတော်ကတော့ ကျွန်တော်တို့ကတော့ အစိုးရကနေ ပြောထားပြီးသားဖြစ်တယ်။ အကြမ်းဖက်နှိမ်နှင်ရေး စစ်ဆင်ရေး ဆောင်ရွက်ဖို့ ပြောထားပြီးသား ဖြစ်တယ်။ ဖြစ်တော့ AA ရဲ့ လှုပ်ရှားမှုတွေက ဘယ်လို ဖြစ်လာလည်း ဆိုတော့ ကျွန်တော်တို့ တစ်ဖက်မှာ KIA+3 ပေါ့၊ သူတို့နဲ့ တွေ့ဆုံဆွေးနွေးတဲ့ ဟာတွေကတော့ Positive တွေ ပြောတယ်။ ကြေညာချက်တွေ ထုတ်နေတယ်။ အပစ်ရပ် ကြေညာချက်တွေ ထုတ်တယ်။ သို့သော်နေ့တိုင်း၊ နေ့တိုင်းပေါ့၊ ချောင်းမြောင်းပစ်တာ၊ အဓမ္မ ဖမ်းဆီးတာတွေပေါ့နော်၊ သံဃာတွေကအစ ဖမ်းဆီးတဲ့ ဖြစ်စဉ်တွေဖြစ်လာတယ်ပေါ့။ ဒါက တော်တော်လေးကို ရှက်ဖို့ကောင်းတဲ့ ကိစ္စပေါ့။ ရွံ့ရှာဖို့ကောင်းတဲ့ကိစ္စ ဖြစ်တယ်လို့ ကျွန်တော်တို့ကတော့ သတိပေး ပြောကြားလိုပါတယ်။ အဓိက ပြောချင်တာက AA အပါအဝင် ပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ ဒီကပ်ရောဂါ ကျရောက်တဲ့အချိန် ဖြစ်လာပြီပေါ့။ အဲဒီအတွက် ရခိုင်ပြည်နယ်ကို ကျွန်တော်တို့က တော်တော်လေးကို စိုးရိမ်ပါတယ်။ စိုးရိမ်ပြီးတော့ အလေးထားပြီးတော့လည်း ကျွန်တော်တို့ လုပ်နေတယ်။ ဖြစ်နိုင်ခြေရှိတဲ့ ဆက်စပ်မှုနဲ့အဲဟာတွေလည်း ကျွန်တော်တို့ အထူးကြပ်မတ်ပြီးတော့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်”

မြောက်ပိုင်းလေးဖွဲ့နှင့်ပတ်သက်ပြီး ၂၀၂၀ခုနှစ်   သြဂုတ် ၂၁ ရက်က နေပြည်တော်ရှိ MICC-1 ၌ ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ရာစုပင်လုံ စတုတ္ထအစည်း အဝေး ညီလာခံ တတိယနေ့ အပြီးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ ပြောကြားချက်။  

