ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပမည့်ရက်ကို လာမည့် ရက်ပိုင်းအတွင်းဆုံးဖြတ်မည်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပမည့်ရက်ကို လာမည့် ရက်ပိုင်းအတွင်းဆုံးဖြတ်မည်
by -
စိုးသူအောင်

 ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ တတိယအကြိမ် ဆွေးနွေးပွဲကျင်းပမည့်ရက်ကို လာမည့် ရက်ပိုင်းအတွင်း ဆွေးနွေးဆုံးဖြတ်သွား မည်ဖြစ်ကြောင်း UPDJC ဒုတိကဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်းကပြောသည်။

ကယားပြည်နယ် လွိုင်ကော်မြို့ရှိ မြို့တော်ခန်းမတွင်ယနေ့ပြုလုပ်သည့် (၁၁) ကြိမ်မြောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ဆက်ဆံရေးရုံးများ လုပ်ငန်းညှိနှိုင်းအစည်းအဝးတွင်   ပြောဆိုခဲ့ခြင်းဖြစ်သည်

“ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပနိုင်ဖို့အတွက်  ရက်သတ်မှတ်မှာက အခုလာမယ့် UPDJC ( ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ) ပြီးလိုရှိရင် JICM (NCA အကောင်အထည်ဖော်မှုဆိုင်ရာညှိနှိုင်း အစည်းအဝေး) မှာအတည်ပြုပြီး ရင်ဆက်ဆောင်ရွက်ရမှာ “ ဟု ဖဒိုစောကွယ်ထူးဝင်း ကဆိုသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဒုတိယအကြိမ်ကို ပြီးခဲ့သည့်မေ ၂၄ တွင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ၆ လတစ်ကြိမ်ပြုလုပ်ရန် အစိုးရနှင့် တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့များ သဘောတူညီထားခြင်းလည်းဖြစ်သည်။

“ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကတော့ ၆ လတစ်ကြိမ် သတ်မှတ်တဲ့အတိုင်း ဒီနှစ်မကုန်ခင် ဒီဇင်ဘာလအတွင်းမှာ ကျင်းပနိုင်ဖို့အတွက်တော့ သူကရည်ရွယ်ထားတယ် “ ဟု UPDJC ဒုတိကဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်းကပြောသည်။

သို့သော်လည်း အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကျင်းပပြီးမှ ၂၁ ပင်လုံကိုပြုလုပ်နိုင်မည်ဖြစ်ကြောင်းလည်း ၄င်းကဆိုသည်။

လက်ရှိတွင် အပစ်ရပ်လက်မှတ် (NCA) ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များအားလုံး၏နယ်မြေတွင် နို်င်ငံရေးဆွေးနွေးပွဲများကျင်းပ ပြီးစီးသော်လည်း RCSS နှင့် ALP တို့နှစ်ဖွဲ့ကျန်ရှိနေသေးသည်။

အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကျင်းပပြီးမှ သာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများမှ ရရှိလာသော အကြောင်းအရာ၊ အဆိုပြုချက်များကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် တင်သွင်းဆွေးနွေးနိုင်မည်ဖြစ်ကြောင်းလည်း  ဖဒိုစောကွယ်ထူးဝင်း ကဆိုသည်။

၂၁ ရာစုပင်လုံ ပထမအကြိမ်ညီလာခံကို ပြီးခဲ့သည့် ၂၀၁၆ခုနှစ်၊ ဩဂုတ်လကုန်ပိုင်းတွင် ကျင်းပခဲ့ပြီး၊ ဒုတိယအကြိမ်ကို ၂၀၁၇ ခုနှစ် မေလနှောင်းပိုင်းတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ ယခုတတိယအကြိမ်ကို ဒီဇင်ဘာလအတွင်း ကျင်းပရန် ရည်ရွယ်ထားခြင်လည်းဖြစ်သည်။

March 4, 2024
ရခိုင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရန်ဆွေးနွေးခြင်းမရှိကြောင်း ရက္ခိုင့်တပ်တော်(AA)၏...
February 23, 2024
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အားကစားရုံအတွင်း စစ်ကောင်စီတပ်ဖွဲ့ နှင့် ရဲတပ်ဖွဲ့တို့ အစည်းအဝေး...
February 22, 2024
တနင်္သာရီတိုင်း ၊ထားဝယ်မြို့နယ်တွင် ယမန်နေ့ဖေဖော်ဝါရီ ၂၁ ရက်က ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း...
February 21, 2024
ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်တွင် စစ်ကောင်စီတပ်စခန်းတခုသာရှိတော့ပြီး မြို့ကိုဝိုင်းထား ကြောင်း...