------------------------------------------     

“ AAအဖွဲ့က ဖမ်းဆီးထားတာနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် ယခင် သတင်းစာရှင်းလင်းပွဲတွေမှာလည်း ပြောခဲ့ပါတယ်။အစိုးရအနေနဲ့ ငြိမ်းချမ်းရေးတံခါးက ဖွင့်ထားပါတယ်။ အဲဒီတော့ AA ခေါင်းဆောင် တွေအနေနဲ့ တကယ့်တွေဆုံပြီးအဖြေရှာတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ပေါ့။ ငြိမ်းချမ်းရေး လမ်းစဉ်ကို တကယ်လိုလားလား၊ မလိုလား ဘူးလားဆိုတာကို သူတို့ကိုယ်တိုင် ပြန်ဆန်း စစ်ဖို့လိုပါတယ်။ အဲဒီတော့ ဆန်းစစ်ပြီးတာနဲ့ ဘယ်နည်းလမ်းက ရခိုင်ပြည်နယ်အတွက် ရော၊ပြည်ထောင်စုအတွက်ရောကောင်း မွန်မလဲဆိုတာကို သူတို့ ဆုံးဖြတ်ဖို့လိုတယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင် ပြဿနာတွေကြီးထွားလာမယ်။ နောက်တစ်ချက်က  AA အနေနဲ့ ပြည်ပကအဖွဲ့အစည်းတွေ၊ အစိတ်အပိုင်းတွေ အဲဒါတွေနဲ့ပူးပေါင်းပြီးအကူအညီပေးတာတွေ ရပ်ဆိုင်းဖို့ လိုတယ် ပေါ့။ ပြောရရင်တော့ ကိုယ့်ပြည်ထောင်စု သားအချင်းချင်း၊ ပြည်နယ်အစိုးရအဖွဲ့တွေ၊ ပြည်နယ်ထဲက အင်အားစုတွေ၊ ပြည်ထောင် စုရဲ့ အင်အားစုတွေနဲ့အတူပူးပေါင်းဆောင် ရွက်ရေးကိုရှေးရှုဦးတည်သင့်တယ်လို့ ပြော လိုပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ ပြန်ပြီးတော့ သမိုင်းကြောင်းကို ပြန်ကြည့်ကြ ရင် ပြည်သူတွေကိုယ်တိုင် ကိုယ်ရဲ့ ကိုယ်စား လှယ်လောင်းကို စိတ်ကြိုက်ဆန္ဒမဲနဲ့ ဆုံးဖြတ် ခွင့်ရတာ မကြာသေးဘူး။ဆုံးဖြတ်ပိုင်ခွင့်က  ကျွန်တော်တို့ပြန်ရတာ မကြာသေးဘူး။မကြာ သေးဘူးပေါ့နော်။ အဲဒီတော့ ဒီမိုကရေစီမှာ အရေးကြီးတဲ့ အဆင့်တစ်ဆင့်ပေါ့။အခု နောက်ပိုင်းမှာ အရေးအကြီးတဲ့ အဆင့်တစ် ဆင့်ဖြစ်ပါတယ်။ရွေးကောက်ပွဲမှာ လူထုက သူ့ရဲ့ ကိုယ်စားလှယ်ကို သူကိုယ်တိုင်ကျေနပ် နိုင်တဲ့အခွင့်အရေးရလာအောင် ဆယ်စုနှစ်နဲ့ ချီပြီးတော့ စောင့်ခဲ့ရတဲ့အနေအထားဖြစ်ပါ တယ်။ ဆိုလိုတာက တစ်ဆင့်ပြီးတစ်ဆင့် ဒီမို ကရေစီကို သွားနေတဲ့အချိန်မှာ ဒီရွေးကောက် ပွဲလမ်းကြောင်းကို ပျက်ပြားအောင် မလုပ် သင့်ဘူးလို့ ကျွန်တော်တို့က ယူဆတယ်”

 AAနှင့် ပတ်သက်ပြီး ၂၀၂၀အောက်တိုဘာ၂၃ရက် သတင်းစာရှင်းလင်းပွဲမှ ပြောကြားချက်။  

------------------------------------------     

“ တပ်မတော်ရဲ့ နောက်ဆုံးထုတ်ပြန်ချက်ဟာ နိုင်ငံရေးပါတီနဲ့ လူပုဂ္ဂိုလ် တချို့ရဲ့ တိကျရေရာ သေချာမှုမရှိတဲ့ ပြောကြားချက်များကို အခြေခံထားပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေးကို အထောက်အကူမဖြစ်စေဘဲ စိုးရိမ်စိတ်တွေ၊ မတည်ငြိမ်မှုတွေ ဖြစ်စေရေးကို အားပေးရာရောက်ပါတယ်။ တပ်မတော်ရဲ့ ထုတ်ပြန်ချက်၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နဲ့   တို့တွေ့ဆုံမေးမြန်းခန်းမှာ ပြောပြချက်တွေက ဖွဲ့စည်းပုံ အခြေခံဥပဒေ၊  နိုင်ငံ့ဥပဒေများရဲ့ အနှစ်သာရနဲ့ ကိုက်ညီမှုမရှိပါ”

ဟု မဲစာရင်းမှားယွင်းမှုများနှင့် ရွေးကောက်ပွဲမှာ တရားမျှတမှုမရှိမည်ကို စိုးရိမ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က PopularNews နှင့် အင်တာဗျူးတွင် ပြောကြားချက်အပေါ်၂၀၂၀ နိုဝင်ဘာ၄ရက်တွင် သတင်းစာရှင်းလင်းပွဲတွင် တုံ့ပြန်ချက်။  

------------------------------------------      

“ ကျတော်တို့မှာ Rule of The Game က ဘာလဲဆိုတော့ ၂၀၀၈ ဖွဲ့စည်း ပုံ အခြေခံဥပဒေပဲ ဒါက ကစားပွဲ စည်းမျဉ်းပဲ ၊ ဒီGame ကစားပွဲ စည်းမျဉ်းအတိုင်းပဲ အကုန်လုံးက သွားရမှာပဲ ၊ ဒီ Game စည်းမျဉ်းအတိုင်းမသွားဘူးဆိုရင် ဒီ Game ကပျက်ပြီ။ ဟုတ်ပြီနော် ဒါတွေက ဘာဖြစ်လာမယ် ဘာဖြစ်လာမယ်ဆိုတာ ဘယ်သူမှလည်း မသိဘူး ဘယ်သူမှလည်း မပြောနိုင်ဘူး။ တချို့နေရာတွေမှာ တမင် သက်သက် ရမယ်ရှာတဲ့ဟာတွေရှိတယ်၊ တချို့နေရာတွေမှာ အချိန်ကိုက်လှုပ်ရှားတာတွေရှိတယ်။ ဆိုလိုတာက ဒီအခြေအနေတွေက ပုံမှန်မဟုတ်ဘူး၊ ပုံမှန်မဟုတ်တဲ့ အနေအထားတွေရှိတဲ့အတွက်သတိပြုကြဖို့ ကျတော်တို့ ပြောတာဖြစ်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီတွေ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ တပ်မတော်ရဲ့ အမြင်သဘောထား သုံးသပ်ချက်တွေကို အလေးအနက်ထားပြီးတော့ အချိန်နဲ့တပြေးညီ လိုအပ်သလို ပြုပြင်ဆောင်ရွက်နိုင်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေအရပြောရင် တပ်မတော်ကနေ အာဏာသိမ်းတဲ့အခြေအနေထိ ဦးတည်တဲ့အနေအထားမျိုးလို့တော့ ကျတော်အနေနဲ့ မမြင်ပါဘူး။ အရပ်ဖက် နိုင်ငံရေးခေါင်းဆောင်တွေလည်း ဒီတပ်မတော်ခေါင်းဆောင်တွေကြားမှာ ပွင့်ပွင့်လင်းလင်းညှိနှိုင်းဆွေးနွေးပြီးတော့ အမြင်သဘောထား နှီးနှောဖလှယ်ဖို့ ထင်ရှားပြသနေတယ်လို့ မြင်ပါတယ်”  

ရွေးကောက်ပွဲမဲစာရင်းအငြင်းပွားမှုနှင့် ၂၀၂၀၊ နိုဝင်ဘာ ၄ရက် သတင်းစာရှင်းလင်းပွဲမှ ပြောကြားချက်။  

------------------------------------------         

“ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ လွတ်လပ်သော အဖွဲ့အစည်းဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ကို တာဝန်ခံရမည်ဟု ဥပဒေများတွင် လုံးဝပြဋ္ဌာန်းထားခြင်းမရှိတာကို သတိပြုသင့်ပါတယ်”

ကာချုပ်မင်းအောင်လှိုင်က  ရွေးကောက်ပွဲကော်မရှင်နှင့်စပ်လျဉ်း၍ အစိုးရတာဝန်ယူရ မည်ဆိုသောဝေဖန်မှုအပေါ်  ၂၀၂၀ နိုဝင်ဘာ ၅ ရက် သမ္မတအိမ်တော်သတင်းစာရှင်းလင်းပွဲမှ တုံ့ပြန်ချက်။  

------------------------------------------       

“ ယခုအချိန်ကတည်းက ရွေးကောက်ပွဲကို တရားမျှတမှု မရှိဘူးလို့ ကြိုတင် အပြစ်တင် ဆုံးဖြတ်နေခြင်းဟာ မသင့်လျော်ကြောင်း ပြောလိုပါတယ်”  

မဲစာရင်းမှားယွင်းသည်ဟု စွပ်စွဲချက်အပေါ် ၂၀၂၀ နိုဝင်ဘာ၅ရက် သတင်းစာရှင်းလင်းပွဲမှပြောကြားချက်။  

------------------------------------------       

“နိုင်ငံတော်သမ္မတကြီးရော၊ နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ်ရော ဥပဒေနဲ့အညီ လုပ်ကိုင်ဆောင်ရွက်ခဲ့တာဖြစ်တယ်။ ဥပဒေနဲ့မညီညွတ်တာ ဘာတစ်ခုမျှလုပ်ခဲ့တာမရှိဘူး။ ပြည်သူတွေကိုလည်း ကျွန်တော်တို့အထင်အရှားပေါ့။ မီဒီယာတွေကနေတဆင့် ဒီနေရာကနေ ရှင်းရှင်းလင်းလင်း အသိပေးလိုပါတယ်။ ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်းပြောရရင်ပေါ့။ ရွေးကောက်ပွဲမှာ ရှုံးတယ်၊ ရွေးကောက်ပွဲရှုံးတဲ့ဟာကို လက်မခံနိုင်ဘူးပေါ့။ လက်မခံနိုင်တဲ့လူတွေက ဒီလိုမျိုး အမျိုးမျိုး အဖုံဖုံ ဝေဖန်ပြောကြားနေတာတွေ ဒါလည်း ပြည်သူတွေသိတယ်။ တကယ်တမ်းရွေးကောက်ပွဲနဲ့ပတ်သက်လို့ တကယ်တမ်းမဲပေးခဲ့တဲ့ပြည်သူလူထုက အသိဆုံးဖြစ်တယ်။ ဘယ်သူ့ကိုမဲပေးခဲ့တယ်တယ်၊ ဘယ်ပါတီ ကိုယ်စားလှယ်ကို မဲပေးခဲ့တယ်၊ သူတို့သိတယ်။ ပြန်ကြည့်ရင် ကျွန်တော်တို့ အခုမှမဟုတ်ဘူး။ ပြန်ကြည့်လိုက် ၁၉၉၀ ရွေးကောက် ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲ၊ အခုပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲ၊ ဒီအတိုင်းပဲ အပြတ်အသတ် နိုင်တာပေါ့။ လူထုရဲ့သဘောထား၊ ပြီးရင် လူထုရဲ့ ထောက်ခံမှုက ဒီအတိုင်းပဲ ရှိနေတာပဲ။ ဒါကိုကြည့်ရင် ရှင်းပါတယ်။ အဲဒီတော့ ကျွန်တော်တို့ပြောချင်တာက မဟုတ်မမှန်ဝေဖန် ပြောကြားနေတာတွေပေါ့၊ လုပ်နေတဲ့အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေပေါ့၊ ဒီပုဂ္ဂိုလ်တွေအနေနဲ့ ပြောရရင်တော့ ကိုယ့်နိုင်ငံရေးကိုကိုယ် ပြန်သတ်တာပေါ့။ ကိုယ့်နိုင်ငံရေးကို ကိုယ်ပြန်သတ်တဲ့ Political Suicide ပေါ့၊ နိုင်ငံရေး ဆွဲကြိုးချ တာဖြစ်လိမ့်မယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းပြောချင်ပါတယ်”

ရွေးကောက်ပွဲရလဒ်ပိုင်းနှင့် ပတ်သက်ပြီး ၂၀၂၁ ဇန်နဝါရီ ၈ရက်၊သတင်းစာရှင်းလင်းပွဲမှ ပြောကြားမှု။  

------------------------------------------       

“အဲဒီမှာ ဒီပြဋ္ဌာန်းချက်ပေါ့၊ အထူးပြုရှင်းလိုတဲ့ စကားရပ်ကတော့ နောင်လာမယ့် အထွေထွေရွေးကောက်ပွဲတစ် ရပ်ရပ်တွင် ပါဝင်ရွေးချယ်ခံမည့်သူဖြစ်ပါကဆိုတာပါပဲ။ အဲဒီတော့ နိုင်ငံတော်သမ္မတကြီးရော၊ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ရော ၂၀၂၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့ ပါဝင်ရွေးချယ်ခံမယ့်လူ တွေဖြစ်တဲ့အတွက် ဥပဒေအရ ပေးအပ်ထားတဲ့ ပါတီစည်းရုံးရေးလုပ်ငန်းတွေ၊ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေ ဆောင်ရွက်ခွင့်ရှိတယ်။ ဒီလိုဆောင်ရွက်တာဟာ ဥပဒေနဲ့ ညီညွတ်တယ်ဆိုတာ အထင်အရှားပြောလိုပါတယ်။  ဆိုလိုတာက ၂၀၁၅ ဦးတင်အေးကော်မရှင်ထုတ်ပြန်ခဲ့တဲ့ ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေလုပ်ဆောင်ခွင့်ပြုခဲ့တဲ့ ကြေညာချက်နဲ့ ဦးလှသိန်း ကော်မရှင်ကနေပြီးတော့ ၂၀၂၀ မှာ ထုတ်ပြန်ခဲ့တဲ့ ပါတီစည်းရုံးရေး၊နယ်မြေစည်းရုံးရေး ၏၊သည်မရွေး အကုန်တူတယ်။ ကွာတာက ကြေညာချက်အမှတ်၊ အချိန်ကာလကွာခြားတဲ့ရက်စွဲတွေဒါပဲကွာတယ်။ လက်မှတ်တော့ မတူဘူးပေါ့။ လက်မှတ်ကွာတယ်။ ဒါပဲကွာတယ်၊ ကျန်တာ မကွာဘူး။ အဲဒီတော့ ဘာကြောင့် ဒါကို ပြောရလဲဆိုတော့ နောက်ကျင်းမယ့် အထွေထွေရွေးကောက်ပွဲမှာ ရွေးချယ်တင်မြှောက်ဖို့ပေါ့၊ ရွေးချယ်တင်မြှောက်ခံမယ့် ပုဂ္ဂိုလ်တွေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် နိုင်ငံတော်သမ္မတသည် ခုနက ကျွန်တော်ဖတ်ပြတဲ့  ရှေ့နေချုပ်အထိ ဒါတွေလုပ်ခွင့်ရှိတယ်။ လုပ်ခွင့်ရှိတာက ဥပဒေနဲ့လည်းအညီဖြစ်တယ်ဆိုတာကို ကျွန်တော်ပြောတဲ့အပြင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ကြေညာချက်တွေကလည်းညွှန်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါအခွင့်အရေးတွေ သက်ဆိုင်ရာဥပဒေအခွင့်အရေးတွေနဲ့အညီ ဖြစ်တယ်ဆိုတာ ပြောကြားခြင်းဖြစ်ပါတယ်”

နယ်မြေစည်းရုံးရေး လုပ်ဆောင်ခဲ့ရာတွင် ချိုးဖောက်မှုရှိခဲ့သည်ဟူသော စွပ်စွဲချက်အပေါ်၂၀၂၁ ဇန်နဝါရီ ၈ရက်၊ သတင်းစာရှင်းလင်းပွဲမှ ပြောကြားချက်။  

------------------------------------------       

“နောက်အခု အပြင်မှာ၊ လူမှုကွန်ရက်မှာ၊ မီဒီယာတချို့မှာ ရေးနေသလိုပေါ့၊ တရားလွှတ်တော်ချုပ်က ဒီအမှုကို လက်ခံလိုက်ပြီဆိုတာလည်း မဟုတ်ဘူး။ Admit လုပ်၊ မလုပ်ကို ဇန်နဝါရီ ၂၉ ရက်မှာ ဆုံးဖြတ်မှာဖြစ်တယ်။ အမှုလက်ခံတာမဟုတ်သေးဘူး။ နောက်ကျွန်တော်တို့ သိရှိရသလောက်ပေါ့၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၁၅၊ ပြီးရင် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ ပုဒ်မ ၄၃ မှာ နိုင်ငံတော်သမ္မတဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရလည်းကောင်း မိမိအားအပ်နှင်းထားသည့်တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်မှု သို့မဟုတ် ကျင့်သုံးဆောင်ရွက်သည့်အနေဖြင့် ပြုခဲ့သော ပြုလုပ်မှုအတွက် မည်သည့်လွှတ်တော်၊ မည်သည့်တရားရုံးတွင် မျှဖြေရှင်းရန်တာဝန်မရှိကြောင်း ပြဋ္ဌာန်းထားတာလည်း တွေ့ရှိနိုင်ပါတယ်”

၂၀၂၁ ဇန်နဝါရီ ၈ရက်၊ သတင်းစာရှင်းလင်းပွဲမှ  

------------------------------------------        

“ အဲဒါတွေကိုကြည့်ရင် အရိပ်အကဲတော့ နည်းနည်းလေးတော့ ခန့်မှန်းနိုင်လိမ့်မယ်လို့ထင်ပါတယ်။ အပြုသဘောဆောင်တဲ့အတွက် ကောင်းမွန်တယ်လို့ရှုမြင်ပါတယ်။ အဲလိုလည်းယုံကြည်ပါတယ်။  ငြိမ်းချမ်းရေးအပါအဝင် ဆက်သွားမယ့် process တွေမှာပိုပြီးတော့ အပြုသဘောဆောင်လာမယ်။ ဆောင်လာမယ်လို့ ပြောရမယ့်အကြောင်းအရင်းတွေလည်း ကျနော့်မှာရှိတယ်။ "

စစ်ဘက်-အရပ်ဘက်ဆက်ဆံရေး အပေါ် ၂၀၂၁   ၈ရက် သတင်း စာရှင်းလင်းပွဲ တွင် ပြောကြားချက်။ 

Most read this week

May 14, 2024
အိန္ဒိယနိုင်ငံရောက် မြန်မာစစ်ဘေးရှောင်များအား ပံ့ပိုးကူညီပေးရန် လူ့အခွင့်အရေး လှုပ်ရှားသူ...
May 14, 2024
ကချင်လွတ်လပ်ရေးတပ်မတော်(KIA )စစ်ဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး Rခေါင်လွမ်း ကွယ်လွန်ခြင်းအတွက်...
May 3, 2024
စာနယ်ဇင်းလွတ်လပ်ခွင့်သည် ပြည်သူများ၏ သတင်းအချက်အလက် သိပိုင်ခွင့်နှင့် စဉ်းစားဆင်ခြင်...
May 2, 2024
အမျိုးသားများ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ခွင့်ကို စစ်ကောင်စီမှ...